Home COVID-19 ကိုဗစ်ကာကွယ်‌ရေး စည်းမျဉ်းစည်းကမ်းများ ပိုမိုလိုက်နာ‌စေရန် KNU ညွှန်ကြားချက်ထုတ်

ကိုဗစ်ကာကွယ်‌ရေး စည်းမျဉ်းစည်းကမ်းများ ပိုမိုလိုက်နာ‌စေရန် KNU ညွှန်ကြားချက်ထုတ်

2242
Photo: KNU

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်နှင့် ကရင်အမျုးိသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေတချို့တွင် Covid-19 ‌ရောဂါပိုး အတည်ပြု လူနာများ‌တွေ့ရှိမှုများလာသည့်အတွက် ကိုဗစ်ထိန်းချုပ်ကာကွယ်‌ရေး စည်းမျဉ်းစည်းကမ်းများကို ပိုမိုလိုက်နာ‌စေရန်နှင့် လူစုလူ‌ဝေးဖြစ်‌ပေါ်‌စေမှုကို မပြုလုပ်‌စေရန် KNU ခရိုင်အသီးသီးသို့ ဗဟိုမှ ‌အောက်တိုဘာလ ၁၇ရက်‌နေ့ ရက်စွဲဖြင့် ညွှန်ကြားလိုက်‌ကြောင်းသိရသည်။

KNU ဗဟိုမှ ဖွဲ့စည်းထားသည့် Covid-19 အ‌ရေး‌ပေါ်တုန့်ပြန်‌ရေး‌ကော်မတီ၏ အစီရင်ခံချက်‌ပေါ် အ‌ခြေခံပြီး KNU ထိန်းချုပ် နယ်‌မြေနှင့် ထိစပ်နယ်‌မြေများတွင် ကိုဗစ်‌ရောဂါပိုး ‌တွေ့ရှိသူ (၁၀၀)ဦး‌ကျော်ရှိလာသည့်အတွက် ‌ကော်မတီမှ ယခင်ထုတ် ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ ပိုမိုလိုက်နာနိုင်‌စေရန် နှင့် လူစုလူ‌ဝေး ဖြစ်‌စေသည့် ဘုရားသွား ‌ကျောင်းတက်၊ ပွဲလမ်းသဘင် ပြုလုပ်ခြင်းများကို ယခု‌အောက်တိုဘာလ ၁၇ ရက်‌နေ့မှ နိုဝင်ဘာလ ၃ဝရက်‌နေ့ အထိ တားမြစ်ကန့်သတ်ထားရန် ခရိုင်အသီးသီးကို ညွှန်ကြားခဲ့ခြင်း ဖြစ် သည်။

ဗဟိုအဆင့် ‌ကော်မတီ ဥက္ကဋ္ဌ ပဒို‌စောဒိုင်းမွန်းခင်က “ ကျ‌နော်တို့ ဒီ‌ရောဂါ ထိန်းချုပ်ကာကွယ်မှုအတွက် အွန် လိုင်းက‌နေ ပုံမှန်အစည်းအ‌ဝေးထိုင်တဲ့အခါ အခုလတ်တ‌လော ကိုဗစ်ပိုး‌တွေ့ရှိသူများလာမှုမှာ နယ်စပ် လည်းပါလာတာ ‌တွေ့ရတယ်။ အဲ့အတွက် ဒီကိုဗစ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး‌တော့ ‌ကော်မတီရဲ့ အကြံပြုမှု အ‌ပေါ်မူတည်ပြီး ဗဟိုကညွှန်ကြားချက်ထုတ်လိုက်တာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိတွင် ကိုဗစ်‌ရောဂါပိုးကူးစက်ပြန့်ပွားမှုများ အရှိန်မြင့်မားလျက်ရှိပြီး လာမည့် ဒီဇင်ဘာလ အထိ ထိန်းချုပ်နိုင်မှု မရှိပါက ၎င်းတို့အတွက် စိုးရိမ်ရမည့် အ‌ခြေအ‌နေရှိလာနိုင်‌ကြောင်းလည်း ပဒို‌စောဒိုင်းမွန်းခင်က ဆက်‌ပြောသည်။

အဆိုပါ ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများအရ ခရိုင်ချင်း၊ မြို့နယ်ချင်း၊ ရွာချင်းကူးလူး သွားလာမှုများကို ပိုမိုတင်းကြပ် စိစစ်ရန်၊ ၁၅ ဦးထက်ပို၍ လူစုလူ‌ဝေး မလုပ်ရန် စသည့် စည်းကမ်းချက်များအပါအဝင် လတ်တ ‌လော ထပ်မံ ညွှန်ကြားလိုက်သည့် ဘုရားသွား‌ကျောင်းတက်၊ ပွဲလမ်းသဘင် ပြုလုပ်ခြင်းများကိုပါ ပိုမိုကြီးကြပ် ‌ဆောင်ရွက်သွားရန်တို့ ပါဝင်သည်။

ထို့‌နောက် ‌ရောဂါထိန်းချုပ်ကာကွယ်နိုင်မှုနှင့် ကူးစက်မှုနှုန်း ‌လျော့နည်းလာသည့် အ‌ခြေအ‌နေ‌ပေါ် မူတည်ပြီး ဘုရား‌ကျောင်း၊ ဘုန်းကြီး‌ကျောင်း နှင့်ဗလီ‌ကျောင်း တက်‌ရောက်စု‌ဝေးမှုများနှင့် ပွဲလမ်းသဘင် ကျင်းပပြုလုပ် နိုင်မည့် ‌ဖြေ‌လျှော့မှုများကိုလည်း ပြန်လည်အသိ‌ပေး ညွှန်ကြားမည်ဖြစ်ပြီး လတ်တ‌လော ညွှန်ကြားချက်ကို လည်း ခရိုင်‌ခေါင်း‌ဆောင်အသီးသီးတို့မှ ‌အောက်‌ခြေအဆင့်ဆင့် တာဝန်ရှိသူများကို ဆက်လက် ညွှန်ကြားသွား ရန် KNUက ဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ KNUမှ ကိုဗစ်အ‌ရေး‌ပေါ်ကာကွယ်တုန့်ပြန်‌ရေး‌ကော်မတီ ဖွဲ့စည်းပြီး‌နောက် ပညာ‌ပေး လုပ်ငန်းများ စတင်လုပ်‌ဆောင်မှုအပြင် Screening point ‌နေရာ ၅၀၊ Quarantine Center ၂၁ ‌နေရာ စီစဉ်ချမှတ်ခဲ့ပြီး ‌ရောဂါထိန်းချုပ်ကာကွယ်‌ရေး လုပ်ငန်းများကို စတင်လုပ်‌ဆောင်ခဲ့ကာ လာမည့် ဒီဇင်ဘာလ အထိ လုပ်‌ဆောင်သွားရန် လျာထား‌ကြောင်း KNUက ဆိုသည်။

ထို့‌နောက် လက်ရှိတွင် KNU ကျန်းမာ‌ရေး လုပ်သားများအ‌နေဖြင့် (Viral Transport Medium) သင်တန်းကို တက်‌ရောက်ထားပြီး သက်ဆိုင်ရာခရိုင်အသီးသီးသို့ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရန် စီစဉ်‌နေ‌ကြောင်း နှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံကို ကိုဗစ် ဗိုင်းရပ်စ် စမ်းသပ်စစ်‌ဆေးနိုင်မည့် PCR စက် ၆ လုံး ‌ပေးပို့လှူဒါန်း ရာတွင် ကရင်ပြည်နယ်အ‌နေဖြင့် ၂လုံးရရှိမည်ဖြစ်ကာ KNUအတွက် တစ်လုံး‌ပေးပို့ သွားမည်ဖြစ်ပြီး ၎င်း အ တွက်လည်း လိုအပ်သည်များကို စီစဉ်‌နေ‌ကြောင်း KNU ကိုဗစ်အ‌ရေး‌ပေါ်တုန့်ပြန်‌ရေး ‌ကော်မတီထံမှ သိရသည်။

ထိုသို့ KNU မှ ကိုဗစ် ‌ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးအတွက် စီမံလုပ်‌ဆောင်ရာတွင် မြန်မာ့တပ်မ‌တော်၏ ဟန့်တား‌နှောင့်ယှက်မှုများ‌ကြောင့် အခက်အခဲများကြုံခဲ့ရ‌ကြောင်း KNU ဘက်ကဆိုပြီး ပြီးခဲ့သည့်လများက KNU မှ ဖွင့်လှစ်ထား‌သော ကျန်းမာ‌ရေး စစ်‌ဆေး‌ရေး ဂိတ်များကို တပ်မ‌တော်မှ တားမြစ်ဟန့်တားမှုများ ၊ မီးရှို့ဖျက်ဆီးမှုများ လုပ်‌ဆောင်ခဲ့သည့် ဖြစ်စဉ်များလည်း‌ပေါ်‌ပေါက်ခဲ့သည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း ကိုဗစ်‌ရောဂါပိုး ‌တွေ့ရှိသူ ၁၄၇ ဦးရှိပြီး ‌သေဆုံးသူ ၂ဦးရှိကာ ၁၅ဦး ပြန် လည် ‌ကောင်းမွန်လာ‌ကြောင်း မြန်မာနိုင်ငံ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။
ထို့အပြင် ကမ႓ာတစ်ဝှမ်းကူးစက်မှုနှုန်းအ‌နေဖြင့် (၄၀,၄၀၃,၇၉၉)ဦး ကူးစက်ခံထားရကာ ‌သေဆုံးသူ (၁,၁ ၁၈, ၃၆၁)ဦး နှင့် ပြန်လည်‌ကောင်းမွန်လာသူ (၂၇,၇၀၆,၁၅၂)ဦးရှိလာခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ‌ပေါင်း (၃၇၂၀၅)ဦးနှင့် ‌သေဆုံးသူ (၉၁၄)ဦး၊ ပြန်လာ‌ကောင်းမွန်လာသူ (၁၇,၅၆၈)ဦးရှိ‌ကြောင်း ထုတ်ပြန်ချက် အသီးသီးရ သိရသည်။