Home ရွေးကောက်ပွဲသတင်း ‌ရွေး‌ကောက်ပွဲ ပြိုင်ခွင့်ရရန် နှင်းဆီပါတီမှ ပအိုဝ်း‌ရေးရာ ကိုယ်စားလှယ်‌လောင်း ခွန်‌အောင်မြင့်မြတ် အသနား ခံစာတင်မည်

‌ရွေး‌ကောက်ပွဲ ပြိုင်ခွင့်ရရန် နှင်းဆီပါတီမှ ပအိုဝ်း‌ရေးရာ ကိုယ်စားလှယ်‌လောင်း ခွန်‌အောင်မြင့်မြတ် အသနား ခံစာတင်မည်

2532
Photo: Khun Aung Myint Myat

‌အောက်တိုဘာ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ညီညွတ်‌သောဒီမိုကရက်တစ်ပါတီ-UDP(နှင်းဆီပါတီ)မှ ကရင်ပြည်နယ်လွှတ်‌တော်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုး ‌ရေးရာ မဲဆန္ဒနယ် ကိုယ်စားလှယ်‌လောင်း ခွန်‌အောင်မြင့်မြတ်က ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင် ခွင့် ရ‌ရေးအတွက် နိုင်ငံ‌တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အသနားခံစာ တင်ပြသွားမည်ဟု သိရသည်။

UDP သည် နိုင်ငံ‌ရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပ‌ဒေများ၊ ပြဌာန်းချက်များနှင့် ငြိစွန်းသဖြင့် ပါတီကိုဖျက် သိမ်းလိုက်သလို ပါတီ၏ ကိုယ်စားလှယ်‌လောင်းများလည်း ‌ရွေး‌ကောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပြီဖြစ်‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌အောက်တိုဘာ ၁၇ ရက်‌နေ့စွဲဖြင့် ထုတ်ပြန်ခဲ့အပြီး ခွန်‌အောင်မြင့်မြတ် က ယခုလို‌ပြောသည်။

“ကိုယ်စားလှယ်‌လောင်း အကုန်လုံးနီးပါးက ‌အောင်နိုင်‌ရေးအတွက် ပါတီက‌နေ ‌ငွေ‌ကြေးတပြားတချပ်မှ မရယူ ဘဲ ကိုယ်ပိုင်သန့်ရှင်းတဲ့ ‌ငွေ‌ကြေးနဲ့သာ ပြည်သူလူထု‌ကောင်းကျိုး‌ဆောင်ရွက်ဖို့အတွက် ‌အောင်နိုင်‌ရေးကို လုပ် ‌ဆောင်‌နေတဲ့အချိန်၊ ‌ငွေ‌ကြေးအရှုပ်အရှင်းရှိလို့ ပါတီဖျက်သိမ်းရတာ ကျ‌နော်တို့လက်ခံ‌ပေမယ့် ကိုယ်စားလှယ် ‌လောင်း တစ်ဦးချင်းစီအ‌ပေါ်မှာ နိုင်ငံ‌တော်က လမ်းဖွင့်‌ပေးတဲ့အ‌နေနဲ့ တစ်သီးပုဂ္ဂလဖြစ်ဖြစ် ဆန္ဒရှိရင် ဆက် လက် ယှဉ်ပြိုင်ခွင့်‌ပေးဖို့ အသနားခံစာ တင်ရခြင်းဖြစ်တယ်။” ဟု ‌ကေအိုင်စီသို့ ‌အောက်တိုဘာ ၂ဝ တွင် ‌ပြောသည်။

ထို့အပြင် ‌အောက်တိုဘာ ၂၁ ရက်မှ စတင်ကာ ကရင်ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲထံမှတဆင့် နိုင်ငံ ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့များ၊ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော် မရှင်(UEC)အဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများထံသို့ ဖြစ်နိုင်သည့်နည်းဖြင့် အသနားခံစာ တင်သွားမည်ဟု ခွန်‌အောင်မြင့်မြတ်က ဆက်‌ပြောသည်။

“UDP ပါတီဟာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂ဝ ‌အောက်တိုဘာ မ‌ရောက်ခင်အထိဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီပါ။ ပါတီရဲ့ ‌ငွေ‌ကြေးအရှုပ်အရှင်းကို မသိခဲ့လို့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် မှတ်ပုံ တင်ခွင့်‌ပေးထားခဲ့သလိုပဲ ကျ‌နော်တို့ ကိုယ်စားလှယ်‌လောင်း‌တွေလည်း မသိခဲ့လို့ ပါတီထဲ ဝင်ခဲ့ ရခြင်း ဖြစ်ပါတယ်။ အဲ့‌တော့ ပါတီကိုဖျက်သိမ်းရင်‌တော်ပြီ‌ပေါ့။” ဟု ခွန်‌အောင်မြင့်မြတ်က ‌ပြောသည်။

ဖားအံမြို့နယ်၊ သာမညမှ လူငယ်မဲဆန္ဒရှင် ခွန်ရင်‌သွေးက “သူ(ခွန်‌အောင်မြင့်မြတ်)က ‌ရွေး‌ကောက် ပွဲ‌ကော်မ ရှင်မှာ နာမည်‌တွေတင်ပြီးကုန်ပြီး၊ ဆိုင်းဘုတ်‌တွေဘာ‌တွေ ‌ထောင်ပြီးကုန်ပြီ၊ သူ့ပိုက်ဆံနဲ့သူစိုက်ထားတာလည်း အများကြီးဆို‌တော့ ကျ‌နော်တို့က‌တော့ သူ့ကို ဝင်ပြိုင်‌စေချင်တာ‌ပေါ့။ ‌ရွေး‌ကောက်ပွဲ‌ရောက်ခါနီးမှ ဖျက်ချလိုက် တာက အစီအစဉ်တကျ စီမံချက်နဲ့များလားလို့ သံသယဖြစ်မိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

UDP သည် ၂၀၁ဝ ခုနှစ်မှ စတင်ကာ တရားဝင်မှတ်ပုံတင်ခွင့်ရခဲ့ပြီး ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်၌ ၃၄ ‌နေရာအပါအဝင် နိုင်ငံအဝှမ်း ကိုယ်စားလှယ်‌လောင်း ၁,၁၃၁ ဦးဖြင့် ဒုတိယအများဆုံး ဝင်‌ရောက် ယှဉ်ပြိုင် ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

UDP ပါတီဥက္ကဋ္ဌ ဦး‌ကျော်မြင့်သည် ‌ထောင်‌ပြေးမှုဖြင့် စက်တင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့အပြီး တရုတ်မှ တရားမဝင်‌ငွေ‌ကြေး‌ထောက်ပံ့မှုများလည်း စစ်‌ဆေး‌ပေါ်‌ပေါက်ခဲ့ပြီး‌နောက် ပါတီကို ဖျက်သိမ်း‌ကြောင်း ‌ကြေငြာခြင်းခံခဲ့ရခြင်းဖြစ်သည်။