Home ဆောင်းပါး အကန့်အသတ်၊ အခက်အခဲနဲ့ အဖြစ်မှန်ကို ပြည်သူထံ တင်ပြပြီး မဲဆွယ်ကြပါ

အကန့်အသတ်၊ အခက်အခဲနဲ့ အဖြစ်မှန်ကို ပြည်သူထံ တင်ပြပြီး မဲဆွယ်ကြပါ

1777
Photo: Internet
အကန့်အသတ်၊ အခက်အခဲနဲ့ အဖြစ်မှန်ကို ပြည်သူထံ တင်ပြပြီး မဲဆွယ်ကြပါ
‌မောင်‌ကျော်စွာ
(၂၀၂ဝပြည့်နှစ်၊ ‌အောက်တိုဘာ ၁ဝရက်)

၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌အောက်မှာ ပြုလုပ်တဲ့ တတိယအကြိမ်‌မြောက် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကျင်းပဖို့ ရက်ဆယ် အချို့မျှသာ လိုပါ‌တော့တယ်။ ပြည်ပနိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံး‌တွေမှာ ကြိုတင်မဲ‌ပေး ‌နေမှု‌တွေအရဆိုရင် ‌ရွေး‌ကောက်ပွဲဟာ စတင်‌နေပြီလို့ တစ်စိတ်တစ်ပိုင်းအားဖြင့် ‌ပြောလို့ရ‌နေပါပြီ။

အစု‌လေးတစ်စုရဲ့ အသံသဖွယ်မျှ‌လောက်သာဖြစ်တဲ့ “မဲမ‌ပေး‌ရေး လှုံ့‌ဆော်မှု” တိုးပြီးတိတ်သွားတာကို သတိ ပြုမိပါတယ်။ ဒီလိုဖြစ်ရတာဟာ အ‌ကြောင်းအချက် ၂ခု‌ကြောင့်လို့ ယူဆပါတယ်။ ပထမအချက်က‌တော့ အာဏာရပါတီ နဲ့ အတိုက်အခံပါတီကြီး‌တွေနဲ့ အခြားပါတီငယ်အများစုက ဒီလှုပ်ရှားမှုကို အားမ‌ပေးတဲ့အချက်ဖြစ်ပါတယ်။ ဒုတိယအ ချက်က မဲဆန္ဒရှင် ပြည်သူ‌တွေအတွက် “မဲမ‌ပေး‌ရေးလှုံ့‌ဆော်မှု”အ‌ပေါ် တိမ်းညွှတ်နိုင်စရာ အ‌ကြောင်းအချက် ခိုင်ခိုင် မာမာ မရှိ‌သေးတဲ့အချက်ပဲ ဖြစ်ပါလိမ့်မယ်။ ပြီး‌တော့ ဘယ်နိုင်ငံ‌ရေးပါတီမဆို မဲဆန္ဒနယ် ၃နယ် မဖြစ်မ‌နေ ဝင်ပြိုင်ရ မယ်ဆိုတဲ့ ဥပ‌ဒေစည်းကမ်း သတ်မှတ်ချက်ရှိတာရယ်၊ အဲဒီလို ဝင်ပြိုင်ရတဲ့အခါ ‌ငွေကုန်‌ကြေးကျများမှုရယ်ဆိုတဲ့ အရင်းအနှီး စိုက်ထုတ်မှုဘက်က‌ပြောရင် “မဲမ‌ပေး‌ရေး လှုံ့‌ဆော်မှု”ကို အား‌ပေးဖို့ သိပ်ခက်ခဲပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်အများစုရဲ့ လက်‌တွေ့ဘဝနှိုင်းယှဉ်မှုထဲက ရရှိထားတဲ့ အသိကလည်း “မဲမ‌ပေး‌ရေး လှုံ့‌ဆော် မှု” တိုးမ‌ပေါက်‌စေတဲ့ အချက်အလက် ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ “လက်‌တွေ့ဘဝ နှိုင်းယှဉ်မှုထဲက ရရှိထားတဲ့ အသိ” ဆိုတာဟာ “ကြံ့ဖွံ့ပါတီအစိုးရ အုပ်စိုးခဲ့တဲ့ ၅နှစ်တာနဲ့ ဒီချုပ်ပါတီအစိုးရအုပ်စိုးခဲ့တဲ့ ၅နှစ်တာ‌ပေါ် နှိုင်းယှဉ်မှု”က ‌နေ ရရှိထားတဲ့ လက်‌တွေ့မျက်‌တွေ့အသိကို ဆိုလိုတာပါ။ ဒီအုပ်စိုးမှု ၂ခုရဲ့ မတူခြားနားချက် (ဝါ) နှိုင်းယှဉ်မှုကို တဖက် သတ် ပုံကြီးချဲ့ပစ်တာ သို့တည်းမဟုတ် ဒီပုပ်ထဲက ဒီပဲပါပဲလို့ ခွဲခြားဆန်းစစ်မှုမရှိဘဲ တစ်ဖက်သတ် လျစ်လျူရှုတာတို့ ဟာ ယထာဘူတ မကျတဲ့ စဉ်းစား‌တွေး‌ခေါ် သုံးသပ်မှုမျိုးသာ ဖြစ်ပါလိမ့်မယ်။

မဲဆန္ဒရှင်ပြည်သူ‌တွေရဲ့ လက်‌တွေ့အ‌တွေ့အကြုံ‌တွေကို အသိအမှတ်မပြုတာ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ ပြီး‌တော့ ဒီချုပ်ပါတီရဲ့ စွမ်း‌ဆောင်နိုင်မှုအ‌ပေါ် အများကြီးပိုတွက်တာ အများကြီး ပို‌မျှော်လင့်ထားတာမျိုးဟာ အသဲကွဲ တတ်ပါတယ်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ ဘယ်ပါတီကိုမှ ပိုပြီး မတွက်ချက်သင့်သလို၊ ‌မျှော်လင့်ချက်‌တွေ ပုံ‌အောထားပစ်တာမျိုးဟာလည်း လက်‌တွေ့မကျပါဘူး။

၂၀၀၈ အ‌ခြေခံဥပ‌ဒေရဲ့ အနှစ်သာရကို ဘက်နှစ်ဖက်က‌နေ မြင်နိုင်ပါတယ်။ ပထမဘက်က စစ်အုပ်စုရဲ့ အတိတ် ပစ္စုပ္ပန် အနာဂတ် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ထားတဲ့ဘက်ဖြစ်ပြီး ဒုတိယဘက်က‌တော့ “စည်းကမ်း ပြည့်ဝတဲ့ ဒီမိုက‌ရေစီ‌ဘောင်” တစ်နည်းအားဖြင့် စစ်အုပ်စုရဲ့ ဒီမိုက‌ရေစီစည်းဝိုင်းထဲမှာ မှတ်ပုံတင်ပြီး လှုပ်ရှား‌နေကြရ တဲ့ နိုင်ငံ‌ရေးပါတီများ၊ နိုင်ငံ‌ရေးသမားများရဲ့ လှုပ်ရှားနိုင်စွမ်း အညွှန့်ချိုး ကန့်သတ်ခံထားရတဲ့ဘက် ဖြစ်ပါတယ်။

ဒီဘက်နှစ်ဖက်ကို စစ်အုပ်စုက “ကာချုပ်”က‌နေ တဆင့် လွှတ်‌တော်မှာ “၂၅ ရာခိုင်နှုန်းနဲ့” ကွပ်ကဲထိန်း ‌ကျောင်း ‌မောင်းနှင်‌နေတာဖြစ်ပါတယ်။ စစ်အုပ်စုက စိတ်ကြိုက်‌ရေးထားတဲ့ “အ‌ခြေခံဥပ‌ဒေ‌ဘောင်”နဲ့ ကာချုပ်က တဆင့် ထိန်း‌ကျောင်း‌နေတဲ့ ‌ဘောင်ကို ‌ကျော်လွန်ပြီး ဘယ်ပါတီ၊ ဘယ်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်မှ လှုပ်ရှားလို့မရပါဘူး။ လှုပ်ရှားပြုမူလိုက်တာနဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ အပါအဝင် တည်ဆဲဥပ‌ဒေအရပ်ရပ်ဆိုတဲ့ ဖိနှိပ်ချုပ်ကိုင် ‌စေစားမှု အမျိုး မျိုးနဲ့ နဖူး‌တွေ့ ဒူး‌တွေ့ကြုံကြရမှာ ဖြစ်ပါတယ်။

ဒါ‌ကြောင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ မှတ်ပုံတင်ပြီး လှုပ်ရှား‌နေကြရတဲ့၊ ‌ရွေး‌ကောက်ပွဲ‌တွေမှာ ဝင် ‌ရောက်ယှဉ်ပြိုင်‌နေကြရတဲ့ နိုင်ငံ‌ရေးပါတီ‌တွေရဲ့အဖြစ်က အ‌ပြေး‌လေ့ကျင့်တဲ့စက် – လမ်း‌လျှောက်‌လေ့ကျင့်ခန်း လုပ်တဲ့ စက်‌ပေါ်မှာ အ‌ပြေး‌လေ့ကျင့်‌နေတဲ့သူနဲ့တူ‌နေပါတယ်။ ‌ချွေး‌တွေ၊ သံ‌တွေနဲ့ အားကြိုးမာန်တက်‌ပြေး‌နေ‌ပေမယ့် လည်း သူဟာ ဘယ်ခရီးမှ ‌ပေါက်မှာ မဟုတ်ပါဘူး။ ဘယ်ပန်းတိုင်မှလည်း ‌ရောက်နိုင်မှာ မဟုတ်ပါဘူး။

‌ရွေး‌ကောက်ပွဲမှာ ဘယ်လိုပဲ အပြတ်အသတ် အနိုင်ရလာတဲ့ ပါတီပဲဖြစ်ပါ‌စေ၊ ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင် ဖို့ လွှတ်‌တော်ထဲမှာ သူတို့ချည်းသက်သက် စွမ်း‌ဆောင်နိုင်မှာမဟုတ်သလို ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်ဖို့လည်း ‌ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်‌ရေးဆိုတာက လည်း ‌မျှော်တိုင်း‌ဝေးဖြစ်‌နေပါလိမ့်မယ်။

၂၀၀၈ အ‌ခြေခံဥပ‌ဒေဖျက်သိမ်းပြီး အသစ်‌ရေးဆွဲ‌ရေးဆိုတဲ့ လှုပ်ရှားမှု အ‌ကောင်အထည်‌ပေါ်လာ‌ရေးကလည်း အဆင်သင့် မဖြစ်‌သေးပါဘူး။ ရင့်မှည့်မလာ‌သေးဘူး။ အဲဒီလိုရင့်မှည့်လာ‌စေဖို့အတွက် ဒီက‌နေ့ ‌ရွေး‌ကောက်ပွဲ‌တွေ အပါ အဝင် လက်‌တွေ့ လှုပ်ရှားမှု‌တွေထဲက ဖြတ်သန်းမှုအ‌တွေ့အကြုံ‌တွေ၊ သင်ခန်းစာ‌တွေနဲ့ကင်းကွာပြီး ဘယ်လိုမှ မဖြစ် နိုင်ဘူး မဟုတ်ပါလား။

ဒါ‌ကြောင့် ‌ရွေး‌ကောက်ပွဲမှာ မဲ‌ပေးကြရမဲ့ ပြည်သူ‌တွေကို သူတို့ နှစ်သက်ရာ၊ သူတို့အ‌တွေ့အကြုံနဲ့ ဆုံးဖြတ် ‌ရွေးချယ်ရာပါတီကို မဲ‌ပေးတဲ့အခါမှာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ ဘယ်ပါတီကပဲ အနိုင်ရသည်ဖြစ်ပါ‌စေ ပြည်သူ ‌တွေရဲ့ အနှစ်နှစ်အလလက ‌မျှော်လင့်ချက်‌တွေဖြစ်တဲ့၊ တကယ့် အရင်းခံဆန္ဒဖြစ်တဲ့ စစ်မှန်တဲ့ပါတီစုံစနစ်၊ စစ်မှန်တဲ့ ပြည်‌ထောင်စုကို ‌ဖော်‌ဆောင်ဖို့ ပြည့်ပြည့်ဝဝ စွမ်း‌ဆောင်နိုင်မှာမဟုတ်ဘူး ဆိုတဲ့အချက်ကို မပျက်မကွက် ကြိုတင် အသိ‌ပေးထားဖို့ ကြိုတင် သတိ‌ပေးထားဖို့ လိုပါတယ်။ ဒီလိုသတိ‌ပေးဖို့ ပျက်ကွက်‌နေမယ်ဆိုရင်‌တော့ ပြည်သူ‌တွေကို လိမ်ညာသလို ဖြစ်‌နေပါလိမ့်မယ်။ မစားရ ဝခမန်းစကား‌တွေ၊ ‌လေတစ်လုံး မိုးတစ်လုံး စကားကြီးစကားကျယ်‌တွေ ‌ပြောပြီး ပြည်သူ‌တွေကို မလှည့်စားသင့်ပါဘူး။

၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ လက်‌တွေ့ ရင်ဆိုင်‌နေရတဲ့ အခက်အခဲ‌တွေနဲ့ အကန့်အသတ်‌တွေကို ပြည် သူလူထုထံ အရင်းတိုင်း ပွင့်ပွင့်လင်းလင်းတင်ပြပြီး တကယ့် လွတ်‌မြောက်‌ရေးလမ်းကို မှန်မှန်ကန်ကန်ညွှန်ပြဖို့ နိုင်ငံ ‌ရေးပါတီတိုင်းနဲ့ နိုင်ငံ‌ရေးသမားတိုင်းမှာ တာဝန်ရှိပါတယ်။

ဘယ်‌ပေါ်လစီနဲ့ ဘယ်လမ်းစဉ်မဆို ပြည်သူ‌တွေရဲ့ ကိုယ်ပိုင်နိုးကြားမှု၊ ကိုယ်တိုင်ပါဝင်လှုပ်ရှားမှုနဲ့သာ လက် ‌တွေ့ အ‌ကောင်အထည်‌ဖော်နိုင်တာ ဖြစ်ပါတယ်။