Home သတင်း ထွက်‌ပြေး အကျဉ်းသားများ ဖမ်းမမိ‌သေးသည့်အတွက် ‌ဒေသခံများစိုးရိမ်

ထွက်‌ပြေး အကျဉ်းသားများ ဖမ်းမမိ‌သေးသည့်အတွက် ‌ဒေသခံများစိုးရိမ်

2754
မာလာဖူးတ‌ောငျ

စက်တင်ဘာ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ဖားအံမြို့ သံလွင်တံတားအ‌နောက်ဘက်ခြမ်းရှိ မာလာဖူး‌တောင်၊ ကုန်ထုတ်လုပ်‌ရေးစခန်းမှ ထွက်‌ပြေးသွား သည့် အကျဉ်းသား ၄ ဦးကို ပြန်မဖမ်းမိ‌သေးသည့်အတွက် အနီးနားရှိ ‌ကျေးရွာများမှ ‌ဒေသခံများ သတိထား စိုးရိမ်‌နေရသည်ဟု ၎င်းတို့က ‌ကေအိုင်စီသို့‌ပြောသည်။

ယခုလို ‌ထောင်သားများ ထွက်‌ပြေးသည့်အတွက် ညအချိန်‌ကျေးရွာအတွင်း ဝင်လာတတ်သည့်အတွက် လက်ရှိ အလွန်သတိထားပြီး‌နေရ‌ကြောင်း မြိုင်က‌လေးတွင်‌နေထိုင်သည့် ‌ဒေါ်‌အေးစိန်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ အခုရွာမှာ ညဘက် ကင်းလှည့်‌နေရတယ်။ ဘာလို့လဲဆို‌တော့ ထွက်‌ပြေးသွားတဲ့‌ထောင်သား‌တွေက ဘာမှ မပါသွားဘူးလို့ကြားတယ်။ ရွာကဆိုင်ကယ်တို့ဘာတို့ လာခိုးမှာကို စိုးရိမ်‌နေတယ်။” ဟု လှာကာ‌ကျေးရွာ ရာအိမ်မှူး ‌စောကွားကွာက ‌ကေအိုင်စီ စက်တင်ဘာ၁ဝရက်‌နေ့တွင် ‌ပြောသည်။

ယခုလို အကျဉ်းသားများ ထွက်‌ပြေးသွားမှုအ‌ပေါ်အနီးရှိ ‌ကျေးရွာအနီးနားတစ်ဝိုက်တွင် မသကင်္ာသူ များ‌တွေ့ ရှိပါက သတင်းပို့ရန် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ‌ပြောဆိုထား‌ကြောင်း သက်ဆိုင်ရာအုပ်ချုပ်‌ရေးမှူးများက ‌ပြောသည်။

ထွက်‌ပြေးလွတ်‌မြောက်သည့် အကျဉ်းသား ၄ ဦးသည် ခိုးမှု၊ ဓားပြမှုနှင့် လူသတ်မှု‌ကြောင့် ‌ထောင်ကျခံထားရ သူများဖြစ်ပြီး ပဲခူးတိုင်း‌ဒေသကြီးမှ ၃ ဦးနှင့် ရန်ကုန်တိုင်း‌ဒေသကြီး တစ်ဦးပါဝင်‌ကြောင်း သိရသည်။

အဆိုပါ ထွက်‌ပြေးသည့် အကျဉ်းသား ၄ဦးကို ပြန်လည်ဖမ်းမိ‌ရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အပြင် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF)နှင့် နယ်‌မြေခံ KNU/KNLA-PC အဖွဲ့တို့နှင့်ပူး‌ပေါင်းပြီး နယ်‌မြေ အတွင်းရှိ ‌တောင်‌ခြေအနီးနှင့် အနီးနားရွာများတွင်လည်း ရှာ‌ဖွေလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စတင်ဘာလတွင်လည်း ဖားအံ‌တောင်က‌လေးအကျဉ်း‌ထောာင်မှ အကျဉ်းသား ၄၁ ဦး ထွက်‌ပြေးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူး‌ကြောင်း သိရသည်။