Home ရွေးကောက်ပွဲသတင်း ‌ရွေး‌ကောက်ပွဲကာလ တိုင်းရင်းမီဒီယာလွတ်လပ်ခွင့် ချိုး‌ဖောက်ခံ‌နေရမှုအ‌ပေါ် BNI သ‌ဘောထားထုတ်ပြန်

‌ရွေး‌ကောက်ပွဲကာလ တိုင်းရင်းမီဒီယာလွတ်လပ်ခွင့် ချိုး‌ဖောက်ခံ‌နေရမှုအ‌ပေါ် BNI သ‌ဘောထားထုတ်ပြန်

1701

‌အောက်တိုဘာ ၃ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

လက်ရှိ မြန်မာနိုင်ငံ‌ရွေး‌ကောက်ပွဲ ကာလအတွင်း ပြည်နယ်အ‌ခြေပြု တိုင်းရင်းသားမီဒီယာများ၏ သတင်းလွတ် လပ်ခွင့် ချိုး‌ဖောက်ခံရမှုအ‌ပေါ် တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများဖြင့် အဓိကဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာ့သတင်း(BNI)က ယမန်‌နေ့ ‌အောက်တိုဘာ (၂၉)ရက်‌နေ့ ရက်စွဲဖြင့် သ‌ဘောထားတစ်ခုထုတ် ပြန်လိုက် သည်။

လက်ရှိ‌ရွေး‌ကောက်ပွဲကာလ နီးကပ်လာ‌သော်လည်း ရခိုင်နှင့် ချင်းပြည်နယ်‌ဒေသများတွင် အင်တာနက်ဖြတ် ‌တောက်ခံထားရမှုနှင့် တိုင်းရင်းသား မီဒီယာအချို့၏ သတင်းစာမျက်နှာများပိတ်ပင်တားမြစ်ခံရမှုများအပြင် သတင်းအယ်ဒီတာချုပ်များကို တရားစွဲဆိုထားမှုများ‌ကြောင့် ‌ဒေသတွင်း ‌ရွေး‌ကောက်ပွဲဆိုင်ရာ သတင်း အချက် အလက်များကို ‌ဒေသခံပြည်သူများ အချိန်နှင့်တ‌ပြေးညီ လက်လှမ်းမီမှု မရှိ‌ကြောင်း BNI က ဆိုသည်။

“တိုင်ရင်းသား သတင်း‌ထောက်‌တွေကို မီဒီယာ ဥပ‌ဒေနဲ့ မသက်ဆိုင်တဲ့ ပုဒ်မ‌တွေနဲ့ တရားစွဲဆိုထားမှုဟာ တိုင်းရင်းသား ‌ဒေသမှာ ‌ရွေး‌ကောက်ပွဲကာလ လွတ်လပ်စွာ သတင်းရယူမှုကို ချိုး‌ဖောက်သလို ဖြစ်‌စေပါတယ်။ ဒီ‌တော့ တကယ်ဖြစ်ပျက်‌နေတဲ့ ‌ရွေး‌ကောက်ပွဲ အ‌ခြေ‌အေ‌နေ‌တွေကို လူထုထံအသိမ‌ပေး နိုင်‌တော့ဘူး။ ဒါ့အပြင် တိုင်းရင်းသား သတင်းဌာန‌တွေရဲ့ အွန်လိုင်း သတင်းစာမျက်နှာကို ပိတ်ထားခြင်းကလည်း လူထု‌တွေ အတွက် လွတ်လပ်စွာ သတင်းလက်ခံသိရှိမှုအ‌ပေါ် အဟန့်အတား ဖြစ်‌စေပါတယ်” ဟု ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရသူ BNI မူဝါဒ ‌ရေး‌ကော်မတီဥက္ကဋ္ဌ နန်း‌ဖော့‌ဂေက ‌ပြောသည်။

ယခင် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်း ရက္ခိုင့်တပ်‌တော်(AA) နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး‌နောက် ပြီးခဲ့သည့်နှစ် ၂၀၁၉ ဇွန်လကစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈)ခုနှင့် ချင်းပြည်နယ်ရှိ ပလက်ဝ မြို့နယ်တို့တွင် အစိုးရမှ အင်တာနက် ဖြတ်‌တောက်မှုများပြုလုပ်ခဲ့ပြီး ယ‌နေ့အချိန်ထိ အပြည့်အဝ ပြန် လည် ဖွင့်လှစ်‌ပေးခြင်း မရှိ‌သေး‌ကြောင်းသိရသည်။

အလားတူ တိုင်းရင်းသားမီဒီယာအဖွဲ့များဖြစ်သည့် ရခိုင်ပြည်နယ်အ‌ခြေစိုက် နိရဉ်ဇရာသတင်းဌာနနှင့် Development Media Group (DMG) ၊ ကရင်ပြည်နယ် အ‌ခြေစိုက် Karen News အပြင် Voice of Myanmar သတင်းဌာနတို့အပါအဝင် ဝက်ဘ်ဆိုဒ်စာမျက်နှာ‌ပေါင်း၂,၁၄၇ ခုကို ပိတ်ပင်ရန် ဆက်သွယ်‌ရေးလုပ်ငန်း ‌အော် ပ‌ရေတာများကို ၂၀၂ဝ ပြည့်နှစ် မတ်လ ၁၉ မှ ‌မေလ ၁၁ရက်‌နေ့တွင် ပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေး ဝန်ကြီး ဌာနက ဆက်သွယ်‌ရေး ဥပ‌ဒေပုဒ်မ (၇၇) အရ တားမြစ်ခဲ့‌ကြောင်း BNI၏ ယ‌နေ့ ထုတ်ပြန်ချက်၌ ဆို ထား သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ‌မေလ ၁ရက်‌နေ့တွင် BNI အဖွဲ့ဝင် DMG သတင်းဌာန၏ အယ်ဒီတာချုပ် ကို‌အောင်မင်းဦးနှင့် အခြားတာဝန်ရှိသူများကို မတရာအသင်း ဆက်သွယ်မှု ပုဒ်မ(၁၇/၂) စွဲချက်တင်ခံထားရ သလို အလားတူ ၂၀၂ဝ ခုနှစ်၊ မတ်လ ၃၁ရက်‌နေ့တွင် BNI ၏ အခြားအဖွဲ့ဝင်ဖြစ်သည့် ရခိုင်ပြည်နယ် အ‌ခြေစိုက် နိရဉ်ဇရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်‌ကျော်လည်း အကြမ်းဖက်မှု ဥပ‌ဒေ ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည်။

ထိုသို့ ရခိုင်နှင့် ချင်းပြည်နယ်အတွင်း အင်တာနက် ဖြတ်‌တောက်မှုများကို ချွင်းချက်မရှိ ပြန်လည်ဖွင့်လှစ်‌ပေး ရန်၊ BNI အဖွဲ့ဝင်များ၏ သတင်းအယ်ဒီတာချုပ်များအ‌ပေါ် စွဲဆိုထားသည့် ဥပ‌ဒေ ပုဒ်မများကို အမြန်ဆုံး ရုပ် သိမ်းပယ်ဖျက်‌ပေးရန်အပြင် အစိုးရ၊ တပ်မ‌တော်၊ ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်‌ရေး တာဝန်ရှိသူများ၏ ‌ပြော‌ရေးဆိုခွင့် ရှိသူများအ‌နေဖြင့် သတင်းဌာနကြီးများအ‌ပေါ် အင်တာဗျူး‌ပေးသကဲ့သို့ ‌ဒေသအ‌ခြေစိုက် တိုင်းရင်းသား သတင်း ဌာနများ၏ ဆက်သွယ်‌မေးမြန်းမှုကို ခွဲခြားဆက်ဆံမှုမရှိ ‌ဖြေကြား‌ပေးရန် ယ‌နေ့ BNI ၏ ထုတ်ပြန်ချက်၌ အစိုးရ ကို ‌တောင်းဆိုထားသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂ ရက်‌နေ့ကလည်း သတင်းအယ်ဒီတာချုပ်များကို အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပ‌ဒေဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းအ‌ပေါ် ပယ်ဖျက်‌ပေးရန် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ထံ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ က အိတ်ဖွင့်‌ပေးစာ ‌ပေးပို့‌တောင်းဆိုခဲ့ဖူး သည်။

BNI အဖွဲ့ကို မြန်မာနိုင်ငံ အ‌နောက်ဘက် နယ်စပ်‌ဒေသဖြစ်‌သော မြန်မာ-ဘဂင်္လာ‌ဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ် များတွင် အ‌ခြေပြုသည့် မီဒီယာအဖွဲ့အစည်း ၄ ခုဖြင့်သည့် Mizzima News, Narinjara News, Kaladan Press Networkနှင့် Khonumthung News တို့ဖြင့် ၂၀၀၃ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၁) ရက်‌နေ့တွင် အိန္ဒိယ နိုင်ငံ ကလကတ္တားတွင် စတင်ထူ‌ထောင်ခဲ့သည်။ ထို‌နောက် ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် တိုင်းရင်း သားသတင်းဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်းအ‌ခြေစိုက် သတင်းအဖွဲ့အစည်းများဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ ပြီး လက်ရှိတွင် အဖွဲ့ဝင် (၁၆)ဖွဲ့ရှိသည်။