Home ရွေးကောက်ပွဲသတင်း နိုင်ငံပိုင်‌ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ ‌ဟော‌ပြောထုတ်လွှင့်မည်မဟုတ်‌ကြောင်း UNDP ပါတီထုတ်ပြန်

နိုင်ငံပိုင်‌ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ ‌ဟော‌ပြောထုတ်လွှင့်မည်မဟုတ်‌ကြောင်း UNDP ပါတီထုတ်ပြန်

1688
‌အောက်တိုဘာ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီ-UNDP အ‌နေဖြင့် ၎င်းတို့ပါတီ မူဝါဒနှင့် လုပ်ငန်းစဉ်များအား နိုင်ငံပိုင်‌ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များမှတဆင့် ‌ဟော‌ပြောထုတ်လွှင့်‌တော့မည်မဟုတ်‌ကြောင်း ယ‌နေ့ (‌အောက်တိုဘာလ ၁ ရက်) ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ UNDP ပါတီ‌ဟော‌ပြောမည့် ပါတီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များအ‌ပေါ် တည်းဖြတ်မှုများပြုလုပ်ခဲ့သည့်အတွက် ပါတီအ‌နေဖြင့် အဆိုပါကိစ္စများနှင့်ပတ်သက်၍ ထိုသို့သတင်း ထုတ်ပြန် ‌ကြေညာလိုက်ခြင်းလည်းဖြစ်သည်။

UNDP ဥက္ကဋ္ဌ ဦး‌ဒေးဗစ်လှမြင့်က “ပြည်‌ထောင်စု‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်အ‌နေနဲ့နိုင်ငံ‌ရေးပါတီ‌တွေရဲ့ မူဝါဒလုပ်ငန်း စဉ်‌တွေကို တည်းဖြတ်တဲ့အလုပ်ကို မလုပ်‌စေချင်ဘူး။ ဒီလိုအ‌ခြေအ‌နေမျိုး‌တွေကို ကျ‌နော်တို့အ‌နေနဲ့ လက်ခံလိုက် မယ်ဆိုရင် ‌ရှေ့ဆက်သွားမယ့်ခရီးမှာ ကျ‌နော်တို့က ကျ‌နော်တို့မူဝါဒကို‌တောင်မှ ကျ‌နော်တို့ကိုယ်တိုင်က ပိုင်ပိုင်နိုင်နိုင်မ ဆုပ်ကိုင်နိုင်ဘဲနဲ့ သွားတဲ့အ‌နေအထားဖြစ်မှာစိုးတဲ့အတွက် ကျ‌နော်တို့ ဒီ‌နေ့ မူဝါဒ၊ လုပ်ငန်းစဉ်‌တွေကို ‌ဟော‌ပြောဖို့ ကိစ္စအားလုံးကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌နေဖြင့် နိုင်ငံ‌ရေးပါတီများ၏ လွတ်လပ်စွာ‌ရေးသားထုတ်‌ဖော်၊ စည်းရုံး ‌ဟော‌ပြော မှုများနှင့်ပတ်သက်၍ ထိုသို့လုပ်‌ဆောင်ခြင်းမှာ ဒီမိုက‌ရေစီနိုင်ငံ‌တော်တည်‌ဆောက်မည့် လမ်း‌ကြောင်းကို ထိခိုက်‌စေသည့် အ‌နေအထားဖြစ်‌ပေါ်‌နေ‌ကြောင်းလည်း ၎င်းက ဆက်လက်‌ပြောဆိုသည်။

နိုင်ငံ‌ရေးပါတီများ၏ မူဝါဒသ‌ဘောထားနှင့်လုပ်ငန်းစဉ်များအား နိုင်ငံပိုင်‌ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့တွင် ‌ဟော‌ပြော ထုတ် လွှင့်နိုင်ရန်အတွက် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ညွန်ကြားလာမှုအ‌ပေါ် UNDP ပါတီအ‌နေဖြင့် ၎င်းတို့၏ မူဝါဒသ‌ဘောထားနှင့်လုပ်ငန်းစဉ်များအားလုံးကို ဩဂုတ်လ ၂၁ ရက်‌နေ့တွင်‌ပေးပို့ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့‌ပေးပို့လိုက်သည့်အ‌ပေါ် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ UNDP ပါတီ၏ အဓိက မူဝါဒလုပ်ငန်း စဉ်များဖြစ်သည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေသစ်ပြန်လည်‌ရေးဆွဲခြင်း၊ လွှတ်‌တော်ထဲတွင် ‌ရွေး‌ကောက်တင် ‌မြောက်ခံထားရသည့် လွှတ်‌တော်ကိုယ်စားလှယ်များဖြင့်သာ လွှတ်‌တော်ကို ဖွဲ့စည်း‌ရေး၊ တန်းတူညီတူဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုတည်‌ဆောက်‌ရေးစသည့် ကိစ္စရပ်များအ‌ပေါ် တည်းဖြတ်မှုများပြုလုပ်ခံခဲ့ရသည်ဟု UNDP ဥက္ကဋ္ဌ ဦး‌ဒေးဗစ်လှမြင့်က ‌ပြောသည်။

ထို့အပြင် UNDP အပါအဝင် အခြား‌သော‌ရွေး‌ကောက်ပွဲဝင် နိုင်ငံ‌ရေးပါတီပါတီများဖြစ်သည့် ပြည်သူ့ပါတီ၊ လူ့ ‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီ -DPNS စသည့် ပါတီများ၏ စည်းရုံး‌ဟော‌ပြောမှုများတွင်လည်း အလားတူ ဖြစ်ရပ်များဖြစ်‌ပေါ်ခဲ့ သည့်အတွက် အဆိုပါပါတီအသီးသီးမှ သ‌ဘောထား ထုတ်ပြန်‌ပြောဆိုမှုများလည်းရှိခဲ့သည်။

ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီ -UNDP မှာ စည်းလုံးညီညွတ်‌သော တိုင်းရင်းသားလူမျိုး များမဟာ မိတ် UNA ၏ မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး လာမည့် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်၊ ကချင်၊ တနသင်္ာရီနှင့်စစ်ကိုင်းတိုင်း‌ဒေသကြီး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်‌ပေါင်း ၃၃ ဦးဝင်‌ရောက်ယှဉ်ပြိုင် မည့်ပါတီလည်း ဖြစ်သည်။