Home သတင်း နယ်‌မြေအ‌ပေါ် ဝဲပျံသန်းသည့် တပ်မ‌တော် ရဟတ်ယာဉ်တစ်စီးကို ခြိမ်း‌ခြောက်ပစ်ခတ်ခဲ့ဟု KNU ဆို

နယ်‌မြေအ‌ပေါ် ဝဲပျံသန်းသည့် တပ်မ‌တော် ရဟတ်ယာဉ်တစ်စီးကို ခြိမ်း‌ခြောက်ပစ်ခတ်ခဲ့ဟု KNU ဆို

6458

‌အောက်တိုဘာ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

နယ်‌မြေအ‌ပေါ် ဝဲပျံသန်းခဲ့သည့် တပ်မ‌တော် ရဟတ်ယာဉ် (Helicopter airbus) တစ်စီးကို လုံခြုံ‌ရေးရယူ‌နေ သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များမှ ခြိမ်း‌ခြောက်ပစ်ခတ်ခဲ့‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNUက ယမန်‌နေ့ ‌အောက်တိုဘာလ ၁၉ရက်‌နေ့တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်စာမျက်နှာ၌ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၇ရက်‌နေ့က ‌တောင်ပိုင်တိုင်းစစ်ဌာနချုပ်(တပခ)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ‌အောင်စိုးမင်းနှင့် တပ်ဖွဲ့ဝင် ၄ဦး စီးနင်းလာသည့် အဆိုပါ ရဟတ်ယာဉ်သည် ‌တောင်ငူစခန်းမှ စတင်ထွက်ခွာ ပြီး‌နောက် ၎င်းတို့ကို အသိ‌ပေး အ‌ကြောင်းကြားမှုမရှိဘဲ KNU တပ်မဟာ (၅) နယ်‌မြေ လူ‌သောမြို့နယ်အတွင်း ဝဲပျံလာသည်ကို ‌ဒေသခံများမှ‌တွေ့ရှိခဲ့၍ နယ်‌မြေလုံခြုံ‌ရေးအရ KNLA တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့‌ကြောင်း KNU တပ်မဟာ (၅) ဘက်မှ အတည်ပြု‌ပြောဆိုသည်။

မူ‌တြော်ခရိုင် (KNU တပ်မဟာ ၅) အတွင်း‌ရေးမှူး ပဒို‌စော‌ရောဘင်မူးက “အခုက ဘာမှ ကျ‌နော်တို့ကို အသိမ‌ပေးဘဲ ဟက်လီ‌ကော်ပတာနဲ့ ပျံသန်းလာတယ်။ ကျ‌နော်တို့ရဲ့ ‌ဒေသခံ ‌ကျေးရွာ‌တွေ အ‌ခြေစိုက် စခန်း‌တွေအ‌ပေါ်မှာ ဝဲပျံတာမျိုး လုပ်တဲ့အတွက် အဲ့‌နေရာ‌တွေမှာ တာဝန်ကျ‌နေတဲ့ ကျ‌နော်တို့လူ‌တွေက လုံခြုံ‌ရေးအရ ပစ်ခတ်လိုက်ရတာမျိုး လုပ်လိုက်ရတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်မ‌တော်ရဟတ်ယာဉ်အ‌နေဖြင့် ၎င်းတို့၏ တပ်စခန်းတည်ရှိရာ ထီးမူထ သို့လာ‌ရောက်ရန် စီစဉ်ထား‌သော် လည်း KNU နယ်‌မြေ‌ပေါ်သို့ စုံစမ်း‌ထောက်လှမ်းသည့် ပုံစံဖြင့် KNU တပ်မဟာ (၅)၏ အထူးတပ်ရင်းဌာနချုပ် နယ်‌မြေအတွင်း ဆက် လက်ပျံသန်းခဲ့မှု‌ကြောင့် လုံခြုံ‌ရေးရယူ‌နေသည့် KNLA တပ်ဖွဲ့ဝင်များမှ ဒုတိယအကြိမ် ထပ်မံပစ်ခတ်ခဲ့‌ကြောင်းလည်း KNU ဘက်က ဆက်‌ပြောသည်။

ထိုသို့ အပစ်ခတ်ခံလိုက်ရပြီး‌နောက် ရဟတ်ယာဉ်မှာ ထွက်ခွာသွားပြီး ၎င်းတို့ မူရင်းဌာနချုပ်သို့ ပြန်သွားရာတွင် စက်အင် ဂျင်ချို့ယွင်းသွားခြင်း‌ကြောင့် ‌ကျောက်ကြီးမြို့နယ်၊ မူသဲ ‌ဘောလုံးကွင်းတွင် ဆင်းသက်ရပ်နားခဲ့‌ကြောင်း၊ KNLA တပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှု‌ကြောင့် ရဟတ်ယာဉ်မှာ ထိခိုက်မှုအနည်း ငယ်ရှိခဲ့ပြီး ၎င်းတို့ အ‌ခြေစိုက်စခန်းသို့ ပြန်‌ရောက်နိုင်ခြင်းမရှိ သည့်အတွက် အဆိုပါ ‌ဘောလုံးကွင်းတွင် အ‌ရေး‌ပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်ဟုလည်း KNU သတင်းက ဆိုသည်။

ထို့အပြင် ၎င်းအ‌ရေး‌ပေါ် ဆင်းသက်သွားသည့် ရဟတ်ယာဉ်ကို ပြန်လည်ပြုပြင်ရန် ရဟတ်ယာဉ်ပြင် စစ်အင်ဂျင်နီယာ ၄ ဦး‌ရောက်ရှိလာ‌ကြောင်းနှင့် ၎င်းရဟတ်ယာဉ်ကို လုံခြုံ‌ရေးရယူရန်အတွက်လည်း စစ်ကားကြီး (၅)စီးထပ်မံ ‌ရောက်ရှိလာပြီး စစ်အင်အား တစ်ရာနီးပါးခန့် လုံခြုံ‌ရေးရယူထားခဲ့‌ကြောင်းလည်း KNU၏ ဝက်ဘ်ဆိုက်စာမျက်နှာ၌ ဆက်လက်‌ဖော်ပြ ထားသည်။

အလားတူ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူး ‌အောင်စိုးမင်းနှင့် အဖွဲ့သည် ‌တောင်ငူ (တပခ စစ်ဌာနချုပ်) မှ ၎င်းတို့၏ ‌ရှေ့တန်း တပ်စခန်းဖြစ်‌သော ထီးထာ (တ‌ခေါ်ထာ) ၊ ‌စော်ထာ ၊ ထီးမူးထာ (‌သေမူထာ) စသည့် ‌ရှေ့တန်း တပ်စခန်းများ အတွက် မဲပုံးလာ‌ရောက် ပို့‌ဆောင်ခြင်းဖြစ်သည်ဟု တပ်မ‌တော်ဘက်က ‌ပြောဆို‌ကြောင်း၊ ၎င်းတို့လာရာလမ်း‌ကြောင်းသည် မိမိတို့တပ်စခန်းနှင့် အနီးဆုံး‌နေရာသို့‌ရောက်ရှိခြင်း၊ အသိ‌ပေးအ‌ကြောင်းကြားခြင်းမရှိဘဲ ဖြတ်သန်းလာခြင်း၊ လူထုအ ထိတ်တလန့်ဖြစ်‌စေခြင်းတို့‌ကြောင့် မိမိတို့ လုံခြုံ‌ရေးတပ်ဖွဲ့မှ မိမိကိုယ်ကို ကာကွယ်‌သောအားဖြင့် လက်နက်ငယ်ဖြင့်ပစ် ခတ်ခဲ့သည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA ဌာနချုပ်၏ လူမှုစာမျက်နှာ၌ ယ‌နေ့‌ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ‌ပြောခွင့်ရသူများကို ‌ကေအိုင်စီမှ ဆက်သွယ် ‌မေးမြန်း ‌ခေါ်ဆိုနိုင်ခြင်းမရခဲ့သလို တပ်မ‌တော်၏ လူမှုသတင်းစာမျက်နှာများတွင်လည်း ယ‌နေ့ အချိန်အထိ တစ်စုံတရာ ထုတ်ပြန် ထားခြင်းမရှိ‌သေး‌ကြောင်း ‌တွေ့ရသည်။

နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ ဦး‌မောင်‌မောင်စိုးက “ ကျ‌နော်ကြားမိတာက‌တော့ လမ်း‌ကြောင်းမှားပြီး ဝင်သွား တယ်လို့ ‌ပြောတယ်။ ဒါကို KNU ဘက်က စိုးရိမ်စိတ်နဲ့ ပစ်တယ်လို့‌ပြောတယ်။ တဖက်ကလည်းပဲ မဲပုံး‌တွေ လိုက်ချတယ်လို့လည်း ဆိုတယ်။ ဒါ‌ပေမဲ့ ဒီကိစ္စအ‌ပေါ် နှစ်ဖက်‌ခေါင်း‌ဆောင်‌တွေ သ‌ဘောထားကြီးကြီးနဲ့ ညှိနှိုင်း ‌ဖြေရှင်းရင်‌တော့ ပြဿနာကြီးကြီး မားမား ဆက်မဖြစ်နိုင်ပါဘူး။ သို့‌သော်လည်းပဲ ဒါနဲ့ပတ်သက်ပြီး သ‌ဘောထား တင်းတင်းမာမာနဲ့ ဒါကို‌တော့ လက်ခံလို့ မရဘူးဆိုတဲ့ ဘက်က စဉ်းစားရင်‌တော့ ပြဿနာတက်သွားနိုင်ပါတယ်” ဟု သုံးသပ်‌ပြောဆိုသည်။

အလားတူ ယခင်ကာလများတွင်လည်း KNU တပ်မဟာ (၅) နယ်‌မြေအ‌ပေါ် ဒရုန်းယာဉ်ငယ်များဖြင့် စုံစမ်း ‌ထောက် လှမ်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးပြီး ၎င်းကိစ္စရပ်အ‌ပေါ် KNUဘက်မှ သက်ဆိုင်ရာ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S)နှင့် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ရက်နှင့် ‌ဖေ‌ဖော်ဝါရီလ ၃ရက်‌နေ့တို့တွင် တိုင်ကြားကန့်ကွက်ခဲ့ဖူးသည်။