Home သတင်း UNESCO တင်မည့် ဒုံးအက ပြင်ဆင်စရိတ် ဘတ်ဂျက် မ‌လောက်ငှ‌သေးဘဲဖြစ်‌နေ

UNESCO တင်မည့် ဒုံးအက ပြင်ဆင်စရိတ် ဘတ်ဂျက် မ‌လောက်ငှ‌သေးဘဲဖြစ်‌နေ

3416
စက်တင်ဘာ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ရိုးရာဒုံးအကကို အမျိုးသားဒြပ်မဲ့ယဉ်‌ကျေးမှု အ‌မွေအနှစ်အဖြစ် ကုလသမဂ္ဂ၏ ပညာ‌ရေး၊ သိပ္ပံနှင့် ယဉ်‌ကျေးမှု ဆိုင်ရာအဖွဲ့အစည်း(UNESCO)က အသိအမှတ်ပြု‌ရေး တင်သွင်းရန် ကြိုးပမ်း‌နေကြ‌သော်လည်း ပြင်ဆင်‌နေဆဲအချိန် တွင် ဘဏ္ဍာ‌ရေး မလုံ‌လောက်မှုများနှင့် ရင်ဆိုင်‌နေရ‌ကြောင်း သိရသည်။

ဒုံးကကြိုးကကွက်ဆပ်‌ကော်မတီတွင် မျက်‌မှောက်‌ခေတ်ယဉ်‌ကျေးမှုဒုံး၊ ကိုလိုနီ‌ခေတ်ရှိ (‌မောင့်ရို့) ဒုံးနှင့် ကျွဲဒုံး စသည့် ဒုံး (၃)မျိုးကို စခန်းသွင်း‌လေ့ကျင့်ကာ အ‌ကောင်အထည်‌ဖော်ရမည်ဖြစ်ပြီး ဆပ်‌ကော်မတီဖွဲ့ကာ တစ်ဖွဲ့ ၁ဝသိန်းကျပ်စီ သာ အသုံးပြုရသည့်အတွက်‌ကြောင့် ‌လောက်ငှမှုမရှိ‌ကြောင်း ဒုံးဆရာတစ်ဦးက ‌ပြောသည်။

“ကုန်ကျစရိတ်က ဒုံးသမား‌တွေရဲ့ စား‌သောက်၊ သွားလာ၊ ဆင်ယင်မှု‌တွေအတွက်ပဲ‌လေ။ အခြားမှာ သုံးဖို့မဟုတ်ပါဘူး။ ပြည်နယ်ဒုံးပြိုင်ပွဲအတွက် ဒုံးတစ်ဖွဲ့ကို‌တောင် သိန်း ၁၈ဝ နဲ့ ၂၀ဝ အကြားမှာ သုံးရတယ်။”ဟု မျက်‌မှောက်‌ခေတ်ဒုံးနှင့် ကိုလိုနီ‌ခေတ်(‌မောင်ရို့)ဒုံးကို ဦး‌ဆောင်သင်ကြား‌နေသည့် ဒုံးဆရာ ‌စောခ‌နောင်ထွန့်က ‌ပြောသည်။

ယင်းသို့ တင်ဆက်ပြသနိုင်‌ရေး ဒုံး၏ ကကြိုးကကွက်၊ ဝတ်စားဆင်ယင်မှု၊ တူရိယာပစ္စည်း၊ ‌တေးလကင်္ာပြုစု‌ရေး၊ ဗီဒီယိုမှတ်တမ်းရိုက်ကူး စသည့် ဆပ်‌ကော်မတီ ၅ခုဖြင့် working committee (အလုပ်အဖွဲ့)ကို ဖွဲ့စည်းထား‌ကြောင်း ‌ကော်မတီတာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောမြင့်သူကလည်း ယခုလို ‌ပြောဆိုသည်။

“အခက်အခဲ အများကြီးရှိတယ်။ ပြည်နယ်အစိုးရအဖွဲ့က ကျပ် သိန်း ၂၀ဝ ချ‌ပေးမယ်လို့‌ပြောတယ်။ ခု သိန်း ၅ဝ ပဲ ချ‌ပေး‌သေးတယ်။ Covid ‌ရောဂါ‌ကြောင့်လည်း ကွင်းဆင်းဖို့မလွယ်ဘူး။ ကွင်းဆင်းဖို့လည်း မ‌လောက်ဘူး။ ဒုံးသင်မယ် ဆိုလည်း မ‌လောက်ဘူး။ ရက်ကလည်း နီးလာပြီး။ မမှီမကမ်းဖြစ်မှာ အရမ်း စိုးရိမ်တယ်။”ဟု ‌ကေအိုင်စီသို့ စက်တင် ဘာ ၂၁ရက်(ယမန်‌နေ့)က ‌ပြောသည်။

ကျပ်သိန်း ၆၀ဝခန့် ကုန်ကျမည်ဟု လျာထား‌သော ယခုဒုံးအကတွင် ပြည်နယ်အစိုးရအ‌နေဖြင့် ကျပ်သိန်း ၂၀ဝ သို့မ ဟုတ် ၃၀ဝ အပြည့်အဝ ချ‌ပေးရန် အလျင်အမြန်လိုအပ်‌နေပြီး ကျန်‌ငွေများအတွက် အခြား‌သော အလှူရှင်များကို ရှာ သွားရဦးမည်ဖြစ်‌ကြောင်း ဒုံးအကပညာရှင် ဆရာ‌စောမြင့်သူက ဆက်‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီး မင်းတင်ဝင်းက “သိန်း ၂၀ဝ ‌ပေးဖို့လို့ ‌ပြောထားတယ်။ အခု‌ငွေက ရှိရင်ရှိသ‌လောက်အ‌နေနဲ့ အရင်‌ပေးထားတာ။ အ‌ကြောင်းစုံသိရ‌အောင် ‌စောဘိုဘို (လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်)ကို ‌မေးကြည့်လိုက်‌နော်။”ဟု ‌ပြောသည်။

သို့‌သော် အဆိုပါကိစ္စများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်အား ‌ကေအိုင်စီမှ ဆက် သွယ်ခဲ့‌သော်လည်း ပြန်လည်‌ဖြေကြားရန် မအားလပ်‌သေး‌ကြောင်း သိရသည်။

ယင်းအ‌ခြေအ‌နေအ‌ပေါ် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြ က အစိုးရအဖွဲ့ လုပ်‌ဆောင်သည့်ကိစ္စဖြစ်သည့်အတွက် ‌ငွေ‌ရေး‌ကြေး‌ရေးအားဖြင့် မတတ်နိုင်‌သော်လည်း လိုအပ်သည့် နည်းပညာအပိုင်း၌သာ ကူညီ‌ပေးနိုင်‌ကြောင်း ‌ပြောဆိုသည်။

ယခုနှစ် ဇူလိုင်လ ၂၉ရက်‌နေ့၊ ‌နေပြည်‌တော်တွင် ပြုလုပ်ခဲ့‌သော တတိယအကြိမ်‌မြောက် ဒြပ်မဲ့အမျိုးသားယဉ်‌ကျေးမှု ပညာရှင်အဆင့် အစည်းအ‌ဝေးအပြီး ကရင်ရိုးရာဒုံးအကနှင့်အတူ ရှမ်းပြည်လက်ဖက်နှင့် မန္တ‌လေးလွန်းရာချုပ်တို့က ဆန်ကာတင် (၃)မျိုးစာရင်းထဲ ပါဝင်ခဲ့သည်။ ယင်းသုံးမျိုးအနက်မှ တစ်မျိုးကိုသာ ဒီဇင်ဘာလတွင် ‌ရွေးချယ်သွားမည် ဖြစ်ပြီး ဆန်ကာတင်သွားသည့် ယဉ်‌ကျေးမှုမှာ မြန်မာနိုင်ငံကိုယ်စားပြုအ‌နေဖြင့် ၂၀၂၁ခုနှစ်၊ မတ်လတွင် UNESCO သို့ တင်ဆက်ပြသသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့‌သော သုံးနှစ်ခန့်မှစ၍ (UNESCO)၏ အမျိုးသားဒြပ်မဲ့ယဉ်‌ကျေးမှုအ‌မွေအနှစ်များကို အသိအ မှတ်ပြုနိုင်ရန် စာရင်းတင်ခဲ့သည့်အထဲတွင် ၂၀၁၉-၂၀၂ဝ၌ သနပ်ခါးတစ်မျိုးသာ အသိအမှတ်ပြုခံခဲ့ရသည်။