Home သတင်း မြဝတီမြို့တွင် ကန့်သတ်ကာလအတွင်း ဖွင့်လှစ်ထားသည့် KTV ဆိုင်အား အမှုဖွင့်

မြဝတီမြို့တွင် ကန့်သတ်ကာလအတွင်း ဖွင့်လှစ်ထားသည့် KTV ဆိုင်အား အမှုဖွင့်

2972
Photo: Nay Naw

စက်တင်ဘာ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့တွင် Covid-19 အ‌ရေး‌ပေါ်ကာလ ကန့်သတ်တားမြစ်ထားသည့်ကြားမှ ဖွင့်လှစ်‌နေသည့် KTV ဆိုင်အား သက်ဆိုင်ရာအာပိုင်များက ‌ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပ‌ဒေဖြင့် အမှုဖွင့်ထားလိုက်‌ကြောင်း သိရ သည်။

ယမန်‌နေ့ စက်တင်ဘာလ ၉ ရက်‌နေ့ ည (၁ဝး၄၅) အချိန်ခန့်က မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်‌ဌေး ဦးစီး၍ သက်ဆိုင်တာဝန်ရှိသူများပါဝင်သည့်အဖွဲ့မှ မြဝတီမြို့‌ပေါ်ရပ်ကွက်များရှိ KTV/အနှိပ်ခန်းများအား COVID-19 ကူးစက်‌ရောဂါကာလအတွင်း ‌ရောဂါကူးစက်မှုအား တားဆီးနိုင်ရန်အလို့ငှာ ထုတ်ပြန်ထားသည့်တားမြစ်ချက်များ အား လိုက်နာမှု‌ဆောင်ရွက်မှုပြုလုပ်‌နေစဉ် အမှတ်(၄)ရပ်ကွက် ဘုရင့်‌နောင်‌ဈေးကုန်း မီးပွိုင့်လမ်းကြား၊ ‌သောင် ရင်းလမ်း ဟိုတယ်‌လောကရှိ ‌လောကပန်းအိမ် KTV နှင့် အနှိပ်ခန်းဆိုင်အား ဝင်‌ရောက်စစ်‌ဆေးခဲ့ကြသည်။

ထိုသို့ စစ်‌ဆေးရာတွင် အဆိုပါဆိုင်၌ KTV အခန်း(၁၀)ခန်းနှင့် အနှိပ်ခန်း(၁ဝ)ရှိပြီး ဒုတိယထပ်ရှိ အခန်းအမှတ် (V-18)အခန်းသို့ ဝင်‌ရောက်ကြည့်ရှုစစ်‌ဆေးရာမှာ အခန်းအတွင်း၌ အရက်‌သေစာများနှင့် စား‌သောက်ဖွယ်ရာများ မှာယူစား‌သောက်ထားသည်ကို ‌တွေ့ရှိရ၍ ရှာ‌ဖွေရာ ၎င်းအခန်း‌ဘေးရှိ အိမ်သာအတွင်း ပုန်း‌အောင်း‌နေသူ အမျိုး သား ၂ ဦးအား ‌တွေ့ရှိခဲ့သည်။

၎င်းအမျိုးသား ၂ ဦးအား ‌မေးမြန်းရာ အဆိုပါ KTV ခန်းတွင် ဝင်‌ရောက်‌သောက်စား ‌ပျော်ပါး‌နေသူများဖြစ်‌ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ‌ပြောသည်။ ထိုသို့ ကိုဗစ်အ‌ရေး‌ပေါ်ကာလ တားမြစ်ထားသည့်ကြားမှ လက်ခံဖွင့် လှစ်ထား၍ ‌လောကပန်းအိမ် KTV ဆိုင်မန်‌နေဂျာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ‌သောင်ရင်းလမ်း‌နေထိုင်သူ ‌မောင်ဖြိုးယု‌အောင် ၂၉ နှစ် အပါအဝင် (၃)ဦးအား မြဝတီမြို့မရဲစခန်း၏ (ပ)၄၉၁/၂၀၂ဝ ‌ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပ‌ဒေ ပုဒ်မ ၂၅/၃၀(က) ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။