Home ရွေးကောက်ပွဲသတင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအရ ရန်ကုန်ကရင်‌ရေးရာအတွက် ကရင်မဲဆန္ဒရှင် ၂၃၀,၀၀ဝ ‌ကျော်ရှိ

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအရ ရန်ကုန်ကရင်‌ရေးရာအတွက် ကရင်မဲဆန္ဒရှင် ၂၃၀,၀၀ဝ ‌ကျော်ရှိ

2264
‌အောက်တိုဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပမည့် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း ‌ဒေသကြီး လွှတ် ‌တော်မဲဆန္ဒနယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာအတွက် မဲ‌ပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်‌ပေါင်း ၂၃၆,၁၃၅ ဦးရှိ‌ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

အဆိုပါ အ‌ရေအတွက်စာရင်းမှာ ရန်ကုန်တိုင်း‌ဒေသကြီး‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲများမှ ‌အောက်တိုဘာလ ၁ ရက်‌နေ့က ထပ်မံထုတ်ပြန်ထားသည့် ရန်ကုန်တိုင်း‌ဒေသကြီး အ တွင်းရှိ မြို့နယ်‌ပေါင်း ၄၅ မြို့နယ်မှ (ကရင်၊ ရခိုင်)မဲဆန္ဒရှင်စာရင်းများ ဖြစ်သည်။

ထုတ်ပြန်ထားမှုများအရ ရန်ကုန်တိုင်း‌ဒေသကြီး မဲရုံအ‌ရေအတွက်အားဖြင့် ၅၆၈ ရုံရှိပြီး တိုင်း‌ဒေသကြီး လွှတ် ‌တော်မဲဆန္ဒနယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာအတွက် မဲ‌ပေးခွင့်ရှိသူများမှာ ‌မြောက်ပိုင်းခရိုင် (၉) မြို့နယ် တွင် ၁၁၃,၂၀ဝ ဦး၊ အ‌ရှေ့ပိုင်း( ၁၄)မြို့နယ်တွင် ၂၉,၃၄၃ ဦး၊ ‌တောင်ပိုင်း(၁၀)မြို့နယ်တွင် ၆၉, ဝ၂၃ဦး၊ အ ‌နောက်ပိုင်း (၁၂)မြို့နယ်တွင် ၂၄,၅၆၉ ဦးတို့ဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်တိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ထားမှုများအရ ကရင်တိုင်း ရင်းသားလူမျိုး‌ရေးရာအတွက် မဲ‌ပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်‌ပေါင်း ၂၃၆,၁၃၅ ဦးရှိရာတွင် ကရင်မဲဆန္ဒရှင် အမျိုးသား ၁၀၈,၆၂၆ နှင့် အမျိုးသမီး ၁၂၇,၅၁၁ တို့ပါဝင်သည်ဟု သိရသည်။

ထို့အတူ တိုင်း‌ဒေသကြီးလွှတ်‌တော်မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုး‌ရေးရာတွင် ရန်ကုန်တိုင်း ‌ဒေသကြီးတွင် ကရင်နှင့် ရခိုင် ၂ ခုသာရှိသဖြင့် လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ရခိုင်တိုင်းရင်းသား‌ရေးရာအတွက် ရန်ကုန်တွင် ရခိုင်လူမျိုးမဲဆန္ဒရှင်‌ပေါင်း ၁၁၀,၉၄၇ ဦးရှိသည်ဟု ထုတ်ပြန်ထားမှုများအရ သိရသည်။

မဲဆန္ဒရှင်များ၏ ‌တောင်းဆိုမှု၊ ပြင်ဆင်မှုဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ရပ်ကွက်‌ကျေးရွာ ‌အောက်တိုဘာလ ၁ရက်‌နေ့မှစတင်ကာ ‌အောက်တို ဘာလ ၁၄ ရက်‌နေ့အထိ ‌နောက်ဆုံးအကြိမ် ထမ်မံကပ်ထား‌ကြေညာမည်ဖြစ်‌ကြောင်း သိရသည်။