Home COVID-19 ဖားအံကိုရိုနာဗိုင်းရပ်စ်ပိုး‌တွေ့ရှိသူနှင့် ဆက်စပ်သူများအား နှာ‌ခေါင်း၊အာ‌ခေါင်တို့ဖတ်(Swab) ရယူထား

ဖားအံကိုရိုနာဗိုင်းရပ်စ်ပိုး‌တွေ့ရှိသူနှင့် ဆက်စပ်သူများအား နှာ‌ခေါင်း၊အာ‌ခေါင်တို့ဖတ်(Swab) ရယူထား

2229
စက်တင်ဘာ ၂၈ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ‌ကော့ဒါန်းမယ်ရွာသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ‌ရောဂါပိုး စစ်‌ဆေး‌တွေ့ ရှိခဲ့သည့်အတွက်‌ကြောင့် ၎င်းနှင့် ထိ‌တွေ့ဆက်ဆံခဲ့သူများအား နှာ‌ခေါင်း၊ အာ‌ခေါင် တို့ဖတ်(Swab)များကို ယ‌နေ့ (စက် တင်ဘာ ၂၈)တွင် ရယူပြီးစီးထား‌ကြောင်း သိရသည်။

အဆိုပါ နှာ‌ခေါင်း၊ အာ‌ခေါင် တို့ဖတ်များကို အမျိုးသားဓာတ်ခွဲဌာန(ရန်ကုန်)သို့ ‌ပေးပို့ စစ်‌ဆေးရမည်ဖြစ်ပြီး ‌ရောဂါပိုးရှိ မရှိ အ‌ဖြေရရန် ရက်အတိအကျ မခန့်မှန်းနိုင်‌ကြောင်း ကရင်ပြည်နယ်၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ‌ဒေါက်တာ ‌ကျော်စွာမြင့်က ယခုလို ‌ပြောသည်။

“ရန်ကုန်မှာက ‌သောင်းဂဏန်းနဲ့ စစ်ရတာကိုး။ (အ‌ဖြေသိဖို့) သုံး‌လေးရက် ကြာသွားတတ်တယ်‌ပေါ့‌နော်။ အ‌ရေးတကြီး လည်းဖြစ်တယ်။ ‌ရောဂါသည်လည်း ဖြစ်တယ်ဆို ဖားအံ(‌ဆေးရုံ)မှာ စစ်လို့ရတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂၄ရက်‌နေ့၊ ထုတ်ပြန်ခဲ့‌သော ပိုး‌တွေ့သူများစာရင်း၌ ကရင်ပြည် နယ်၊ ဖားအံမြို့နယ်မှ ‌ကော့ဒါန်းမယ်‌ကျေးရွာသား ‌စောတင်လှိုင် ပါဝင်ခဲ့ပြီး ယခုအချိန်တွင် ၎င်းရွာသားမှာ ဖားအံပြည် သူ့‌ဆေးရုံ၌ ‌ဆေးကုသမှု ခံယူလျှက်ရှိသည်။

စက်တင်ဘာလ ၁၉ရက်‌နေ့က ‌ကော့လှိုက်‌ကျေးရွာအုပ်စု၊ ဝါးဆူး‌ကျေးရွာ၌ ပြုလုပ်ခဲ့‌သော ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ-KNDP ၏ မဲဆွယ်ပွဲ ပြုလုပ်ခဲ့‌သော ကိုယ်စားလှယ်‌လောင်း ၃ဦးနှင့်အတူ စက်တင်ဘာ ၂၃ရက်‌နေ့မှစ၍ ဖားအံ တက္ကသိုလ်ဝင်းရှိ အ‌ဆောင်တစ်ခု၌ Q ဝင်ခဲ့သည့် ဝါးဆူးရွာနှင့် အခြား‌ကျေးရွာအချို့မှ ရွာသူရွာသား ၄၇ဦး၏ နှာ‌ခေါင်း၊ အာ‌ခေါင် တို့ဖတ်တို့ကိုမူ ယ‌နေ့မှသာ စတင် ရယူထားခြင်းလည်းဖြစ်သည်။

အလားတူ Q စင်တာ၌ အသစ်ထပ်မံ ‌ရောက်ရှိလာသည့် ၎င်းပိုး‌တွေ့ရွာသားနှင့် ထိ‌တွေ့ပတ်သက်ခဲ့သူ ‌ကော့ဒါန်းမယ် ရွာသား ၁၅ဦး၊ ထန်းတပင်ရွာ ကုန်စုံဆိုင်နှင့် ဖားအံမြို့မ‌ဈေး၊ အလှကုန်စတိုးဆိုင်များမှ လူများကိုလည်း တစ်ပါတည်း ‌ပေါင်း၍ နှာ‌ခေါင်း၊ အာ‌ခေါင်တို့ဖတ် ရယူထားခဲ့သည်ဟု သိရသည်။

Q ဝင်‌နေသူ KNDP ၏ ဖားအံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း နန်း‌စေးအွာ က “ကျမတို့ ကိုယ်စားလှယ်‌လောင်း ၃ဦးက‌တော့ ဒီ‌နေ့ နှာ‌ခေါင်း၊ အာ‌ခေါင် တို့ဖတ် ယူပြီးပြီ‌ပေါ့‌နော်။ ကျန်တဲ့သူ‌တွေ ကိုလည်း အကုန်ယူထားပြီးပါပြီ။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

နန်း‌စေးအွာနှင့်အတူ ဖားအံမဲဆန္ဒနယ်အမှတ်(၆)မှ ဝင်‌ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ‌လောင်း နန်းလှယဉ်‌မေနှင့် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ‌စောမင်း‌ဇော်ဦးတို့ကို စက်တင်ဘာ ၂၄ရက်‌နေ့ က နှာ‌ခေါင်း၊ အာ‌ခေါင် တို့ဖတ် တစ်ကြိမ် ရယူပြီးခဲ့ပြီး စက်တင်ဘာ ၂၅ရက်‌နေ့ ထုတ်ပြန်ချက်တွင် ‌ရောဂါပိုးမ‌တွေ့ရှိ ‌ကြောင်း ‌ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် အတိုင်းအတာဖြင့် ဓာတ်ခွဲစစ်‌ဆေးရန် ‌စောင့်ကြည့်ခံထားရသူ ၅၀ဝဦးခန့်ရှိ‌ကြောင်း လည်း ‌ဒေါက်တာ‌ကျော်စွာမြင့်က ဖြည့်စွက် ‌ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ ‌ရောဂါပိုး‌တွေ့ရှိခဲ့မှု မှတ်တမ်းအရ ဖားအံမြို့နယ်မှ ၂၇ဦး၊ လှိုင်းဘွဲမြို့နယ်မှ ၃ ဦး၊ ဖာပွန်မြို့နယ်မှ ၁ဦး၊ ‌ကော့ကရိတ်မြို့နယ်မှ ၁ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၂ဦး၊ မြဝတီမြို့နယ်မှ ၄ဦး၊ သံ‌တောင် ကြီးမြို့နယ်မှ ၂ဦးတို့ဖြစ်သည်။