Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် KNU မူဝါဒနှင့် ‌သွေဖည်‌နေပြီးဖြစ်၍ ပြန်လည်တည့်မတ်ဖို့လိုအပ်ဟု KNU Concerned Group ‌ပြော

ငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် KNU မူဝါဒနှင့် ‌သွေဖည်‌နေပြီးဖြစ်၍ ပြန်လည်တည့်မတ်ဖို့လိုအပ်ဟု KNU Concerned Group ‌ပြော

3815
စက်တင်ဘာ ၁၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

လတ်တ‌လော ‌ဖော်‌ဆောင်‌နေဆဲ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်သည် ကရင်အမျိုးသားအစည်းအရုံး-KNU၏ ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်များနှင့် လုံးဝ‌သွေဖည်‌နေပြီးဖြစ်၍ ပြန်လည်တည့်မတ်ရန်လိုအပ်ပြီဟု KNU Concerned Group က ‌ပြောဆို လိုက်သည်။

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထ အစည်းအ‌ဝေးမှ ‌နောက်ဆုံးထွက်ရှိလာသည့် ရလဒ်များအ‌ပေါ် အ‌ခြေခံ၍ စက်တင်ဘာလ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ပြည်တွင်း၊ ပြည်ပ နယ်စပ်ရှိ ကရင်များပါဝင်‌သော ၎င်းတို့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ်သုံးသပ်မှု အွန်လိုင်းအစည်းအ‌ဝေးအပြီး ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ ‌နောက်ဆုံးထွက်‌ပေါ်လာသည့် ပြည်‌ထောင်စု သ‌ဘောတူညီချက်များပါ အချက်အလက်များအရ NCA အ‌ကောင်အ ထည်‌ဖော်မှုအတိုင်း ‌ရှေ့ဆက်သွားရာတွင် ‌ရှေ့ဆက် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်၏ အဆုံးသတ် သည့် လက်နက်ကိုင်လမ်း စဉ်စွန့်လွှတ်၍ ဥပ‌ဒေ ‌ဘောင်အတွင်းသွားရန်သာ ဦးတည်‌နေ‌ကြောင်း အဖွဲ့၏ ‌ပြောခွင့်ရ KNU ဒု-ဥက္ကဋ္ဌ ‌ဟောင်း ပဒို‌နော်စီ ဖိုးရာစိန်က ယခုလို ‌ပြောသည်။

၎င်းက “ ဒီ NCA လမ်းစဉ်အတိုင်း ‌ရှေ့ဆက်သွားမယ်ဆိုရင် ‌နောက်ဆုံးက လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ် ‌ရေးကိုပဲ ‌ရောက်သွားမှာပဲ။ ဒါက ကျမတို့ ‌ကေအဲန်ယူ ချမှတ်ထားခဲ့တဲ့ ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးမူ၊ လမ်းစဉ် ‌တွေ ‌စောဘဦးကြီးရဲ့ မူဝါဒ လမ်းစဉ်‌တွေနဲ့ အကုန်ဆန့်ကျင်‌နေတာ ပဲဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဩဂုတ်လ ၁၉ ရက်မှ ၂၁ရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထ အကြိမ်‌မြောက် အစည်းအ‌ဝေးတွင် ပြည်‌ထောင်စု သ‌ဘောတူညီချက် အစိတ်အပိုင်း (၃)ကို သ‌ဘောတူ လက်မှတ်‌ရေးထိုး ခဲ့ရာတွင် NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာမူ‌ဘောင် သ‌ဘောတူညီချက် (၁၅)ချက်၊ ၂၀၂ဝ အလွန် အဆင့်လိုက် လုပ် ငန်းစဉ်များနှင့်အဆင့်လိုက် အ‌ကောင်အထည်‌ဖော်မှုများ ဇယား(၁) နှင့် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်ကို အ‌ခြေခံသည့် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးဆိုင်ရာ လမ်းညွှန်အ‌ခြေခံမူ (၅)ချက်တို့ကို သ‌ဘောတူခဲ့ကြသည်။

အဆိုပါ သ‌ဘောတူညီချက်များအနက် NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာမူ‌ဘောင် သ‌ဘောတူညီ ချက် (၁၅)ပါ အချက်များမှ သ‌ဘောတူညီချက်နံပါတ်(၁၃)အရ ပြည်‌ထောင်စု သ‌ဘောတူ စာချုပ်ပါ အချက်များကို အ‌ကောင်အထည် ‌ဖော်ရာနှင့် လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေး လုပ်ငန်းစဉ်များကို အ‌ကောင်အထည် ‌ဖော်ရာတွင် NCA အပိုဒ် (၂၀)ပါ နိုင်ငံ‌ရေး လမ်းပြ‌မြေပုံအတိုင်း‌ဆောင်ရွက်ရမည်ဟု ပါရှိသည့်အ‌ပေါ် KNU Concerned Group မှ ‌ထောက်ပြ ‌ပြောဆိုလိုခြင်းဖြစ်သည်။

KNU၏ ချမှတ်ထားသည့် ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေး‌ရေးမူအရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုသည် တရားမျှတရမည်ဖြစ်ပြီး အရှုံး‌ပေး လက်နက်ချခြင်းမပြု‌ရေးတို့ဖြစ်‌ကြောင်း ပဒို ‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

၎င်းအပြင် KNU Concerned Group ၏ သုံးသပ်ညှိနှိုင်းမှု အွန်လိုင်း အစည်းအ‌ဝေး၌လည်း ၂၀၂ဝ အလွန် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် သ‌ဘောထားများချမှတ်ရာတွင် လက်နက်ကိုင် လှုပ်ရှားမှု ဆက်လက် တည်ရှိ‌ရေး၊ လူထုလှုပ်ရှားမှု လုပ်ငန်းစဉ်နှင့် နိုင်ငံတကာ ဖိအားဆိုင်ရာလုပ်ငန်းစဉ်စသည့် အဓိက လုပ်ငန်းစဉ် ၃ရပ်ကို သ‌ဘောထားချမှတ်ခဲ့သည့် အပြင် လက်ရှိ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် အ‌ခြေခံသည့် လုပ်ငန်းစဉ် နှင့် လွှတ်‌တော်တွင်း တိုက်ပွဲဆိုင်ရာ အရံလုပ်ငန်းစဉ်များကိုပါ သ‌ဘောထားချမှတ်ခဲ့‌ကြောင်း ပါဝင်တက်‌ရောက်သူများက ဆိုသည်။

၃ ရက်တာ ပြုလုပ်ခဲ့သည့် ယင်းအွန်လိုင်းအစည်းအ‌ဝေးတွင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အကြိမ်အစည်းအ‌ဝေး ရလဒ်အား သုံးသပ်ခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ( အဲန်စီ ‌အေ)နှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင်အား သုံးသပ်ခြင်း၊ ကရင့်‌တော်လှန်‌ရေး အ‌ခြေခံလမ်းစဉ်နှင့် အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စု ဖွဲ့စည်းပုံဆိုင်ရာ အ‌ခြေခံမူ စသည်တို့ကို အဓိက ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင် ‌ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ‌ဟောင်း ပဒို‌နော်စီဖိုး ရာစိန်ပါဝင်သည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်‌ဟောင်းအချို့တို့ ဦး‌ဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ် သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည် ချက်များကို အလျင်းသင့်သလို သ‌ဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။