Home ဆောင်းပါး ကရင်များ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ကြပါ‌စေ

ကရင်များ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ကြပါ‌စေ

3121
ကရင်များ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ကြပါ‌စေ

လွန်ခဲ့‌သော ၈.၉.၂၀၂ဝ ‌နေ့က မဲဆွယ်စည်းရုံး‌ရေး ကို စတင်ခွင့်ပြုလိုက်သည်။ ထိုအခါ ပါတီကြီး ပါတီငယ်နှင့် ကရင်ပါတီများသည် မြို့နယ်‌ကျေးရွာ ‌ဒေသများ၌ မဲဆွယ်စည်းရုံး‌ရေးကို အပြိုင်အဆိုင် စည်းရုံးကြသည်ကို ‌တွေ့ရ‌လေသည်။ အနီအဖွဲ့၊ အစိမ်းအဖွဲ့၊ အပြာအဖွဲ့၊ အဝါအဖွဲ့နှင့် နီဖြူပြာ အစ ရှိ‌သော အ‌ရောင်အ‌သွေးမျိုးစုံတို့ကို ‌တွေ့ရပါသည်။ ကြည့်ရသည်မှာ ကမ္ဘာ့ဖလား ‌ဘောလုံးပွဲ ကန်မည့် ‌ဘောလုံးအဖွဲ့များလား ‌အောက်‌မေ့ရပါသည်။

‌ရွေး‌ကောက်ပွဲအတွက် စည်းရုံး‌ရေးကို နှစ်လ အချိန်‌ပေးထားသည်။ သို့တွက်‌ကြောင့် အွန်လိုင်း‌ပေါ် တွင် ယခုအခါ မိမိတို့နှစ်သက်သည့် ပါတီများ၏ အမှတ်တံဆိပ်(လိုဂို)များကို မိမိတို့ရုပ်ပုံများနှင့် အတူ အပြိုင်အဆိုင်တင်လျက် ပလူပျံ‌နေသည်ကို ‌တွေ့ရ‌လေသည်။ ကရင်လူမျိုးများသည်လည်း မိမိ တို့ နှစ်သက်‌သော ပါတီများ၏လိုဂိုကိုလည်း မိမိတို့ ရုပ်ပုံများနှင့် တွဲ၍တင်ကြသည်။

ထိုအထဲတွင် တချို့ကရင်များသည် ပါတီကြီး များကို သ‌ဘောကျ နှစ်သက်ကြသဖြင့် ပါတီကြီးများ ၏ သ‌ကေင်္တဖြစ်‌သော အ‌ရောင်အဆင်း၊ အကျင်္ီများ နှင့် လိုဂိုတံဆိပ်များကို မိမိတို့ကိုယ်‌ပေါ်တွင် ဝတ် ဆင်ပြီး အလှပြိုင်ဆိုင်‌နေကြသည်။

တချို့ကရင်များမှာ‌တော့ မိမိတို့၏ ကရင်အမျိုး သားများ တည်‌ထောင်‌သော ကရင်ပါတီများ၏ သ‌ကေင်္တအလံတံဆိပ်နှင့် လိုဂိုများကို မိမိတို့ကိုယ် အကျင်္ီ‌ပေါ်တွင် အလှဆင်ပြီး ဝတ်ဆင်ကြသည်ကို လည်း ‌တွေ့ရ‌လေသည်။

ယင်းသ‌ကေင်္တများအနက် ကရင့်ယဉ်‌ကျေးမှု သ‌ကေင်္တဖြစ်‌သော ဖားစည်၊ ကျွဲချို၊ နီဖြူပြာစ‌သော အ‌ရောင်အဆင်း လှလှပါရှိသည့် အကျင်္ီများကို ကရင်လှပျိုဖြူနှင့် ကရင်လုလင်ပျိုတို့ ကိုယ်‌ပေါ်တွင် ‌တွေ့ရသည့်အခါ ကရင်အများစု စိတ်ထဲမှာ သူ့လူမျိုး သူ့ယဉ်‌ကျေးမှုကို ချစ်ခင်မြတ်နိုး‌သော လူမျိုးအဖြစ် ဂုဏ်ပြုချီးချူးကြသည်။ လိုက်ဖက်အညီဆုံးအဖြစ် မှတ်ယူကြပြီး နှစ်သက်ကြည်နူး ကြသည်ကို ‌တွေ့ရ သည်။

ထို့ပြင် မြို့နယ်‌ကျေးရွာများ၌ ‌လေးငါးပါတီရှိ‌နေ ကြသဖြင့် ယင်း‌ဒေသသို့ ထိုပါတီများက တစ်ဖွဲ့ပြီး တစ်ဖွဲ့ ‌ရောက်လာကြပြီး မိမိတို့မဲရရှိ‌ရေးအတွက် စည်းလုံး‌ရေးကို ‌ဟော‌ပြောကြသည်။ မိမိတို့၏ပါတီ မူဝါဒ‌တွေကို ချပြသည်။ ထို့‌နောက် မဲအနိုင်ရရှိပါလျှင် နိုင်ငံ‌တော်တိုးတက်ဖို့အတွက်၊ တိုင်းရင်းသားလူမျိုး များအတွက်၊ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် မည်သို့‌ဆောင် ရွက်‌ပေးမည်ကို ‌ဟော‌ပြောကြသည်။ ထိုအခါ ရိုးသား‌သော ‌ကျေးရွာ‌ဒေသရှိ ပြည်သူများက သူတို့ ကိုကြည့်ပြီး ဟုတ်ပြီး၊ ငါတို့‌တော့ မဲထည့်‌ပေးမည်ဟု ‌ကျေနပ်အားရကြသည်။

ထို့‌နောက် မကြာခင်မှာ ‌နောက်ထပ်တစ်ဖွဲ့ ‌ရောက်လာပြန်သည်။ ‌ရှေ့ကကဲ့သို့ တစ်ထပ်တည်း မဟုတ်သည့်တိုင် ထိုကဲ့သို့ပင် ‌ကျေးလက်ပြည်သူ များကို ဆက်လက်‌ဟော‌ပြော စည်းရုံးပြန်သည်။ ထို အခါ ပညာနည်းပါး ပြည်သူများက မည်သည့်ပါတီမှ လုံးဝဆိုးဝါးခြင်းမရှိ၊ အ‌ကောင်းချည်းသာ လုပ်‌ပေး မည်ဖြစ်၍ မည်သည့်ပါတီကို မဲထည့်‌ပေးရလျှင် ‌ကောင်းမည်နည်းဟု တချို့မှာ ဇ‌ဝေဇဝါ‌တွေ ဖြစ်လာ ကြသည်။

ဤသို့‌တွေ့ရသဖြင့် စာ‌ရေးသူသည် ပိဋကတ် စာ‌ပေထဲက ဘုရားရှင်‌ဟောပြ‌သော ကာလာမသုတ် ကို သွား၍ သတိရမိ‌လေသည်။ ‌ကေသမုတိ္တကာလာမ ရွာသားများသည် သူတို့ရွာသို့ အယူဝါဒဆိုင်ရာ ‌ခေါင်း‌ဆောင်ကြီးများ ‌ရောက်လာပြီး “မိမိတို့၏ အယူဝါဒက ‌ကောင်း‌ကြောင်းနှင့် သူများအယူဝါဒက မ‌ကောင်း‌ကြောင်း”များကိုသာ ‌ဟော‌ပြောကြပြီး ထွက်ခွာသွားကြသည်။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ယင်းကဲ့သို့ ‌ဟော‌ပြောလျက် ထွက်သွားပြီးသည့်အခါ ကျန်ခဲ့ ‌သော ကာလာမရွာသားများက ဇ‌ဝေဇဝါ ဖြစ်ကုန်ကြ သည်။ မည်သည့်အယူဝါဒက အ‌ကောင်းအမှန် ဖြစ် သည်ကို မသိရှာဘဲ ‌ယောင်လည်လည် ချာတာတာ ဖြစ်ကုန်ကြသည်။ ထိုအထဲတွင် ‌ဂေါတဗုဒ္ဓသည် လည်း ‌ရောက်လာပြန်သည်။ ‌ဂေါတဗုဒ္ဓသည် မိမိ၏ အယူဝါဒကို ‌ရှေ့ဆရာများကဲ့သို့ ‌ဟော‌ပြောလိမ့် မည်ဟု ထင်ကြသည်။ သို့‌သော် ‌ဂေါတဗုဒ္ဓက မိမိ၏အယူဝါဒကို ‌ဟောပြခြင်းမရှိ‌ချေ။ ထိုအခါ ကာလာမရွာ သားတို့သည် ‌ရှေ့ဆရာကြီးများ၏ ‌ဟော‌ပြော‌သော အယူဝါဒများနှင့်အတူ မည်သည့် အယူဝါဒက မှန်သည်ကို‌မေးမြန်း ‌လျှောက်‌လေသည်။ ထိုအခါကျမှ အမှန်နှင့်အမှားကို တိုင်းတာ‌ပေးနိုင် ‌သော ကာလမသုတ်‌ပေတံစံကို ချ၍ ‌ဟောပြသည်။ မည်သည့်အယူဝါဒကိုမှ ‌ဟောပြခြင်းမရှိဘဲ တိုင်း တာရန် ‌ပေတံမူကိုသာ ‌ဟောပြခဲ့သည်။

မည်သို့ပင်ဖြစ်‌စေ ယခုအခါမှာ မဲဆွယ်စည်းလုံး ‌ရေး ကာလဖြစ်၍ သက်ဆိုင်ပါတီများက မိမိတို့ပါတီ များ အနိုင်ရရှိ‌ရေးအတွက် ပြည်သူရှိရာ‌ဒေသသို့ သွား‌ရောက်ကြပြီး စည်းလုံး‌ရေး‌ဟော‌ပြောကြ‌လေ သည်။ ထိုသို့‌ဟော‌ပြောမှသာလျှင် ပြည်သူများသည် နိုင်ငံ‌ရေးဆိုင်ရာများကို နားလည်လာပြီး မိမိတို့သည် မည်သည့်ပါတီကို မဲထည့်ရမည်ကို သိရှိပါလိမ့်မည်။ ယင်းသို့ သိရှိလာကြသဖြင့် ပြည်သူများသည် မိမိ တို့ အချင်းချင်း ဆန္ဒသ‌ဘောထားများ တူညီမှုရှိကြ သလို တချို့လည်း မတူညီကြဘဲ ကွဲပြားမှုများ ရှိကြ သည်ကို ‌တွေ့ရပါသည်။ လူအမျိုးမျိုး၊ နတ်အဖုံဖုံ ကဲ့သို့ပင် ဖြစ်သည်။

တချို့က မိမိတို့ကရင်လူမျိုးများ တည်‌ထောင် ထား‌သော ပါတီများကို မဲထည့်လို့နိုင်လျှင်လည်း ဘာမှ မလုပ်‌ပေးနိုင်သလို အစိုးရလည်း မဖွဲ့နိုင်၊ မအုပ်ချုပ်နိုင်ဟု ‌ပြောဆိုကြပြန်သည်။ တိုင်းရင်းသား ပါတီများ လွတ်‌တော်ထဲတွင် ဘာ‌တွေများ‌တောင်းဆို ခဲ့ဘူးပါသလဲဟု ‌ထောက်ပြသူများလည်း ‌တွေ့ရ သည်။ ယင်း‌ပြောဆိုမှုသည် ‌လေး‌လေးနက်နက် ‌လေ့ လာသင့်‌ပေသည်။

နိုင်ငံ‌ရေးဆိုသည်မှာ လွန်စွာ ပရိယာယ် ‌ပေါများကြွယ်ဝလှ‌ပေသည်။ အသိဉာဏ် ဦး‌နှောက်ပါးပါး ‌လေးနှင့် ‌တွေး‌ခေါ်လို့မရ‌ချေ။ အ‌ရှေ့ အ‌နောက် ‌တွေး‌ခေါ်‌မြော်မြင်တတ်ရပါမည်။ အထူးသဖြင့် နိုင်ငံ‌ရေးကို‌ကောင်း‌ကောင်း နားမလည်ကြ‌သော လူငယ်များသည် တစ်ဖက်‌ပြောသူများ ၏စကားကို ယုံကြည်‌နေတတ်ကြသည်။ အထက်ပါ ‌ပြောဆိုမှု များကို မိမိအ‌နေဖြင့် နိုင်ငံ‌ရေးဆရာကြီး တစ်‌ယောက် ၏ ‌ရေးသားချက်ကို ကိုးကားပြီး တင်ပြ‌ပေးချင်ပါ သည်။

ကရင်အမျိုးသားပါတီ ဥက္ကဋ္ဌ မန်းထိန်ဝင်းစိန် က ]မြန်မာနိုင်ငံ၏ နယ်နိမိတ် ၅၅ ဒသမ ၅ ရာခိုင် နှုန်းနှင့် လူဦး‌ရေ ၄ဝ ရာခိုင်နှုန်းသည် တိုင်းရင်းသား ပါတီများ မိမိတို့‌ဒေသတွင် အနိုင်ရပါက ပြည်မပါတီ ကြီးများအ‌နေဖြင့် ၎င်းတို့ပါတီ တစ်ခုတည်းဖြင့် အစိုးရ မဖွဲ့နိုင်၊ တိုင်းရင်းသားပါတီများ၏ အင်အား ကို ရယူရမည်ဖြစ်ရာ အာဏာချိန်ခွင်လျာ ထိန်းညှိပြီး ဖက်ဒရယ်စနစ်ဖြင့် ပြည်‌ထောင်စုစစ်စစ်ကို တည် ‌ဆောက်နိုင်မည်ဖြစ်သည်။ အချို့ ပုဂ္ဂိုလ်များက ဒီမို က‌ရေစီရပြီးလျှင် ဖက်ဒရယ်အလိုလို ရရှိလာမည် ဟု အလွယ်တကူ ‌ပြော‌လေ့ရှိသည်။ ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်ဆိုသည်မှာ ဒဂင်္ါးတစ်ပြား၏ ‌ခေါင်းနှင့်ပန်း ပင်ဖြစ်သည်။ ဒီမိုက‌ရေစီ ရရှိပြီးမှ ဖက်ဒရယ်အလိုလို ရရှိသည်ဆိုသည့် သီအိုရီ ကမ္ဘာမှာ မရှိ‌သေး‌ပေ။ အိနိ္ဒယ ဒီမိုက‌ရေစီ နိုင်ငံသည်ပင် ဌာ‌နေတိုင်းရင်း သားတို့ နိုင်ငံ‌ရေးပါတီအင်အား၊ လက်နက်အင်အား၊ လူအင်အားဖြင့် ‌တောင်းဆိုမှု‌ကြောင့်သာ ဗဟိုမှ အထိုက်အ‌လျောက် အာဏာ‌လျှော့‌ပေးခဲ့သည့် သမိုင်းရှိသည်။ ထို့‌ကြောင့် ကရင်ပါတီများသည် လည်း တိုင်းပြည်လိုအပ်ချက်များ ဖြစ်‌သော တန်းတူ ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသည့် ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် ဘဝတူ တိုင်းရင်းသားများ၊ ဒီမိုက‌ရေစီ ဖက်ဒရယ် အင်အားစု များဖြင့် မဟာမိတ်ဖွဲ့ရမည်မှာ မှန်ကန်‌သော မဟာ ဗျူဟာနှင့် နည်းပညာ‌ပေါင်းစပ်မှုဖြစ်‌ကြောင်း တင်ပြလိုက်ရပါသည်}ဟု ကရင်ဘာလဲ ဘယ်လဲ ‌ဆောင်းပါးတွင် ရှင်းလင်းတင်ပြထား‌လေသည်။

တချို့က ပါတီကြီးများကို မဲ‌ပေးခြင်းသည် အာ ဏာရှင်များကို ဆက်တိုက်ရန်ဟု ‌ပြောဆိုလာသူများ လည်းရှိ‌လေသည်။ လွန်ခဲ့‌သော ငါးနှစ်ကစ၍ အာဏာရှင်များကို တိုက်ဖို့ဆိုပြီး ‌ေြွကး‌ကျော်ခဲ့သဖြင့် ပါတီကြီးကို ကရင်ပြည်သူအပါအဝင် ပြည်သူများက စု‌ပေါင်းပြီး ပုံ‌အောမဲ‌ပေးလိုက်ကြသည်။ ကရင်ပါတီ များသည် အကုန်လုံးလိုလိုပင် မဲရှုံးသွားကြသည်။ ငါးနှစ်သာ ကုန်သွားသည်။ မည်သည့်အာဏာရှင်မှ မတိုက်နိုင်ခဲ့‌ပေ။ ယင်းပါတီသည်ပင် အာဏာရှင် လိုလိုဖြစ်သွားသည်။ တိုင်းရင်းသားများ လိုချင်သည် က တစ်မျိုး။ ‌ပေးလာသည်ကား တစ်မျိုးလွဲ‌ချော်‌နေ သည်။ ပြည်သူဆန္ဒမပါဘဲ ‌နေရာတိုင်းတွင် ရုပ်ထု ‌တွေလိုက် စိုက်ခဲ့သည်။ တစ်ခါ‌သေဖူး ပျဉ်ဖိုး နား လည်ဖို့‌တော့ လို‌ပေသည်။ ကရင်တို့၏ ‌နေ့ထူး‌နေ့ မြတ် ကရင်အမျိုးသား အာဇာနည်‌နေ့ ကျင်းပသည် ကို ပိတ်ပင်ခဲ့သည်။ ကရင်အခွင့်အ‌ရေး နစ်နာဆုံးရှုံးခဲ့ သည်။

စင်စစ် ကရင်ပြည်သူများသည် ကရင်ပါတီများ ကိုသာ မဲ‌ပေးရပါသည်။ တခြားလူမျိုးက မိမိတို့ ကရင်ပါတီများကို မဲ‌ပေးခြင်းမရှိဘဲ မိမိတို့ ကရင် များကသာ တခြားပါတီများကို လိုက်၍မဲ‌ပေး‌နေကြ သည်။

‌တွေးကြည့်‌လေ ရှက်ဖို့‌ကောင်း‌လေပင် ဖြစ် သည်။ ကရင်ပါတီအပါအဝင် တိုင်းရင်းသားများ သည် မိမိတို့၏ တိုင်းရင်းသားပါတီများကိုသာ မဲ‌ပေးရပါလိမ့်မည်။ ရှမ်းလူမျိုးသည် ရှမ်းပါတီကို မဲ‌ပေးရမည်။ ကချင်၊ ချင်း၊ ကယား၊ မွန်၊ ရခိုင်၊ ကရင်တို့သည်လည်း သက်ဆိုင်ရာမိမိတို့ ပါတီများ ကိုသာ မဲ‌ပေးရပါမည်။ ယင်းကဲ့သို့ အားလုံး ညီညီ ညွတ်ညွတ်ဖြင့် ဝိုင်း၍မဲ‌ပေးလိုက်လျှင် ကရင်ပါတီ အပါအဝင် တိုင်းရင်းသားပါတီ အမတ်များစွာ သည် လွှတ်‌တော်ထဲ ‌ရောက်သွားပြီး မိမိတို့လူမျိုး ကိုယ် တိုင်အသံကို ကြားရပါလိမ့်မည်။ ပါတီကြီးများနှင့် ‌ပေါင်း၍လည်း အာဏာရှင်များကို စု‌ပေါင်းတိုက်လို့ ရ‌ပေသည်။ တိုင်းရင်းသားပါတီများကို ချန်ထားသမျှ ကာလပတ်လုံး ဘယ်‌သောအခါမှ အာဏာရှင်များကို တိုက်လို့ လွယ်ကူမည် မဟုတ်‌ပေ။ ရှစ်ဆယ့်ရှစ် အ‌ရေးအခင်းကြီးသည် တိုင်းရင်းသား‌ပေါင်းစုံ ဝိုင်းပြီးတွန်းလှန် တိုက်ပွဲဝင်ခဲ့ကြသဖြင့် အာဏာရှင် မဆလပါတီသည် ပြုတ်ကျခဲ့ရသည်ကို သတိရ‌စေ ချင်ပါသည်။

ယခု ၂၀၂ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲသည် မိမိ ကိုယ်ကို ကရင်မှန်း အဘယ်မျှ‌လောက် သိသည်ကို ‌သွေးထိုးစမ်းမည့်ပွဲဟုလည်း ဆိုနိုင်ပါသည်။ မည် သည့်ပါတီကြီးကိုမှ အားကိုးလို့မရသည်ကို ပြီးခဲ့ ‌သော ဆယ်နှစ်ကာလသည် နားလည်‌လောက်ပြီး ထင်ပါသည်။ ပါတီကြီးများသည် တိုင်းရင်းသား အားလုံး၏ လိုအပ်ချက်‌တွေကို မဖြည့်ဆည်း‌ပေး နိုင်‌ပေ။ သူတို့မှာလုပ်စရာ‌တွေက အများကြီးရှိ‌နေ သည်ဟုပင် ဆင်‌ခြေ‌ပေးပါလိမ့်မည်။ သူတို့အာရုံစိုက် လုပ်‌ပေးနိုင်သည်မှာ တိုင်း‌ဒေသ‌လောက်သာဟု သိရ သည်။

သို့တွက်‌ကြောင့် မိမိ‌ခြေ‌ထောက်‌ပေါ် မိမိရပ်ဖို့ အချိန်တန်ပြီ ဖြစ်သည်။ မိမိကံကြမ္မာ မိမိဖန်တီးဖို့ အချိန်‌ရောက်ပြီဖြစ်သည်။ သူများနှာ‌ခေါင်း‌ပေါက် (သို့မဟုတ်) အငှားနှာ‌ခေါင်း‌ပေါက်နှင့် အသက်ရှူ မည်လား။ ကိုယ်ပိုင်နှာ‌ခေါင်း‌ပေါက်နှင့် အသက်ရှူ မည်လား။ မိမိကိုယ်ကို အားကိုးမှ မိမိလိုချင်သည့် အခွင့်အလန်းကို ရမည်။ သူများမိသားစုက မိမိ၏မိသားစုကို ချစ်သည်မှာ အ‌ပေါ်ယံ ဖြစ်သည်။ နှစ်‌ပေါင်းများစွာ ခံခဲ့ရ‌ပေါင်း များခဲ့ပြီးဖြစ်သည်။ ကရင်အမျိုးသား မန်းဝင်း‌မောင်သည်သမ္မတ ဖြစ် လာသည့်အခါ ]‌တောင်ရှည်ပုဆိုးကို နှစ်မိနစ်အတွင်း ဝတ်ဆင်နိုင်သည်။ မြင်းစီးတတ်သည်။ ‌ဂေါက်သီး ရိုက်တတ်သည်}ဟု သမ္မတမှာ လုပ်ပိုင်ခွင့် မရှိ ‌ကြောင်းကို ရင်ဖွင့်ပြဘူးသည်။ မည်သည့်လုပ်ပိုင်ခွင့် မှ မရခဲ့သည်ကို ငြီးတွားခဲ့ဖူးသည်။ ကိုယ်တိုင်ပါဝင် ပြီး လက်‌တွေ့ဆန်‌သော အလုပ်ကိုသာ လုပ်‌ဆောင် သင့်ပါသည်။

တကယ်‌တော့ တစ်နိုင်ငံလုံးကို ကရင်များ လွှမ်း ခြုံနိုင်‌သော အစိုးရဖြစ်ရန် မလွယ်ကူနိုင် ဆိုသည်မှာ လည်း သိရှိပါသည်။ သို့‌သော် စစ်မှန်‌သော ကရင့် အသံ‌တွေ၊ အခွင့်အ‌ရေး‌တွေ ရရှိဖို့က နိုင်ငံ‌ရေး အာ မခံချက် ရှိဖို့လို‌ပေသည်။ အနိုင်ရသည့် ကရင်ပါတီ များကပင် လုပ်‌ဆောင်‌ပေးနိုင်လိမ့်မည်။

၂၁ရာစု ပင်လုံညီလာခံလို ငြိမ်းချမ်း‌ရေး ဖြစ်စဉ် များ၌ အနိုင်ရသည့် ပါတီကိုသာလျှင် ပါဝင်ခွင့်ရှိပါ သည်။ ထိုထိုလွတ်‌တော်ထဲကအသံ နှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးသံများတွင် ကရင်အသံများ ကြားရဖို့ အတွက် ကရင်ပါတီများ အနိုင်ရမှ ဖြစ်မည်။ ကရင် ပါတီများ အနိုင်မရလို့ မဖြစ်‌ပေ။ သို့တွက်‌ကြောင့် ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်၊ တိုင်း ‌ဒေသ (သို့မဟုတ်) ပြည်နယ်‌ဒေသလွှတ်‌တော်၊ ကရင်တိုင်းရင်းသား‌ရေးရာ ဖြစ်‌သော ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ တနသင်္ာရီတို့၌ ရှိ‌သော ကရင် ပါတီ အမတ်များကို မဖြစ်မ‌နေ မဲ‌ပေးရပါမည်။ မိမိ ‌ဒေသတွင် ကရင်ပါတီများကို မဲ‌ပေးခြင်းဖြင့် တိုင်း ရင်းသား တန်းတူအခွင့်အ‌ရေး၊ စစ်မှန်‌သော ငြိမ်း ချမ်း‌ရေးနှင့် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေးကို ဦးတည်သွားမည် ဖြစ်သည်။

စင်စစ် ‘မိမိအိမ်က မိသားစု တိုးတက်ဖို့ရန်မှာ အခြားအိမ်က လာလုပ်‌ပေးမည်ဟု ‌မျှော်လင့်လို့ မရ သလို မိမိလူမျိုး တိုးတက်ဖို့ရန်မှာလည်း အခြား လူမျိုးများက ဘယ်‌သောအခါက လာလုပ်‌ပေးမည် မဟုတ်‌ပေ။ မိမိကိုယ်တိုင် ပါဝင်ဦး‌ဆောင်မှ ‌အောင် မြင်ပါလိမ့်မည်။ သို့တွက်‌ကြောင့် ဒို့ပြည်မှာ ဒို့ကရင်ပါတီ နိုင်ရမည်။ ဒို့တိုင်းမှာ ဒို့ကရင်ပါတီ နိုင်ရမည်။ အ‌ဝေးကွင်းမှာ ရှုံးလျှင် ‌ဖြေသာနိုင်‌သော် လည်း အနီးကွင်းဖြစ်‌သော ကိုယ့်အိမ်ကွင်း ကိုယ့် ပရိသတ်‌ရှေ့မှာ ရှုံးလျှင်ရှက်ဖို့ ‌ကောင်းသည့်အပြင် ခံဖို့သာပြင်။

ကရင်ပါတီများကလည်း အချင်းချင်း မိမိနိုင် မည့်‌နေရာကို အမတ်များမထပ်‌အောင် အ‌ရွေးခံရ ပါသည်။ တချို့‌နေရာတွင် အမတ်များထပ်‌နေ သဖြင့် လွန်စွာစိတ်ပျက်မိသည်။ မဲပြန့်သွားလျှင် ပါတီကြီးများက စားသွားလိမ့်မည်။ ၂၀၁၅ ခုကလို မရှုံးရ‌လေ‌အောင် ကရင်ပါတီများ အနိုင်ရရှိဖို့ အားလုံးကြိုးစားဖို့ လို‌ပေသည်။

နိဂုံးချုပ်အားဖြင့် ကရင်များကို သတိ‌ပေးလိုသည် မှာ ‌ဒေါက်တာ‌ဇော်မြင့်‌မောင်က ‘အန်အယ်ဒီ လက် ‌အောက်ခံက‌နေ တိုင်းရင်းသားအခွင့်အ‌ရေး‌တွေကို ရ‌အောင်ယူလို့ရတယ်ဆိုတာ နားလည်ကြဖို့ လိုပါ တယ်’ ဟု ‌ပြောဆိုထားသည်ကို ကြားကြပါလိမ့်မည်။ အာဏာရှင်‌လေသံဖြင့် လွှမ်းမိုးလာ‌နေသည်။ သို့ ‌သော် ပြီးခဲ့‌သောငါးနှစ်သက်တမ်းက ရခိုင်ပြည်နယ်၌ အမတ်ဦး‌ရေများစွာနိုင်ခဲ့ပြီး ဝန်ကြီးချုပ်‌နေရာ ‌ပေး ပါဟု ‌တောင်းဆိုသည်ကို အန်အယ်ဒီက မ‌ပေးဘဲ ပယ်ချခဲ့သည်။ ရခိုင်တို့ ပိုးစိုးပက်စက် ခံစားလိုက် ရသည်။ ယင်းကိုကြည့်ခြင်းဖြင့် ကျားသနားမှ နွား ချမ်းသာမည့် အဖြစ်မျိုး မဖြစ်ရ‌လေ‌အောင်၊ ပိုးစိုး ပက်စက် မခံစားရ‌လေ‌အောင် ကရင်ပြည်သူများ သတိရှိ‌စေချင်ပါသည်။

ထို့‌ကြောင့် ကရင်ပြည်သူများသည် ကရင်ပါတီ များကိုသာ ပုံ‌အောပြီး မဲ‌ပေးသင့်ပါ‌ကြောင်း အထူး တိုက်တွန်းလိုက်ရပါသည်။

မှတ်ရန်- ကံကြမ္မာ= ကံတရား။ ကြမ္မာ= ပြု ‌သောအမှု။ (ကိုယ့်ကံကြမ္မာ= မိမိကိုယ်တိုင် ကံ တရားအတိုင်း ပြုလုပ်နိုင်မှု)

စရှူခလိန် (ထီးထာကလုန်း)