Home သတင်း ပြည်နယ်အတွင်းရှိ မိန်းက‌လေးဦး‌ရေ ၁၅၀၀၀‌ကျော်ကို သားအိမ်‌ခေါင်းကင်ဆာ ကာကွယ်‌ဆေးထိုး‌ပေးမည်

ပြည်နယ်အတွင်းရှိ မိန်းက‌လေးဦး‌ရေ ၁၅၀၀၀‌ကျော်ကို သားအိမ်‌ခေါင်းကင်ဆာ ကာကွယ်‌ဆေးထိုး‌ပေးမည်

2192

‌အောက်တိုဘာ ၂၁ ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

သားအိမ်‌ခေါင်းကင်ဆာ ကြိုတင် ကာကွယ်နိုင်ရန် ကရင်ပြည်နယ်အတွင်းရှိ အသက်၉နှစ်မှ ၁ဝနှစ်အရွယ် မိန်းက‌လေး ငယ် အ‌ယောက် ၁၅၀၀၀‌ကျော်ကို ‌အောက်တိုဘာလ ၂ဝရက်(ယ‌နေ့)မှစတင်၍ ‌ဒေသအသီးသီးတွင် အိတ်ချ်ပီဗီကာ ကွယ်‌ဆေး ထိုး‌ပေးသွားမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါကာကွယ်‌ဆေးကို မြန်မာနိုင်ငံတွင် မိန်းက‌လေးငယ်များအတွက် ယခုနှစ်မှ ပထမဦးဆုံး စတင် ထိုး‌ပေးသွားမည် ဖြစ်‌သော‌ကြောင့်၂၀၁ဝခုနှစ်၊ စက်တင်ဘာလမှစ၍ ၂၀၁၁ဩဂုတ်လအထိ ‌မွေးဖွားသည့် မိန်းက‌လေးငယ်တိုင်း သားအိမ်‌ခေါင်းကင်ဆာ ကာကွယ်ထားရန်အတွက် အိတ်ချ်ပီဗီကာကွယ်‌ဆေးကို ရပ်ကွက်၊ ‌ကျေးရွာ‌ဒေသအသီးသီးရှိ ကျန်းမာ‌ရေးဌာနများ၌ လက်ခံထိုး‌ပေးသွားမည်ဖြစ်သည်။

ယင်းကာကွယ်‌ဆေးထိုးရမည့်အရွယ်မှာ အသက် ၉နှစ်မှ ၁ဝနှစ်အရွယ် မိန်းက‌လေးငယ်များသာဖြစ်ပြီး ကရင်ပြည် နယ်၌ ပထမဦးဆုံးအကြိမ် အိတ်ချ်ပီဗီ ကာကွယ်‌ဆေးထိုးသည့်အ‌နေဖြင့် ‌အောက်တိုဘာလ ၂ဝရက်‌နေ့တွင် ကရင်ပြည်နယ်၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီး ဌာနရုံးအ‌နေဖြင့် ကာကွယ်‌ဆေးထိုးဖွင့်ပွဲ ပြုလုပ်သွားခြင်းဖြစ်သည်။

ပြည်နယ်အတွင်းရှိ လူဦး‌ရေ အ‌ယောက် ၁၅၀၀၀‌ကျော်အတွက် ကာကွယ်‌ဆေး အခမဲ့ ထိုး‌ပေးရန် လုံ‌လောက်သည့် အ‌နေအထားရှိသည့်အတွက် သတ်မှတ်ထားသည့်အသက်ပြည့်သူတိုင်း မဖြစ်မ‌နေ ထိုးဖို့လို‌ကြောင်း ကရင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန တိုးချဲ့ကာကွယ်‌ဆေးနှင့် ကူးစက်ဌာန လက်‌ထောက်ညွန်ကြား‌ရေးမှူး ‌ဒေါက်တာ‌ကျော် ‌ကျော်နိုင်က ‌ပြောသည်။

“ကျ‌နော်တို့ ခန့်မှန်းထားတဲ့ ဦး‌ရေနဲ့ ကာကွယ်‌ဆေးနဲ့က လုံ‌လောက်မှု ရှိတယ်။ သတ်မှတ်ထားတဲ့ အသက်အရွယ် မဟုတ်ရင် လာထိုးလို့မသင့်ပါဘူး။ လာထိုးတဲ့လူ‌တွေကို အဓိက ‌မွေးဖွားလက်မှတ်နဲ့ တိုက်စစ်တာမျိုးလည်း ညွန်ကြား ထားပါတယ်။ ပြီး‌တော့ ‌ဝေးတဲ့ ‌ဒေသ‌တွေမှာ‌တော့ ကာကွယ်‌ဆေးထိုးနိုင်ဖို့က ကာကွယ်‌ဆေးလုပ်ငန်း ထိုးမယ့်အဖွဲ့ရှိ တယ်။ သူတို့က တာဝန်ယူ ထိုး‌ပေးသွားမှာဖြစ်တယ်။”ဟု ‌ဒေါက်တာ‌ကျော်‌ကျော်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် Covid ကာလဖြစ်သည့်အတွက် ကာကွယ်‌ဆေးထိုးမည့်အချိန်တွင် လူစုလူ‌ဝေးမဖြစ်‌စေရန် ကာကွယ် ‌ဆေးထိုးသည့် ကျန်းမာ‌ရေးတာဝန်ရှိသူများကို မိဘအုပ်ထိန်းသူများက ကြိုတင်ရက်ချိန်းရန်လည်း လုပ်နိုင်သလို ကာကွယ် ‌ဆေးထိုးချိန်တွင် ကျန်းမာ‌ရေးဝန်ကြီးဌာမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အတူ ‌ဆောင်ရွက်သွား မည်ဖြစ်‌ကြောင်းလည်း ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာန၏ ‌ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်‌မြေ‌ဒေသအချို့တွင် Covid ကာလ အတွင်း Lockdown ချထားသည့် ‌ဒေသရှိ‌သော်လည်း ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာနရှိ EPI ကာကွယ်‌ဆေးထိုး သည့်အဖွဲ့မှ တာဝန်ယူ ထိုး‌ပေးမည်ဖြစ်သည့်အတွက် လုံးဝ မကျန်‌အောင် အားလုံးထိုး‌ပေးမည်ဖြစ်‌ကြောင်း ကရင်ကျန်း မာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW)၏ အကြံ‌ပေးတာဝန်ခံ ‌ဒေါက်တာမာတာက ‌ပြောသည်။

၎င်းက “EAO နယ်‌မြေမှာ ကာကွယ်‌ဆေးထိုးဖို့ လူဦး‌ရေ အ‌ရေအတွက် ဘယ်‌လောက်ရှိလဲဆိုတာ မသိ‌သေးဘူး‌ပေါ့။ ကာ ကွယ်‌ဆေးကို EAO နယ်‌မြေမှာလည်းဦးစား‌ပေးမယ်လို့ သိရတယ်။ ပြီး‌တော့ ဒီကာကွယ်‌ဆေးက အရမ်းအ‌ရေးကြီးပါ တယ်။ လက်နက်ကိုင်နယ်‌မြေမှာလည်း တစ်ချိန်ထဲ ထိုး‌ပေးမယ်ဆိုပြီး ပြည်‌ထောင်စုဝန်ကြီး မိန့်ခွန်းမှာပါတဲ့အတွက် ဝမ်းသာပါတယ်။ ဒီအသက် ၉နှစ်၊ ၁ဝနှစ်အရွယ် သမီး‌လေး‌တွေဟာ ‌နှောင်အနှစ် ၄ဝကျရင် သားအိမ်ဝပ်ကင်ဆာ မဖြစ် ဖို့က အဓိကပါ။”ဟု ‌ဒေါက်တာမာတာက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါအိတ်ချ်ပီဗီကာကွယ်‌ဆေးကို အပြည့်အဝရရှိရန် ၂ကြိမ်ထိုးရမည်ဖြစ်ပြီး ပထမအကြိမ်ထိုးပြီးလျင် ၁၂လခြား ကာ ဒုတိယအကြိမ် ပြန်ထိုး‌ပေးရမည်ဖြစ်သည့်အပြင် ‌ဆေးတစ်ကြိမ်စာ တန်ဖိုးမှာ အ‌မေရိကန်‌ငွေ (၄.၅)‌ဒေါ်လာ တန်ဖိုးရှိ‌သော‌ကြောင့် အခမဲ့ထိုးနိုင်ရန် နိုင်ငံ‌တော်ဘဏ္ဍာ‌ငွေမှ (၁၀)ရာခိုင်နှုန်းနှင့် Gavi အဖွဲ့မှ (၉၀)ရာခိုင်နှုန်း ကုန်ကျ ‌ပေးထားခြင်းဖြစ်‌ကြောင်းလည်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ အသက်အရွယ်အားလုံး အမျိုးသမီးများဖြစ်‌လေ့ရှိ‌သော ကင်ဆာအားလုံး၏ (၂၃.၅)ရာခိုင်နှုန်းမှာ သားအိမ် ‌ခေါင်းကင်ဆာဖြစ်ပြီး အသက်၁၅နှစ်မှ ၄၄နှစ်အမျိုးသမီးများအရွယ်မှာ အဖြစ်များဆုံးကင်ဆာဖြစ်သည့်အပြင် ‌သေဆုံးရ ခြင်း၏ အဓိကအ‌ကြောင်းမှာ ကင်ဆာ‌ကြောင့်လည်း ပါဝင်‌ကြောင်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ‌ဖော်ပြ ထားချက်အရ သိရသည်။