Home COVID-19 မြဝတီမှ ထိုင်းပြန် အသက် ၂ နှစ်အရွယ် ကိုဗစ်လူနာနှင့် ထိ‌တွေ့နိုင်သူ ၄၈ ဦးအား swab နမူနာယူ၍ သီးသန့်...

မြဝတီမှ ထိုင်းပြန် အသက် ၂ နှစ်အရွယ် ကိုဗစ်လူနာနှင့် ထိ‌တွေ့နိုင်သူ ၄၈ ဦးအား swab နမူနာယူ၍ သီးသန့် ကျန်းမာ‌ရေး‌စောင့်ကြည့်ထား

2705
Photo: Nay Naw

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်‌နေ့ (စက်တင်ဘာလ ၁၃ ရက်) ည ၈ နာရီသတင်းထုတ်ပြန်မှုမှ Covid- 19 အတည်ပြုလူနာ ၁၃၆ ဦးအနက် ကရင်ပြည်နယ် မြဝတီမြို့မှ ထိုင်းပြန် အသက် ၂ နှစ်အရွယ် ပိုး‌တွေ့ လူနာနှင့် ထိနိုင်‌တွေ့နိုင်သူ (၄၈) ဦး၏ ဓာတ်ခွဲနမူနာ(swab)ယူ၍ ၎င်းတို့အား သီးသန့် ကျန်းမာ‌ရေး‌စောင့်ကြည့် ထား‌ကြောင်း သိရသည်။

“မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌ရွှေမြဝတီ‌ဈေးသစ် Quarantine Center မှာ ထားရှိတဲ့ ထိုင်းပြန် အသက် ၂ နှစ် အရွယ် covid-19 ‌ရောဂါပိုး‌တွေ့ရှိတဲ့ လူနာတစ်ဦး ‌တွေ့ရှိခဲ့ပြီး သူနဲ့ ထိ‌တွေ့မှုရှိနိုင်သူ (၄၈)အား (swab)ယူပြီး သီးသန့် ကျန်းမာ‌ရေး‌စောင့်ကြည့်ထားပါတယ်”ဟု မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

အဆိုပါ Covid- 19 ပိုးကူးစက်ခံရသူမှာ မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခွန်ဆာဝင်း၌ ‌နေထိုင်သူ အ သက်(၂) နှစ်အရွယ် က‌လေးငယ်ဖြစ်ပြီး ၎င်း၏မိခင်နှင့်အစ်မဖြစ်သူတို့နှင့်အတူ ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်‌နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်၊ မြန်မာ-ထိုင်း အမှတ်(၂) တံတား ( BCF)မှတဆင့် ပြန်လည်ဝင်‌ရောက် လာခဲ့ပြီး ‌ရွှေမြဝတီ Quarantine စခန်းတွင် ထားရှိထားခြင်းဖြစ်သည်။

ထိုသို့ ထားရှိပြီး စက်တင်ဘာ ၁ဝရက်‌နေ့တွင် ကိုဗစ်-၁၉ ‌ရောဂါပိုးရှိမရှိ Swab ရယူစစ်‌ဆေးခဲ့ရာမှာ ၎င်း ၂ နှစ်အရွယ်က‌လေးငယ်မှာ ပိုး‌တွေ့ရှိခဲ့ပြီး မိခင်နှင့်အစ်မတို့တွင် ‌ရောဂါပိုးမ‌တွေ့ရှိရ‌ကြောင်း၊ အဆိုပါ အတည်ပြု လူနာနှင့် ၎င်း၏မိခင်ဖြစ်သူတို့အား ဖားအံ-ပြည်သူ့‌ဆေးရုံကြီးတွင် လည်း‌ကောင်း၊ ၎င်း၏ အစ်မဖြစ်သူအား မြဝတီခရိုင်ပြည်သူ့‌ဆေးရုံကြီးတွင် လည်း‌ကောင်း ‌ဆေးကုသမှု ခံယူနိုင်‌ရေး စီစဉ်‌ဆောင်ရွက်ထားသည်ဟု သိရ သည်။

လူနာနှင့်ထိ‌တွေ့ နိုင်သူများဖြစ်‌သော ထိုင်း-မြန်မာ အမှတ်(၂)တံတား (BCF)ဇုန်မှ ကြိုဆို‌ရေး‌ဆောင်ရွက်သူ (၈) ဦး၊ ‌ရွှေမြဝတီ‌ဈေး Quarantine Center မှာ ယင်းက‌လေးငယ်၏ အနီးဝန်းကျင်‌နေထိုင်သူ (၁၁)ဦး နှင့် Volunteer များ၊ ကျန်းမာ‌ရေးဝန်ထမ်းများ အပါအဝင် စုစု‌ပေါင်း(၄၈)ဦးအား သီးသန့် ကျန်းမာ‌ရေး ‌စောင့်ကြည့် ထားပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာ (swab)ယူ၍ ကျန်းမာ‌ရေးဌာနသို့ ‌ပေးပို့စစ်‌ဆေးသွားမည်ဟု မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင် က ‌ပြောသည်။

ယ‌နေ့ (စက်တင်ဘာလ ၁၄ ရက်) နံနက် ၈ နာရီ အချိန် ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၃,၀၁၅)ဦးရှိပြီး ပြန်လည်သက်သာလာသူ (၆၉၉)ဦးရှိကာ ‌သေဆုံးသူ (၂၄)ဦးထိရှိလာ‌ကြောင်း သိရသည်။