Home သတင်း ‌ကျေးရွာတွင်း တပ်မ‌တော်မှ ဝင်‌ရောက်စခန်းချ‌နေထိုင်မှု ယ‌နေ့အထိ ‌ဖြေရှင်း‌ပေးမှုမရှိခြင်း‌ကြောင့် ‌ဒေသခံများ ‌မေးခွန်း ထုတ်

‌ကျေးရွာတွင်း တပ်မ‌တော်မှ ဝင်‌ရောက်စခန်းချ‌နေထိုင်မှု ယ‌နေ့အထိ ‌ဖြေရှင်း‌ပေးမှုမရှိခြင်း‌ကြောင့် ‌ဒေသခံများ ‌မေးခွန်း ထုတ်

2389
စက်တင်ဘာ ၂၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ (၁၇)ရက်‌နေ့ကတည်းက ယ‌နေ့အချိန်ထိ ‌ကျေးရွာတွင်း တပ်မ‌တော်မှ ဝင်‌ရောက်စခန်းချ ‌နေထိုင်မှု‌ကြောင့် ‌ဒေသခံများ စိုးရိမ်မှုများရှိ‌နေသည့်အ‌ပေါ် ယ‌နေ့အချိန်ထိ တာဝန်ရှိသူများမှ ‌ဖြေရှင်း‌ပေးမှုမရှိခြင်း‌ကြောင့် ‌ဒေသခံများက ‌မေးခွန်းထုတ်‌ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCAတွင် ပါဝင်လက်မှတ်‌ရေးထိုးထားသည့် ဒီမိုက‌ရေစီ အ ကျိုးပြုကရင်တပ်မ‌တော် (DKBA)တပ်ဖွဲ့၏ ထိန်းချုပ်ရာနယ်‌မြေတစ်ခုဖြစ်‌သော ဖလူးကြီး‌ကျေးရွာအုပ်စု ‌ကျောက်ခက် ‌ကျေးရွာနှင့်‌ကျေးရွာအနီးဝန်းကျင် ‌ဒေသအ‌ခေါ် လူခို့ထ နှင့် ခလယ့်ကလိုး ‌ဒေသတို့တွင် မြန်မာ့တပ်မ‌တော်မှ ဝင်‌ရောက် စခန်းချ‌နေထိုင်‌နေခြင်းအ‌ပေါ် တိုက်ပွဲများဖြစ်ပွားမည်ကို ‌ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “အစက သူတို့(စစ်တပ်)က ပြန်မလား၊ ပြန်မလား ဆိုပြီး ‌ဒေသခံ‌တွေက ထင်‌နေတာ အခုထိ မပြန်ဘူး။ ပိုပြီး‌တောင်မှ များလာတယ်။ ‌ဒေသခံ‌တွေက သူတို့အခုလိုလာ‌နေတာ မလိုလားကြဘူး။ ဒီက‌ခေါင်း ‌ဆောင်‌တွေကို ‌ပြောပြလည်း ဘာမှ‌ဖြေရှင်း‌ပေးတာမျိုးမရှိ‌တော့ ‌ဒေသခံရွားသား‌တွေအ‌နေနဲ့က ဘယ်လို လုပ်ပြီး သွား‌ပြော ရဲမလဲ။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိတွင် လူခို့ထ‌ကျေးရွာ၏ ဘုန်ကြီး‌ကျောင်းအတွင်း အင်အား ၃ဝ ခန့်ဝင်‌ရောက် ‌နေထိုင်‌နေပြီး ‌ဒေသအ‌ခေါ် ခလယ့်ကလိုး ‌ဒေသတွင်လည်း စခန်း အခိုင်အမာတည်‌ဆောက်၍ ဝင်‌ရောက်‌နေထိုင်မှုများရှိ‌ကြောင်းလည်း အဆိုပါ ‌ဒေသခံ က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁၇ရက်‌နေ့စ၍ ‌ကျောက်ခတ်အုပ်စု လူခို့ထတွင် လာ‌ရောက် စခန်းချ ‌နေထိုင်သည့် တပ်ရင်းမှာ စစ်ကွပ်ကဲ‌ရေး ဌာနချုပ် (စကခ-၁၃) လက်‌အောက်ခံ၊ ဗိုလ်မှူး ‌ကျော်သူရိန် ဦးစီးသည့် ‌ခြေမြန်တပ်ရင်း (ခမရ-၄၃၂) တပ် ရင်းဖြစ်ပြီး၊ ခလယ့်ကလိုး ‌ဒေသဘက်၌ (စကခ-၁၃) လက်‌အောက်ခံ ဗိုလ်မှူးစိုးမိုးနိုင် ဦးစီးသည့် ‌ခြေမြန်တပ်ရင်း (ခမရ-၃၅၈)တို့မှ ကနဦး ဝင်‌ရောက်လာသည့် တပ်ရင်းများဖြစ်သည်။

ထို့‌နောက် လက်ရှိ‌တွေင် တပ်ရင်း အ‌ပြောင်းအလဲများပြုလုပ်ခဲ့ပြီး လူခို့ထ ‌ဒေသဘက်တွင် (ခမရ-၄၃၂) အစား ဗိုလ်မှူး မျိုး မင်းညို ဦးစီးသည့် (စကခ-၁၃) လက်‌အောက်ခံ (ခမရ-၅၅၉)တပ်ရင်း နှင့် ခလယ့်ကလိုး ‌ဒေသဘက်တွင် (ခမရ-၃၅၈) အစား ဗိုလ်မှူး စိုးပိုင် ဦးစီးသည့် (ခမရ-၅၆၀)တပ်ရင်းတို့မှ အသီးသီး‌ပြောင်းလဲ တာဝန်ယူထားပြီး အင်အား (၆၀)နီးပါး ခန့်ရှိသည်ဟု နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

၎င်းက “ NCA လမ်း‌ကြောင်းအရ ‌ပြောမယ်ဆိုရင် ချိုး‌ဖောက်မှုတစ်ခုပဲ။ ‌ဒေသခံ‌တွေအတွက် စိုးရိမ်စရာ ဖြစ်‌စေတာ‌တော့ အမှန်ပဲ။ ကျ‌နော်တို့ ဘက်က‌တော့ တပ်မဟာ (KNLA တပ်မဟာ ၆) ဘက်ကို အကုန်တင်ပြထားပြီးပြီး။ ဒါ‌ပေမဲ့ အ‌ပေါ်က ဘာမှ ညွှန်ကြားမှုမရှိ‌တော့ ကျ‌နော်တို့လည်း ဘားမှမလုပ်နိုင်သလို NCA လမ်း ‌ကြောင်း အတိုင်း‌ဖြေရှင်း မလား ဘာလုပ်မလဲ ‌စောင့်ကြည့်‌နေရတုန်းပဲ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ နယ်‌မြေသည် KNLA နှင့် DKBA ထိန်းချုပ်နယ်‌မြေများ ဖြစ်သလို လက်ရှိ တပ်မ‌တော်ဘက်မှ ဝင်‌ရောက် စခန်းချ ‌နေထိုင်မှုသည်လည်း DKBAဘက်မှ ခွင့်ပြုထားခြင်းဖြစ်‌သော‌ကြောင့် ကိုင်တွယ်ရ ခက်ခဲ‌ကြောင်းလည်း အဆိုပါ အမည်မ‌ဖော်လိုသူ တာဝန်ရှိသူက မှတ်ချက်ပြု‌ပြောကြားသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး DKBA ဒု- စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စောစတီးက အဆိုတပ်မ‌တော်ဘက်မှ ဝင်‌ရောက် စခန်းချမှုမှာ ၎င်းတို့နှင့် ‌ပြောဆို ‌ဆွေး‌နွေးခြင်းမရှိသလို မည်သည့်ရည်ရွယ်ချက်ဖြင့် ဝင်‌ရောက် စခန်းချခြင်းမျိုးကိုလည်း မသိရှိရ‌ကြောင်း ‌ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ‌စောစတီးလ်က “‌ကော့ကရိတ်မြို့နယ်(KNU ‌ကော့ကရိတ်) ဘက်က သူ့လူ‌တွေက ကျ‌နော်ကို တစ်ခါ လာ‌ပြောတယ်။ ကျ‌နော်‌ပြောတာက မင်းတို့ မြို့နယ်ရဲ့ ညွှန်ကြားချက်အတိုင်းလုပ်‌ပေါ့။ ကျ‌နော်အ‌နေနဲ့‌တော့ ဘာမှမ သိဘူး။ သူတို့ လာတာကလည်း ကျ‌နော်တို့နဲ့ ဘာမှ ‌ပြောဆို‌ဆွေး‌နွေးတာမျိုးမရှိဘူး။ ဘယ်လို ရည်ရွယ်ချက်မျိုးရှိလည်း ကျ‌နော်တို့မသိဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က ထို‌နေရာတွင် ဤကဲ့သို့ တပ်မ‌တော်မှ ရက်ရှည် စခန်းချ‌နေထိုင်မှုများမရှိခဲ့ဘူး၍ ယခုလို ထူးထူး ခြားခြား လာ ‌ရောက်စခန်းချ ‌နေထိုင်မှုအ‌ပေါ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ‌ဒေသခံပြည်သူများ စိုးရိမ် ‌နေကြခြင်းဖြစ်ပြီး ထိုသို့ မြန်မာ့တပ်မ‌တော်မှ ရက်ရှည် စခန်းချ‌နေထိုင်မှုများရှိ‌နေ၍ ရွာသားများအ‌နေဖြင့် လုပ်ငန်းခွင် နှင့် အခြားသွား‌ရေးလာ‌ရေး ကိစ္စများတွင် လွတ်လပ်မှုမရှိသလို ခံစား‌နေရ‌ကြောင်း ယခင်က ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ပါ သ‌ဘောတူညီချက်၏ အခန်း (၃)ပါ ထိပ်တိုက်ရင် ဆိုင်မှုများကို ‌ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့အစည်းများ ‌နေရာချထားခြင်း၏ အပိုဒ်(၇) ပိုဒ်ခွဲ (ဃ)အရ တပ်မ ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့ လက်နက်ကိုင် အဖွဲ့အစည်းများအား သတ်မှတ်‌နေ ရာများတွင် ထားရှိရန်ဟူ၍ပါရှိသည်။

ထို့အပြင် အခန်း(၃) ပါ အရပ်သားများကို ကာကွယ်‌ပေးခြင်း အပိုင်း၏ အပိုဒ် (၉) အပိုဒ်ခွဲ (ဋ)နှင့် (ထ) အရ စာသင် ‌ကျောင်း၊ ‌ဆေးရုံ၊ ‌ဆေးခန်းများနှင့် ဘာသာ‌ရေး အ‌ဆောက်အအုံ ပရဝုဏ်များအား အ‌ကြောင်းမဲ့ ဖျက်ဆီးခြင်း၊ ပျက်စီးမှု ဆိုးကျိုးများ ဖြစ်‌ပေါ်‌စေခြင်း နှင့် စစ်ဘက်ဆိုင်ရာ တပ်စခန်းချထားခြင်း မပြုလုပ်ရနှင့် အရပ်သား ပြည်သူများ စိုးရိမ်‌ကြောင့် ကြမှုမရှိဘဲ အပစ်ရပ် နယ်‌မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုရန်ဟူ၍ ပါရှိသည်။

အစိုးရ၊ တပ်မ‌တော် နှင့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့အကြား အပစ်ရပ် လက်မှတ်‌ရေးထိုး ထားမှုရှိ ‌သော်လည်း တပ်‌နေရာ ချထား‌ရေးနှင့် နယ်‌မြေသတ်မှတ်ခြင်းများကို ယ‌နေ့အချိန် ‌ဆွေး‌နွေးနိုင်ခြင်း မရှိခြင်း‌ကြောင့် အပြန်အလှန် ပစ်ခတ်မှုများ၊ စွပ်စွဲ‌ပြောဆိုမှုများရှိ‌နေပြီး အပစ်ရပ် ‌စောင့်ကြည့်ရန် ဖွဲ့စည်းထားသည့် JMC ယန္တရားရှိ‌သော်လည်း ၎င်းလုပ်ငန်းစဉ်များအ‌ပေါ်တွင် ‌ဝေဖန်မှုများစွာရှိသည်။