Home ရွေးကောက်ပွဲသတင်း ဝန်ကြီးချုပ်ပါဝင်သည့် NLD ကိုယ်စားလှယ်‌လောင်း ၃ဦး ဖားအံမဲဆန္ဒနယ်၊ လှိုင်ကမာ္ဘ‌ကျေး ရွာအုပ်စုတွင် စည်းရုံး‌ဟော‌ပြောခဲ့

ဝန်ကြီးချုပ်ပါဝင်သည့် NLD ကိုယ်စားလှယ်‌လောင်း ၃ဦး ဖားအံမဲဆန္ဒနယ်၊ လှိုင်ကမာ္ဘ‌ကျေး ရွာအုပ်စုတွင် စည်းရုံး‌ဟော‌ပြောခဲ့

2783
စက်တင်ဘာ ၂၈ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဖော့‌ဂေ

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၏ ကရင်ပြည်နယ် ကိုယ်စားလှယ်‌လောင်းများအနက် လက်ရှိ ပြည်နယ်ဝန်ကြီး ချုပ် နန်းခင်‌ထွေးမြင့် အပါအဝင် ကိုယ်စားလှယ်‌လောင်းသုံးဦးတို့သည် ဖားအံမြို့နယ်အတွင်းရှိ လှိုင်ကမာ္ဘ‌ကျေးရွာအုပ် စုတွင် စက်တင်ဘာလ ၂၆ရက်‌နေ့က မဲဆွယ်စည်းရုံး‌ရေး သွား‌ရောက်‌ဟော‌ပြောခဲ့ကြသည်။

ကရင်ပြည်နယ် NLD ပါတီမှ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ်အမှတ်(၆) ကိုယ်စားလှယ်‌လောင်း ‌စောမိုးမြင့်၊ ပြည်သူ့ လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း နန်းသန်းသန်းလွင်နှင့် ဖားအံမဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်‌ရောက်အ‌ရွေးခံမည့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်းဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်တို့က လှိုင်ကမာ္ဘ‌ကျေးရွာအုပ်စု အတွင်းရှိ ‌ကော့နန်းသာ‌ကျေးရွာနှင့် ‌ကော့မူးနုတ်‌ကျေးရွာများ၌ ထို‌နေ့မနက် ၉နာရီမှ ၁၁နာရီအထိ ‌ဟော‌ပြောခဲ့ကြခြင်း ဖြစ်သည်။

ကိုယ်စားလှယ်‌လောင်းများကို ကြိုဆိုသည့် ‌ကော့မူးနုတ်ရွာသူ နန်းရင်‌ဌေးက “ဝန်ကြီးချုပ်ကို လှိုက်လှဲစွာ ကြိုဆိုတာ ပါ။ စိတ်အားတက်ကြွလို့လည်း ကြိုဆိုတာဖြစ်တာ‌ပေါ့‌နော်။ သူတို့ပြန်နိုင်ရင် ကျမတို့ရွာက မပြီး‌သေးတဲ့ လမ်း‌တွေကို ဆက်လုပ်‌ပေး‌စေချင်တယ်။”ဟု ‌ကေအိုင်စီသို့ ကရင်လို ‌ပြောသည်။

အဆိုပါ ‌ဟော‌ပြောပွဲကို ‌ဒေသခံ ပါတီစည်းရုံး‌ရေးတာဝန်ခံများက စီစဉ်‌ဆောင်ရွက်‌ပေးခဲ့ကြပြီး ‌ကျေးရွာနှစ်ရွာ၌ သက် ဆိုင်ရာ ရွာသူရွာသားများနှင့် ခရီးစဉ်တွင် လိုက်ပါ‌ပေးကြသူ ပါတီဝင်များ အပါအဝင် လူဦး‌ရေစုစု‌ပေါင်း ၅ဝနီးပါးခန့်စီ တက်‌ရောက်ခဲ့ကြသည်။

ယင်း‌ဟော‌ပြောပွဲကို ‌ကေအိုင်စီက သတင်းသွား‌ရောက်ယူရာတွင် သတင်းရယူ၊ ရိုက်ကူးခွင့်မရှိ‌ကြောင်း ခရီးစဉ်ဝန်းရံသူ ပါတီဝင်များက တားဆီး‌ပြောဆိုမှုများ ရှိခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာ‌ကောင်စီ(MPC)ကို ‌ကေအိုင်စီက ‌မေးမြန်းရာ ‌ကောင်စီ၏ တွဲဘက်အ တွင်း‌ရေးမှူး(၁) ဦးမြင့်‌ကျော်က “ဒီလို ‌ကျေးရွာမှာပဲဖြစ်ဖြစ်၊ မြို့မှာပဲဖြစ်ဖြစ်၊ ရပ်ကွက်မှာပဲဖြစ်ဖြစ် စည်းရုံး‌ရေးလာလုပ် တယ်ဆိုတာ အများနဲ့ဆိုင်တဲ့ကိစ္စ‌လေ‌နော်။ ဒီကိစ္စက သတင်းမ‌ရေးပါနဲ့။ သတင်းမယူပါနဲ့။ မရိုက်ပါနဲ့ ဆိုတဲ့ဟာမျိုးက ‌တော့ ဒါ လုံခြုံ‌ရေးကိစ္စ လုပ်‌နေကြတာ မဟုတ်ဘူး‌လေ။ ဒါ အားလုံး သတင်းယူခွင့်ရှိတယ်။ ‌ရွေး‌ကောက်ပွဲဆိုတာ ပွင့် လင်းမြင်သာပြီး‌တော့ မျှတပြီး လွတ်လပ်တဲ့ ‌ရွေး‌ကောက်ပွဲဆိုတဲ့ ‌ကော်မရှင်ကလည်း စံ ၅ချက် ချထားတယ်။ အဲဒီဟာ ‌တွေနဲ့ အခု အဲလို တကယ်ဖြစ်ပျက်‌နေတယ်ဆိုရင် ဒါ ဆန့်ကျင်‌နေတယ်လို့ ထင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ၎င်းက မဲဆွယ်စည်းရုံးခြင်းမှာ သတင်းရယူခွင့်ရှိပြီး တချို့‌သော အခမ်းအနားထဲ၊ ရုံးထဲ ဝင်ခွင့်‌ပေးခြင်း မ‌ပေးခြင်းသည် သက်ဆိုင်ရာ နိုင်ငံ‌ရေးပါတီအ‌နေဖြင့် မီဒီယာကို မည်မျှအထိ ကျွမ်းဝင်မှုရှိသည်၊ နားလည်သည်ဆို သည့်အ‌ပေါ်လည်း မူတည်‌ကြောင်း ဖြည့်စွက်‌ပြောဆိုသည်။

ကရင်ပြည်နယ်တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)အ‌နေဖြင့် လာမည့် နိုဝင်ဘာလ (၈)ရက်‌နေ့ ၂၀၂ဝ အ‌ထွေ ‌ထွေ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ၁၂ဦး၊ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ၇ဦး၊ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ၁၄ဦးနှင့် မွန်၊ ဗမာ၊ ပအိုဝ်းတိုင်းရင်းသား‌ရေး ရာ ကိုယ်စားလှယ်‌လောင်း ၃ဦး စုစု‌ပေါင်း ၃၆ဦး ရှိ‌ကြောင်း NLD ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့၏ ‌ကြေညာချက်အရ သိရ သည်။