Home ရွေးကောက်ပွဲသတင်း တိုင်းရင်းသားများ မဲ‌ပေးခွင့် မဆုံးရှုံး‌စေရန် ‌ပေါင်းစည်း တိုင်းရင်းသား ၅ ပါတီ သ‌ဘောထားထုတ်ပြန်

တိုင်းရင်းသားများ မဲ‌ပေးခွင့် မဆုံးရှုံး‌စေရန် ‌ပေါင်းစည်း တိုင်းရင်းသား ၅ ပါတီ သ‌ဘောထားထုတ်ပြန်

2798
‌အောက်တိုဘာ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

‌ရွေး‌ကောက်ပွဲကျင်းပပြုလုပ်နိုင်‌ခြေရှိသည့်‌ဒေသမှ တိုင်းရင်းသားပြည်သူများ မဲ‌ပေးခွင့် မဆုံးရှုံး‌ရေးအတွက် ပြည် ‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်(UEC)အ‌နေဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်‌ပေးရန် ‌ပေါင်းစည်းထားသည့် တိုင်းရင်းသား ၅ ပါတီက ‌အောက်တိုဘာ ၁၈ ရက်‌နေ့တွင် ပူးတွဲသ‌ဘောထားထုတ်ပြန်လိုက်သည်။

UEC မှ ‌အောက်တိုဘာ ၁၆ ရက်‌နေ့စွဲဖြင့် ထုတ်ပြန်ခဲ့‌သော ၂၀၂ဝ ‌ရွေး‌ကောက်ပွဲကျင်းပခြင်းမပြုမည့် နယ် ‌မြေ များစာရင်း ထုတ်ပြန်‌ကြေငြာခဲ့အပြီး ၎င်းတို့မှ ယခုလို သ‌ဘောထားထုတ်ပြန်ရခြင်းဖြစ်‌ကြောင်း ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဋ္ဌက ‌ပြောသည်။

KNDP ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက “ကရင်(ပြည်နယ်)မှာက ယခင်ပိတ်ထားတဲ့ မဲဆန္ဒနယ်ကိုပဲ ထပ်ပိတ်လိုက် ‌တော့ သိပ်‌ပြောစရာမရှိဘူး။ ရခိုင်၊ ရှမ်းတို့မှာ ပိုပိုပြီး ပိတ်လာတဲ့အခါ မဲဆန္ဒရှင်‌တွေရဲ့ မဲ‌ပေးခွင့် ရရှိ‌ရေးအတွက် သ‌ဘောထားထုတ်ပြန်ရခြင်းဖြစ်တယ်။” ဟု ‌အောက်တိုဘာ ၁၉ ရက်တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် UEC အ‌နေဖြင့် ‌ရွေး‌ကောက်ပွဲကျင်းပခြင်းမပြုမည့် နယ်‌မြေများစာရင်းကို မဲဆွယ်စည်းရုံး‌ရေးကာလ မတိုင်မီ အ‌စောပိုင်းကာလတွင် ထုတ်ပြန်‌ပေးနိုင်မှသာ နိုင်ငံ‌ရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် အ ဆင်‌ပြေမည်ဖြစ်‌ကြောင်း မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

သ‌ဘောထား ထုတ်ပြန်ထားသည့် ပြည်နယ် ၅ ခုမှ ‌ပေါင်းစည်းပါတီများမှာ ကရင်ပြည်နယ်မှ KNDP၊ KSPP-က ချင်ပြည်နယ် ပြည်သူ့ပါတီ၊ KySDP-ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ CNLD-ချင်းအမျိုးသားဒီမိုက ‌ရေစီ အဖွဲ့ချုပ်၊ MUP-မွန်ညီညွတ်‌ရေးပါတီတို့ဖြစ်သည်။

KSPP ဒုဥက္ကဋ္ဌ (၂) ကွမ်ဂ‌ရောင်‌အောင်ခမ်းကလည်း “ကျ‌နော်တို့ ကချင်မှာ ‌ကျေးရွာအုပ်စု‌တွေ‌လောက်ပဲ ဖျက် သိမ်းတာဖြစ်တယ်။ ရခိုင်မှာဆို ၉ မြို့နယ်‌တောင် ဖျက်သိမ်း‌တော့ ‌နောက်ဆက်တွဲပြဿနာ‌တွေအများကြီး ဖြစ် လာနိုင်တယ်။ ဒါကို အမြန်ဆုံးပြည်လည်ပြင်ဆင်ပြီးမှ ‌ရွေး‌ကောက်ပွဲကို လုပ်‌စေချင်ပါတယ်။” ဟု‌ပြောသည်။

UEC မှ ယခုလိုလုပ်လိုက်ခြင်းအားဖြင့် ငြိမ်းချမ်း‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေး၊ တရားမျှတ‌ရေး၊ ဖက် ဒရယ်နိုင်ငံတည်‌ဆောက်‌ရေး၊ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးတို့တွင် ထိခိုက်လာနိုင်‌ကြောင်းလည်း ကွမ်ဂ‌ရောင် ‌အောင်ခမ်းက ‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်(UEC)တာဝန်ရှိသူကို ‌ကေအိုင်စီမှ ဆက် သွယ်‌မေးမြန်းခဲ့‌သော်လည်း ‌ဖြေကြားရန် မအားလပ်‌သေး‌ကြောင်း ပြန်လည် ‌ပြောဆိုသည်။

UEC ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ‌ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည် နယ်ရှိ မြို့နယ် ၆ မြို့နယ်မှ ‌ကျေးရွာအုပ်စု ၅၃၊ မွန်ပြည်နယ်ရှိ ‌ကျေးရွာ ၁ အုပ်စု၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်စလုံးနှင့် ၄ မြို့နယ်မှ ‌ကျေး ရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်ရှိ ၆ မြို့နယ်နှင့် အခြား ၁၇ မြို့နယ်မှ ‌ကျေးရွာအုပ်စု ၁၃၃၊ ပဲခူးတိုင်းရှိ ၂ မြို့နယ်မှ ‌ကျေးရွာအုပ်စု ၄၂ အုပ်စုတို့မှာ ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင် ‌ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခုဒုံ‌ကျေးရွာမှ နန်း‌သောင်ကျာအဲက “ကျမတို့ ‌ကျေးရွာအုပ်စုဟာ တ ခါမှ ‌ရွေး‌ကောက်ပွဲကျင်းပခွင့်မရ‌သေးပါဘူး။ အခုဆို လမ်းပန်းဆက်သွယ်‌ရေးလည်း‌ကောင်းတယ်။ တိုက်ပွဲ လည်းမဖြစ်လို့ ‌ရွေး‌ကောက်ပွဲကျင်းပခွင့်တာ့ ရသင့်တယ်။ ကျမလည်း နိုင်ငံသားတစ်‌ယောက်အ‌နေနဲ့ မဲထည့် ဖူးချင်လို့ပါ။” ဟု ‌ပြောသည်။

‌ပေါင်းစည်းတိုင်းရင်းသား ၅ ပါတီ၏ တန်ပြန် ထုတ်ပြန်ချက်တွင် ‌ရွေး‌ကောက်ပွဲကျင်းပရန် ရက်‌ပေါင်း ၂ဝ ဝန်းကျင်သာ လို‌တော့သည့်အချိန်တွင် UEC ၏ ထုတ်ပြန်ချက်သည် တိုင်းရင်းသားမဲဆန္ဒရှင်အတွက် တရားမျှတမှုမရှိသလို ‌ရွေး‌ကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုကိုပါ ‌မေးခွန်းထုတ်စရာဖြစ်‌စေ‌ကြောင်း ပါရှိသည်။

ထို့အပြင် နိုင်ငံသားတိုင်းတန်းတူ အခွင့်အ‌ရေးရရှိပြီး လွှတ်‌တော်နိုင်ငံ‌ရေးတွင် ပါဝင်ခွင့် ရ‌စေသည့်နည်းလမ်းဖြင့် နိုင်ငံ‌ရေး‌ဘောင်ကို ချဲ့ထွင်ရန် မဖြစ်မ‌နေလိုအပ်‌နေသည့် အ‌နေအထားတွင် UEC ၏ ထုတ်ပြန်ချက်သည် ‌ရွေး ‌ကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်‌မြေများမှ တိုင်းရင်းသားများအား လွှတ်‌တော်ပြင်ပနိုင်ငံ‌ရေးနည်းလမ်းများ ‌ရွေးချယ်လာ‌စေရန် တွန်းပို့ရာ‌ရောက်သည်ကို ရှုမြင်ပါသည်ဟု ထပ်မံပါရှိသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အတွင်းရှိ အ‌ခြေစိုက် တိုင်းရင်သားပါတီအများအပြား ရှုံးနိမ့်မှုများ ဖြစ်‌ပေါ် ခဲ့ ပြီး‌နောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်များရှိ ပါတီအများအပြားမှာ သက်ဆိုင်ရာပြည်နယ်၌ တစ် ပါတီတည်းအဖြစ် ပြန်လည်ပူး‌ပေါင်းလိုက်သလို အဆိုပါ ‌ပေါင်းစည်းပါတီ ၅ ပါတီမှာလည်း အတူတကွ လက်တွဲ ‌ဆောင်ရွက်‌နေသည်ဟု သိရသည်။