Home သတင်း ‌ကော့ကရိတ်မြို့‌မြောက်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွား၍ ရွာသားများ ထွက်‌ပြေးတိမ်း‌ရှောင်

‌ကော့ကရိတ်မြို့‌မြောက်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွား၍ ရွာသားများ ထွက်‌ပြေးတိမ်း‌ရှောင်

55921

စက်တင်ဘာ ၄ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့‌မြောက်ဘက် ရန်ကုတ်‌ကျေးရွာအနီးတွင် ယ‌နေ့ (စက်တင်ဘာ ၄ရက်) ည‌နေ ၃နာရီခွဲ‌ကျော်အချိန်၌ ပစ်ခတ်မှုဖြစ်ပွား၍ ‌ကျေးရွာသူရွာသားများ ‌ဘေးလွတ်ရာသို့ ‌ရှောင်တိမ်းထွက်‌ပြေးလျှက်ရှိ‌ကြောင်း ‌ကေအိုင်စီက စုံစမ်း သိရှိရသည်။

ရန်ကုတ်‌ကျေးရွာအနီးရှိ ‌ကောင်းမှု‌ကျေးရွာသားတစ်ဦးက “တိုက်ပွဲဖြစ်လို့ ရွာသား‌တွေ လိုက်‌ရှောင်ထွက်‌ပြေး‌နေကြ တယ်။ အခုက ဖြစ်‌နေတုန်းပဲ။ ဘယ်သူနဲ့ဘယ်သူ ပစ်‌နေကြလဲ‌တော့ မသိဘူး။ ‌လော‌လောဆယ် ရွာသား‌တွေလည်း ထွက်‌ပြေး‌နေကြသူ‌တွေလည်း ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယခု ပစ်ခတ်မှုဖြစ်ပွားသည့်‌နေရာမှာ ယခင် ‌ကော့ကရိတ်-မြဝတီလမ်း‌ဟောင်း‌ပေါ်ရှိ ဂိတ်‌ကြေး‌ကောက်ခံသည့် ‌နေရာအနီးတဝိုက်တွင်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် ခွဲထွက်-ဒီ‌ကေဘီ‌အေတို့ကြားတိုက်ပွဲဖြစ်‌ကြောင်း ‌ဒေသခံ များက ခန့်မှန်း‌နေကြ‌သော်လည်း သီးသန့် အတည်ပြုချက် မရရှိ‌သေး‌ပေ။

ယခုပစ်ခတ်မှုမှာ ဩဂုတ်လ ၃ဝရက်‌နေ့က ‌ကော့ကရိတ်-မြဝတီ ကားလမ်း‌ဟောင်း အလယ်ဘိုတဲအနီး ဓမ္မံ‌အောင်‌တောင်ကုန်းဆက်သွယ် ‌ရေးစခန်းရှိ လုံခြုံ‌ရေးတပ်သားနှစ်ဦး ပစ်သတ်ခံရခြင်းနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု သုံးသပ်မှုများရှိသည်။