Home သတင်း ခွဲလု‌သောင် (တံပိုး) အွန်လိုင်း ပိုးကရင်သီချင်းဆိုပြိုင်ပွဲအစီအစဉ်မှ ဆုရရှိသူများကို ဆုချီးမြှင့်မည်

ခွဲလု‌သောင် (တံပိုး) အွန်လိုင်း ပိုးကရင်သီချင်းဆိုပြိုင်ပွဲအစီအစဉ်မှ ဆုရရှိသူများကို ဆုချီးမြှင့်မည်

2064
Photo: Kway lu thou
‌အောက်တိုဘာ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ပြည်တွင်း၊ ပြည်ပပိုးကရင်‌တေးသံရှင်များနှင့် သီချင်းဝါသနာရှင်များပါဝင်သည့် ပိုးကရင်အ‌ခေါ် ခွဲလု‌သောင် (တံပိုး)အွန်လိုင်း ပိုးကရင်သီချင်း အဆိုပြိုင်ပွဲအစီအစဉ် Level 3 ကို ‌အောက်တိုဘာလ ၂၆ ရက်‌နေ့မှ စတင်ကာ ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို ‌အောက်တိုဘာလ ၃ဝ ရက်‌နေ့တွင် ဆုချီးမြှင့်သွားမည်ဟု သိရသည်။

အဆိုပါ အွန်လိုင်း သီချင်းအဆိုပြိုင်ပွဲ အစီအစဉ်အတွက် နိုင်ငံတကာသို့‌ရောက် ပိုးကရင်များဖြင့် စုဖွဲ့ထားသည့် Global Poe Karen Network မှ ကြီးမှူးပြီး ကရင်အနုပညာရှင်များပါဝင်‌သော ခွဲလု‌သောင်အဖွဲ့မှ ‌ကောင်မတီဖွဲ့ စည်းကာအ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်မှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်တွင် အစီအစဉ်ကို စတင်ခဲ့ ခြင်းဖြစ်သည်။

ခွဲလု‌သောင်အဖွဲ့အတွင်း‌ရေးမှူးလည်းဖြစ် ဒိုင်လူကြီးလည်းဖြစ်သည့် မန်းရက်ဆိုက “ ပိုးကရင်လူငယ်‌လေး ‌တွေ အ‌နေနဲ့ အ‌ရေးအဆိုဘက်မှာထူးချွန်‌ပြောင်‌မြောက်လာ‌အောင်၊ ပိုးကရင်သီချင်း‌တွေများလာ‌အောင်၊ ကိုယ့်လူမျိုး ရဲ့အ‌ရေးအရာ‌တွေမှာ စိတ်အားထက်သန်စွာနဲ့ပါဝင်ချင်စိတ်ရှိလာ‌အောင်ပြုလုပ်‌ပေးတာဖြစ်တယ်” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုအစီအစဉ်မှာ ပိုးကရင်လူငယ်များ၏ အနုပညာနှင့်ပတ်သက်သည့် အိမ်မက်များဖြစ်‌ပေါ်လာ‌ရေး အ‌ကောင်အထည်‌ဖော်‌ပေးလုပ်‌ဆောင်‌ပေးခြင်းဖြစ်သလို နိုင်ငံတကာ‌ရောက်ရှိ‌နေကြသည့် ပိုးကရင်လူငယ်များ အချင်းချင်းရင်းနှီးမှု၊ ချိတ်ဆက်မှုနှင့် အပြန်အလှန်‌ဖေးမကူညီနိုင်‌ရေး စသည့်ရည်ရွယ်ချက်များလည်းပါဝင် သည်ဟု ၎င်းကဆက်‌ပြောသည်။

သီချင်းအမျိုးအစားနှင့် ပုံစံများ ကန့်သတ်ထားခြင်းမရှိသည့် အဆိုပါ ပိုးကရင် အွန်လိုင်းသီချင်းဆိုပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် မ‌လေးရှား၊ စကင်္ာပူ၊ ထိုင်း၊ ဩစ‌တေးလျ စသည့်နိုင်ငံများမှ ပိုးကရင်သီချင်း ဝါသနာရှင် ‌ပေါင်း ၃၉၅ ဦး Level 1 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ပြိုင်ပွဲဝင်များထဲမှ ‌အောက်တိုဘာလ ၆ ရက်‌နေ့တွင်ပြုလုပ်သည့် Level 2 အဆင့်ပြိုင်ပွဲ အစီအစဉ်တွင် ပြိုင်ပွဲဝင် ၂ဝ ဦးကို ထပ်မံ‌ရွေးထုတ်ကာ ယင်းပြိုင်ပွဲဝင် ၂ဝ ဦးထဲမှ ၅ ဦး ဆန်ကာတင်အဖြစ်‌ရွေးချယ်ထားပြီး ‌အောက်တိုဘာလ ၂၆ ရက်‌နေ့တွင် စတင်ပြုလုပ်မည့် ‌နောက်ဆုံး final level 3 အဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

ပြိုင်ပွဲဝင်များကို Online Voting စနစ်ဖြင့်ဒိုင်များ၏ အမှတ်‌ပေးမှု ၅ဝ နှင့် ကြည့်ရှုသူပရိသတ် အမှတ်‌ပေးမှု ၅ဝ ဖြင့် အကဲဖြတ်အမှတ်‌ပေးသွားမည်ဖြစ်ပြီး ပထမဆုကို ကျပ် ၅ သိန်း၊ ဒုတိယကို ၃ သိန်းနှင့် တတိယကို ၂ သိန်းနှင့် ကျန် ၂ ဆုကိုနှစ်သိမ့်ဆုများအဖြစ် ၁ သိန်းကျပ်စီ ချီးမြှင့်သွားမည်ဖြစ်သည်ဟု သိရသည်။