Home သတင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန်ဖမ်းဆီးခြင်း‌ကြောင့် မွန်ပြည်သစ်ပါတီနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ဟု KNU/KNLA-PC ဆို

နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန်ဖမ်းဆီးခြင်း‌ကြောင့် မွန်ပြည်သစ်ပါတီနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ဟု KNU/KNLA-PC ဆို

3231
‌အောက်တိုဘာ ၁၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်းမှု‌ကြောင့် မွန်ပြည်သစ်ပါတီ-NMSPနှင့် ၎င်းတို့တပ်ဖွဲ့အကြား ယမန် ‌နေ့ (‌အောက်တိုဘာလ ၁၁ရက်‌နေ့)က ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ကျောက်‌ရေတွင်းရွာနှင့် မင်းရွာကြားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA-PC ဘက်က ‌ပြောသည်။

မွန်ပြည်သစ်ပါတီ၏ နယ်‌မြေအတွင်း ၎င်းတို့၏တပ်ဖွဲ့ဝင်နှစ်ဦး တစ်ပတ်ကြာ ‌ပျောက်ဆုံး‌နေ‌ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်း ခံထား‌သော‌ကြောင့် သွား‌ရောက်‌ခေါ်ယူရာ၌ လမ်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု KNU/KNLA -PC တပ်ရင်း (၇၇၆)၏ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောစန္ဓိမာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အရင်က တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြားမှာ မနာလို ဝန်တိုမှုက‌နေ သူ့လူကိုယ်ဖမ်း၊ ကိုယ့်လူသူဖမ်းလုပ်ကြတာ။ ကျ‌နော်တို့ဘက် ဖမ်းထားရင် သွားပြန်ပို့‌ပေးတယ်။ ကျ‌နော့်က‌လေး‌တွေကို လာပို့ခိုင်းတာ တစ်ခါလည်း မပို့ နှစ်ခါလည်း မပို့နဲ့ဆို‌တော့ ကျ‌နော့်တပ်သား‌တွေကို သွား‌ခေါ်ခိုင်းလိုက်တာ။ သွားဖို့ကိုလည်း သူတို့ကိုအ‌ကြောင်းကြားလိုက်တယ်။ လမ်းမှာအပစ်ခံရ တာပဲ” ဟု ဗိုလ်မှူး‌စောစန္ဓိမာက ‌ပြောသည်။

KNU/KNALA-PC တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို မွန်ပြည်သစ်ဘက်မှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်က ပြန်လည်ပစ်ခတ်ခြင်းမရှိ‌ကြောင်း၊ ယာဉ်‌ပေါ်တွင် တပ်ဖွဲ့ဝင် ၁ဝ ဦးခန့် ပါဝင်သွားပြီး အပြင်းအထန်ထိခိုက်မှု မရှိ‌သော် လည်း ရဲ‌ဘော် ၂ ဦးမှာ ကျည်ရှပ်မှန်၍ ဒဏ်ရာအနည်းငယ်ရရှိသွား‌ကြောင်းနှင့် ကားတစ်စီးလုံးမှာ ‌သေနတ်မှန်ရာများဖြင့် ပျက်စီး‌ကြေမွသွား‌ကြောင်း ဗိုလ်မှူး‌စောစန္ဓိမာက ဆက်‌ပြောသည်။

ထိုသို့ ပစ်ခတ်မှုအဆင့်ထိဖြစ်ပွားခြင်း‌ကြောင့် နှစ်ဖက်တင်းမာမှုများ ပိုမိုပြင်းထန်လာနိုင်‌ကြောင်းနှင့် ၎င်းဖြစ်စဉ် အ‌သေး စိတ်ကို ဗဟိုသို့ တင်ပြထားပြီဖြစ်၍ နှစ်ဖက်တာဝန်ရှိ ‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ‌ဖြေရှင်းသွားရန် ‌မျှော်လင့်‌ကြောင်းလည်း KNU/KNLA-PC ဘက်က ဆိုသည်။

အဆိုပါ မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးထိန်းသိမ်းထားသူများမှာ ၎င်းပစ်ခတ်မှုဖြစ်ပွားရာ ‌ကျေးရွာ အနီးဝန်းကျင်တွင် မူးယစ် ‌ဆေးဝါးများ လာ‌ရောက်ဖြန့်ဖြူး‌ရောင်းချခြင်း‌ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်‌နေ့က ဖမ်းဆီးထားခြင်းဖြစ် ‌ကြောင်းနှင့် ၎င်းဖမ်းဆီးမှုကို အ‌ကြောင်းပြ၍ ၎င်းတို့ နယ်‌မြေအတွင်းသို့ အင်အားဖြင့် ဝင်‌ရောက်လာခြင်း‌ကြောင့် မထင်မှတ် ဘဲ ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်း‌ရေးမှူး နိုင်ကွန်းစိုက်က မွန်သတင်း‌အေဂျင်စီသို့ ‌ပြောဆိုထားသည်။

မွန်ပြည်သစ်ပါတီဘက်မှ ဖမ်းဆီးထားသူ ၂ ဦးအနက် ‌စောသူရဆိုသူမှာ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ထား‌ကြောင်း KNU/ KNLA-PC ဘက်က ‌ပြောဆိုထား‌ကြောင်း ၎င်း‌စောသူရမှ ၎င်းတို့ နယ်‌မြေအတွင်းသို့ ဝင်‌ရောက်လှုပ်ရှားခြင်းမပြုရန်လည်း အပြန်အလှန် သ‌ဘောတူထား‌ကြောင်းလည်း နိုင်ကွန်းစိုက်က ဆက်လက်‌ပြောဆိုထားသည်။

၎င်းပစ်ခတ်မှုသည် KNU/KNLA-PC တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီ သထုံခရိုင် အမှတ်(၄) တပ်ရင်း လှုပ်ရှားစစ် ‌ကြောင်းတို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုအပြီး KNU/KNLA-PC ဘက်မှ ပြန်ဆုတ်ခွာသွား ကာ ၎င်းတို့၏ ကားမှာ လက်နက်ငယ်ဒဏ်ရာများဖြင့် ပစ်ခတ်မှု ဖြစ်ပွားရာ‌နေရာတွင် ကျန်ရှိခဲ့‌ကြောင်းလည်း သိရသည်။

မွန်ပြည်သစ်ပါတီ(NMSP) နှင့် KNU/KNLA-PC နှစ်ဖွဲ့စလုံးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးထားကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည်။