Home ရွေးကောက်ပွဲသတင်း Stay at home ‌ကြောင့် ရန်ကုန်ကရင်‌ရေးရာ ကိုယ်စားလှယ်‌လောင်းများ အခက်ကြုံ

Stay at home ‌ကြောင့် ရန်ကုန်ကရင်‌ရေးရာ ကိုယ်စားလှယ်‌လောင်းများ အခက်ကြုံ

2514
စက်တင်ဘာ ၁၁ ရက်၊ ၂၀၂ဝ ခုနှစ်။ စဖန်း‌ရှောင်း

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် စုစု‌ပေါင်း ၂၈ မြို့နယ်ကို Stay at Home အစီအစဉ်အဖြစ် သတ် မှတ်‌ကြေ ညာလိုက်သည့်အတွက် တိုင်း‌ဒေသကြီး‌ရေးရာဝန်ကြီး‌နေရာ ဝင်ပြိုင်ကြမည့် ကိုယ်စားလှယ်‌လောင်းများ၏ မဲဆွယ်စည်းရုံး ‌ရေးလုပ်ငန်းများတွင် များစွာအခက်‌တွေ့‌နေရ‌ကြောင်း ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်းများက ‌ပြောဆိုသည်။

ယခု Stay at Home အစီအစဉ်အဖြစ်သတ်မှတ်လိုက်သည့် မြို့နယ်များတွင် ကရင်လူမျိုးများ အများဆုံး‌နေ ထိုင်သည့် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ထက်ဝက်ခန့်ပါဝင်‌နေသည့်အတွက် ကရင်‌ရေးရာဝန်ကြီး ‌နေရာဝင်‌ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်‌လောင်းများ၏ ‌ပြောဆိုမှုများ ယခုလိုထွက် ‌ပေါ်လာခြင်းလည်းဖြစ်သည်။

ကရင်ပြည်သူ့ပါတီ -KPP မှ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်း မန်းသန်းဝင်းဦးက  “ အခုအ‌ခြေအ‌နေအရဆို ကျ‌နော်တို့အတွက် မဲဆွယ်ဖို့က အခက်အခဲ အများကြီးရှိ‌နေပြီ။ Stay at Home မဟုတ်တဲ့ ‌နေရာ‌တွေ‌တော့ သွားလို့ရမယ်။ ‌နောက်ဆို ဒီထက်များလာရင် ကျ‌နော်တို့သွားလို့ရမယ့်‌နေရာ ‌တောင်ရှိမှာ မဟုတ်‌တော့ဘူး။ အဲဒီ‌တော့ Social Media က‌နေတစ်ဆင့် သွားရမယ့်အ‌နေအထား‌တော့ရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁ ရက်‌နေ့ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ‌ဒေသကြီးအတွင်းရှိ သကင်္န်းကျွန်း၊ အင်းစိန်၊ ‌မြောက်ဥက္ကလာ၊ သာ‌ကေတ၊ လှိုင်၊ ပုဇွန်‌တောင်၊ မဂင်္လာဒုံစသည့် မြို့နယ် ၇  မြို့နယ်ကို Stay at Home အဖြစ် ပထမအကြိမ်‌ကြေညာထားသည်။

ထို့‌နောက် စက်တင်ဘာလ ၉ ရက်‌နေ့တွင် ‌တောင်ဥက္ကလာ၊ တာ‌မွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံမြို့သစ် (‌မြောက်)၊ လှိုင် သာယာ၊ စမ်း‌ချောင်း၊ ဗိုလ်တ‌ထောင်၊ မဂင်္လာ‌တောင်ညွန့်၊ ဒဂုံမြို့သစ်(‌တောင်) ရန်ကင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ‌ကျောက်တံ တား၊ ဒဂုံမြို့သစ်(အ‌ရှေ့)၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ‌ဒေါပုံ၊ လမ်းမ‌တော်၊ လှည်းကူးစသည့် ၂၁ မြိုနယ်ပါဝင်‌ကြောင်း ထပ်မံ‌ကြေညာထားသည့်အတွက် Stay at Home စုစု‌ပေါင်း ၂၈ မြို့နယ်ဖြစ်‌ကြောင်းသိရသည်။

မြို့နယ်‌ပေါင်း ၄၅ မြို့နယ်ရှိသည့် ရန်ကုန်တိုင်း‌ဒေသကြီး ‌တောင်ပိုင်းခရိုင်တွင် တွံ‌တေး၊ ‌ကော့မှူး၊ ကွမ်းခြံကုန်း၊ သံလျင်၊ ဒလ၊ ‌ကျောက်တန်း။ ‌မြောက်ပိုင်းခရိုင်တွင် အင်းစိန်၊ ‌ရွှေပြည်သာ၊ လှိုင်သာယာ၊ ‌မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်း ကူး၊ မဂင်္လာဒုံ။ အ‌နောက်ပိုင်းခရိုင်တွင် အလုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ လှိုင်။ အ‌ရှေ့ပိုင်း ခရိုင်တွင် ‌မြောက်ဥက္ကလာ၊ သကင်္န်းကျွန်း၊ သာ‌ကေတ၊ အ‌ရှေ့ဒဂုံ၊ ‌မြောက်ဒဂုံ၊ ‌တောင်ဒဂုံစ သည့်မြို့နယ် ၂ဝ ‌ကျော်တွင် ကရင်လူမျိုးအနည်းနဲ့အများ ဆိုသလို ‌နေထိုင်သည်ဟု သိရသည်။

ထို့‌ကြောင့် လက်ရှိ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်‌ကြေညာထားချက်များအရ ရန်ကုန်တိုင်း‌ဒေသကြီး အတွင်း Stay at home အဖြစ် သတ်မှတ်ထားသည့် မြို့နယ် ၂၈ ထဲတွင်  ကရင်လူမျိုးများပျံ့နှံ့‌နေထိုင်သည့် မြို့နယ် ၁၄ မြို့နယ်(ထက်ဝက်) ပါဝင်‌နေခြင်းလည်း ဖြစ်သည်။

၎င်းအပြင် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှုန်းမြှင့်တက်လာ‌နေသည့် Covid-19 အ‌ခြေအ‌နေများအရ  အ‌ထွေ ‌ထွေ‌ရွေး ‌ကောက်ပွဲအတွက် ကိုယ်စားလှယ်‌လောင်းများ မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များကိုလည်း ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်များအရ Stay at Home အစီအစဉ်သတ်မှတ်ထားသည့် တိုင်း‌ဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ‌ကျေးရွာ‌ဒေသများတွင် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပ‌နေရာများ၊ အ‌ဆောက်အဦးများအတွင်း မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာ‌ရောက်မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို လုံးဝ(လုံးဝ)‌ဆောင် ရွက်ခြင်းမပြုရဟူ၍ ပါရှိသည်။

ပြည်သူ့‌ရှေ့‌ဆောင်ပါတီ -PPP ပါတီမှ ရန်ကုန်ကရင်‌ရေးရာဝန်ကြီးကိုယ်စားလှယ်‌လောင်း ‌နော်လင်း သဂင်္ီထွန်းက“အရင်က ‌တော့ ကိုယ် Target ထားတဲ့မြို့နယ်က ၁၅၊ ၂ဝ ‌လောက်ရှိတယ်။ အခုက ၁၅ ‌နေရာ‌လောက်က ပိတ်သွားပြီ။  အခု‌လော ဆယ်‌တော့ လွတ်‌နေတဲ့‌နေရာ‌လေး‌တွေရှိ‌သေးတယ်။ ဥပမာ တိုက်ကြီး၊ ‌မှော်ဘီ၊ တွံ‌တေး၊ ‌ကော့မှူး၊ ကွမ်းခြံကုန်းတို့ လို‌ပေါ့။ ‌နောက်ပြီး ကိုယ်ကလည်း မျက်နှာသစ်ဖြစ်‌နေတဲ့အတွက် အခုက ပိုကြိုးစားရ‌တော့မယ်။ ထွက်လို့ရတဲ့ အချိန်၊ ရသ‌လောက်‌လေး‌ပေါ့။ ပွင့်‌နေ‌သေးတဲ့မြို့နယ်‌တွေဆီ သွားရမယ်။ အခုလို covid ကာလမှာ social Media အားနဲ့ထိုး ‌ဖောက်ရမှာ‌ပေါ့ ” ဟု ‌ပြောသည်။

ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ တိုင်း‌ဒေသကြီးနှင့်ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် နိုင်ငံလူဦး‌ရေ စုစု‌ပေါင်း၏ ဝ.၁ ရာခိုင်နှုန်းအထက်ရှိပါက အဆိုပါ တိုင်း‌ဒေသကြီး၊ ပြည်နယ်များအတွက် တိုင်းရင်းသားလူမျိုး ‌ရေးရာ ဝန်ကြီး‌နေရာ ‌ရွေး‌ကောက်တင်‌မြောက်နိုင်သည်ဟု သိရသည်။

ထို့အတွက် လာမည့်‌ရွေး‌ကောက်ပွဲတွင်  ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်‌တော်မဲဆန္ဒနယ်အတွက် ကရင်တိုင်းရင်း သား‌ရေး ရာဝန်ကြီး ကိုယ်စားလှယ်‌လောင်း  ၇ဦးနှင့် ရခိုင်တိုင်းရင်းသား‌ရေးရာဝန်ကြီးကိုယ်စားလှယ်‌လောင်း ၆ ဦး စုစု‌ပေါင်း ၁၃ ဦးဝင်‌ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်‌တော်မဲဆန္ဒနယ်၊ ကရင်‌ရေးရာဝန်ကြီး‌နေရာအတွက် အမျိုးသားဒီမိုက ‌ရေစီအဖွဲ့ချုပ် NLD မှ ‌နော်စူစဲန်နာလှလှစိုး၊ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီ -UNDP မှ ‌နော်အုန်းလှ၊ ကရင်ပြည်သူ့ပါတီမှ KPP မှ မန်းသန်းဝင်းဦး၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ -USDP မှ ‌စောဂျက်‌ကော့ထူး၊ ညီညွတ်‌သော ဒီမိုက ရက်တစ်ပါတီ -UDP (နှင်းဆီ)ပါတီမှ ‌စောထွန်းလူ၊ ပြည်သူ့‌ရှေ့‌ဆောင်ပါတီ -PPP ပါတီမှ ‌နော်လင်းသဂင်္ီထွန်း၊ ပြည်‌ထောင် စု‌ကောင်းကျိုး‌ဆောင်ပါတီ -UBP မှ နန့်သင်းသင်းခိုင်တို့ ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်‌ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီး ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။