Home သတင်း ဖားအံ မြိုင်က‌လေးအကျဉ်းစခန်းမှ အကျဉ်းသား ၅ ဦး ထွက်‌ပြေး၊ ၁ ဦး ပြန်လည်ဖမ်းမိပြီး ၄ဦး လွတ်‌မြောက်ဆဲ

ဖားအံ မြိုင်က‌လေးအကျဉ်းစခန်းမှ အကျဉ်းသား ၅ ဦး ထွက်‌ပြေး၊ ၁ ဦး ပြန်လည်ဖမ်းမိပြီး ၄ဦး လွတ်‌မြောက်ဆဲ

5520
Photo: Nay Naw

စက်တင်ဘာ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် ဖားအံမြို့နယ်၊ မြိုင်က‌လေး၊ အင်း‌ဗြောင်ကုန်ထုတ်စခန်း၏ စခန်းခွဲတစ်ခုဖြစ်‌သော မာလာဖူးစ ခန်းမှ စက်တင်ဘာလ ၈ရက်‌နေ့ ည‌နေပိုင်းက အကျဉ်းသား(၅)ဦး ထွက်‌ပြေးရာ (၁) ဦးအား ပြန်လည်ဖမ်း ဆီးရမိ ခဲ့ပြီး (၄)ဦးမှာ ထွက်‌ပြေးလွတ်‌မြောက်‌နေဆဲဖြစ်‌ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်‌နေ့ ည‌နေ ၃ နာရီ‌ကျော်အချိန်ခန့် အင်း‌ဗြောင်ကုန်ထုတ်စခန်းတွင် အလုပ်သိမ်းရန် အ တွက် တန်းစီလူစစ်‌နေစဉ် မိုးသည်းထန်စွာ ရွာသွန်း‌နေသည်ကို အခွင့်‌ကောင်းယူကာ သံဆူးကြိုးကွန်ကရစ်တိုင် သံကြိုးအား တွန်းလှဲထွက်‌ပြေးသွားသဖြင့် အကျဉ်း‌ထောင်တာဝန်ကျ ဝန်ထမ်းမှ ‌သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်‌ပြေးသွားသူ (၅)ဦးအနက် (၁)ဦးကို ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး (၄)ဦးမှာ ထွက်‌ပြေးလွတ် ‌မြောက်သွားခဲ့ခြင်း ဖြစ်သည်ဟု မြိုင်က‌လေးရဲတပ်ဖွဲ့သတင်းအရ သိရသည်။

ထွက်‌ပြေးလွတ်‌မြောက်‌နေသည့် အကျဉ်းသား(၄)ဦးမှာ ပဲခူးတိုင်း‌ဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျိုက်မ‌ရော ‌ကျေးရွာ‌နေ ဆိုင်ကယ်ခိုးမှု ၈ မှုဖြင့် ‌ထောင်ဒဏ် ၈ နှစ် ကျခံ‌နေရသူ ‌ကျော်ရဲနိုင်၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ လိူင် သာယာမြို့နယ်၊ (၁၉)ရပ်ကွက်၊ သံသုမာ (၂)လမ်း၊ အိမ်အမှတ် ၂၃၂ ‌နေ လူသတ်မှုဖြင့် ‌ထောင်ဒဏ် (၂၀)နှစ် ကျခံ‌နေရသူ သက်‌မောင်‌မောင်(ခ)ကုလား၊ ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးမြို့နယ် ပုဏ္ဏားစု ရပ်ကွက်၊ ပုဏ္ဏားစု (၁၉)လမ်း‌နေ ဓါးပြမှု၊ လုယက်မှုတို့ဖြင့် ‌ထောင်ဒဏ်(၁၃)နှစ်(၃)လ ကျခံ‌နေသူ ငရှိုင်း(ခ)ကပ္ပလီနှင့် ပဲခူးတိုင်း ‌ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ‌ဖောင်‌တော်သီ‌ကျေးရွာ‌နေ ဆိုင်ကယ်(၁၁)စီး ခိုးယူခဲ့မှုဖြင့် ‌ထောင်ဒဏ်(၁၀) နှစ် (၉)လ ကျခံ‌နေရသူ ‌ကောင်းလင်းထွန်းတို့ဖြစ်‌ကြောင်း မြိုင်က‌လေးရဲတပ်ဖွဲ့ စာရင်းတွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ဖားအံအကျဉ်း‌ထောင်မှ အကျဉ်းသား(၄၁)ဦး အလားတူ ထွက်‌ပြေးလွတ်‌မြောက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့‌သေးသည်။