Home COVID-19 မြဝတီကုန်သွယ်‌ရေးဇုန်၌ ကုန်တင်ယာဉ်‌မောင်း (၁)ဦးထံမှ ကိုဗစ်‌ရောဂါပိုး ‌တွေ့ရှိ

မြဝတီကုန်သွယ်‌ရေးဇုန်၌ ကုန်တင်ယာဉ်‌မောင်း (၁)ဦးထံမှ ကိုဗစ်‌ရောဂါပိုး ‌တွေ့ရှိ

2567
Photo: Nay Naw
‌အောက်တိုဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကုန်သွယ်‌ရေးဇုန်၌ ကုန်တင်ယာဉ်‌မောင်း ယာဉ်‌နောက်လိုက်များကိုတွင် Test Kit ဖြင့် Covid-19 ‌ရောဂါပိုးရှိမရှိ စစ်‌ဆေး‌ပေးလျက်ရှိရာ ယ‌နေ့ (‌အောက်တိုဘာလ ၈ ရက်) နံနက်ပိုင်းက ကုန်တင်ယာဉ်‌မောင်း (၁)ဦးထံမှ Covid- 19 ‌ရောဂါပိုး‌တွေ့ရှိရ‌ကြောင်း သိရသည်။

ယ‌နေ့ မြဝတီကုန်သွယ်‌ရေးဇုန်မှာ Test Kit ဖြင့် စစ်‌ဆေးမှုအရ Covid. 19 ‌ရောဂါပိုး‌တွေ့ရှိခဲ့သူမှာ အသက်(42)နှစ်အရွယ်(22)ဘီးတွဲကားယာဉ်‌မောင်း အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး၊လှည်းကူးမြို့နယ် မှ မြဝတီမြို့သို့ ‌အောက်တိုဘာလ ၆ ရက်‌နေ့က ‌ရောက်ရှိလာတာဖြစ်သည်ဟု မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင် က ‌ပြောပါတယ်။

ခရိုင် အုပ်ချုပ်‌ရေးမှူးက “သူဟာ မြဝတီမြို့ကို ‌ရောက်ရှိလာပြီး အာရှလမ်း အမှတ် ၂၇၅တပ်ရင်းမျက်‌စောင်းထိုး PT Power ဆီဆိုင်‌နောက်‌ကျောမှာရှိတဲ့ ဂို‌ဒေါင်မှာ ကုန်တင်ကုန်ချ ပြုလုပ်ခဲ့ပါတယ်။ ဒါ‌ကြောင့် ၎င်းကုန်တင်ကုန်ချလုပ်ခဲ့တဲ့ ဂို‌ဒေါင်နှင့် အနီးဝန်းကျင်ကို ပိုးသတ်‌ဆေးဖျန်းသန့်စင်၍ ယာယီ Lock Down ချဖို့ စီစဉ်‌နေပါတယ်။”ဟု ‌ပြောပါတယ်။

၎င်းအပြင် ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိခဲ့သည့် ယာဉ်‌မောင်းကို သကင်္န်းညီ‌နောင်တိုက်နယ်‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌စေပြီး ၎င်းနှင့် ထိ‌တွေ့ခဲ့‌သော Contact Person များကို Quarantine ထားရှိနိုင်‌ရေးအတွက် စီစဉ်‌ဆောင်ရွက်‌နေ‌ကြောင်းလည်း သိရှိရသည်။

မြဝတီနယ်စပ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ ကုန်စည်သယ်ယူပို့‌ဆောင်ကြမည့် ကုန်တင်ယာဉ်‌မောင်းများနှင့်ယာဉ်‌နောက်လိုက်များကို မြဝတီမြို့ကုန်သွယ်‌ရေးဇုန်တွင် Test Kit ဖြင့် covid. 19 ‌ရောဂါပိုးရှိမရှိ စစ်‌ဆေး‌ပေးခြင်းကို ‌အောက်တိုဘာလ ၆ ရက်‌နေ့ကတည်းက စတင်‌ဆောင်ရွက်‌နေတာပါ။

ယင်း‌နေ့တွင် လူဦး‌ရေ ၁၂ဝ ဦးနှင့် ‌အောက်တိုဘာလ ၇ ရက်‌နေ့တွင် ၁၄၉ ဦးတို့အား စစ်‌ဆေးခဲ့ပြီးဖြစ်ရာ တစ်ဦးတစ်‌ယောက်မှ ‌ရောဂါပိုး‌တွေ့ရှိရခြင်း မရှိခဲ့ပါ။ သို့‌သော် ယ‌နေ့ ‌အောက်တိုဘာလ ၈ ရက်‌နေ့ နံနက်ပိုင်းက စစ်‌ဆေးမှုမှာ‌တော့ ကုန်တင်ယာဉ်‌မောင်း တစ်ဦးထံမှကိုဗစ်‌ရောဂါပိုး စတင်‌တွေ့ရှိရခြင်းဖြစ်သည်။
‌နေ‌နော်(မြဝတီ)