Home ရွေးကောက်ပွဲသတင်း ထိုင်း‌ရောက် မြန်မာပြည်သားများ ‌အောက်တိုဘာ ၃ ရက်‌နေ့တွင် ကြိုတင်ဆန္ဒမဲ စတင်‌ပေးရန် စီစဉ်ထား

ထိုင်း‌ရောက် မြန်မာပြည်သားများ ‌အောက်တိုဘာ ၃ ရက်‌နေ့တွင် ကြိုတင်ဆန္ဒမဲ စတင်‌ပေးရန် စီစဉ်ထား

2370
( မဲ‌ဆောက်မြို့တွင် ပြုလုပ်သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် မဲအသိပညာ‌ပေးအစီအစဉ်တစ်ခုကို ‌တွေ့ရစဉ် )
စက်တင်ဘာ ၂၈ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများအ‌နေဖြင့် လာမည့် ‌အောက်တိုဘာလ ၃ ရက်‌နေ့မှ စတင်၍ ကြိုတင်ဆန္ဒ မဲ‌ပေးနိုင်မည်ဖြစ်‌ကြောင်း ဘန်‌ကောက်မြို့ မြန်မာသံရုံးမှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်‌နေ့က သံရုံး၏ လူမှုစာမျက်နှာတွင် ထုတ်ပြန်‌ကြေညာထားသည်။

သံရုံး၏ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းနှင့် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တို့ စက်တင် ဘာလ ၂၄ရက်‌နေ့ ‌တွေ့ဆုံမှုအပြီး လာမည့် ‌အောက်တိုဘာလ ၃ရက်‌နေ့မှစ၍ ၁၃ရက်‌နေ့အထိ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံး အဝန်းအဝိုင်းတို့တွင် နံနက်(၈)နာရီမှ ည‌နေ (၆)နာရီအထိ ကြိုတင် ဆန္ဒမဲ ‌ပေးနိုင်ရန်စီစဉ်ထား‌ကြောင်း သံရုံး၏ ‌ကြေညာချက်၌ ‌ဖော်ပြထားသည်။

ထို့အပြင် ကြိုတင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကိုလည်း ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ထံမှ ပြည့်စုံစွာရရှိပါက ‌နေ့ရက်၊ အချိန်၊ မဲရုံအလိုက် မဲ‌ပေးရမည့် မဲဆန္ဒရှင် စာရင်းများ၊ အပြင်ပယ်မဲ၊ ခိုင်လုံမဲ နှင့်ပတ်သက်သည့် သတိပြုရမည့်အချက်များနှင့် တစ်ဦးချင်းလိုက်နာရမည့် စည်းကမ်းချက်များကိုပါ ထုတ်ပြန် ‌ကြေညာ‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း သံရုံးက ဆိုသည်။

ထိုသို့ သံရုံးမှ ကြိုတင်ဆန္ဒမဲ ‌ပေးရန်စီစဉ်‌ပေးရာ၌ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ ‌ကောင်စစ် ဝန်ရုံးတို့တွင်သာ မဲရုံများ ဖွင့်လှစ်‌ပေးမည်ဖြစ်‌သော‌ကြောင့် အချို့‌သော မြန်မာပြည်သားများအတွက် သွားလာ ‌ရေး အခက်အခဲများ‌ကြောင့် မဲ‌ပေးခွင့်များ ဆုံးရှုံးသွားနိုင်‌ကြောင်း သံရုံး၏ ဖိတ်ကြား‌တွေ့ဆုံမှုတွင် ပါဝင်တက် ‌ရောက်ခဲ့သူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)အဖွဲ့မှ ‌စောဆိပ်ပ‌လောင်က ‌ပြောသည်။

၎င်းက “အခုက ထိုင်းနိုင်ငံတစ်နိုင်ငံလုံးမှာ မြန်မာနိုင်ငံသား‌တွေ အများကြီးပဲ။ အမှန်က မဲဌာန သုံး‌လေး ခု‌လောက် လုပ်‌ပေး‌စေချင်တယ်။ တချို့ထိုင်း‌တောင်ပိုင်းတို့ ရ‌နောင်းတို့ဘက်က လူ‌တွေကျ‌တော့ မဲထည့်ခွင့် ဆုံးရှုံးနိုင်တာ‌ပေါ့။ သူတို့မှ မလာနိုင်တာ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထိုသို့ ဖွင့်လှစ်‌ပေးမည့် မဲရုံများသို့ မဲဆန္ဒရှင်များ ကိုယ်တိုင်သွား‌ရောက်နိုင်မှသာ မဲထည့်ခွင့်ရမည်ဖြစ်ပြီး သံရုံး အ‌နေဖြင့်လည်း ၎င်းကိစ္စရပ်အ‌ပေါ် ‌ဆွေး‌နွေးပွဲ၌ တစ်စုံတရာ ‌ပြောဆိုခဲ့ခြင်းမရှိ‌ကြောင်းလည်း ‌စောဆိပ်ပ ‌လောင်က ဆက်‌ပြောသည်။

သို့‌သော် သံရုံးအ‌နေဖြင့် မြန်မာအလုပ်သမားများ မဲ‌ပေးမည့်‌နေ့တွင် သက်ဆိုင်ရာ လုပ်ငန်းများမှ ခွင့်ရက်ရ ရှိ‌ရေးအတွက် ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနနှင့် ညှိနှိုင်း‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်း နှင့် မြန်မာလူမှု အဖွဲ့အစည်းများမှ သွားလာ‌ရေးများစီစဉ်‌ပေးပါက ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ လမ်းညွန်ချက်နှင့် အညီ ကူညီ‌ဆောင်ရွက်‌ပေးနိုင်‌ကြောင်း ၎င်းထုတ်ပြန်‌ကြေညာတွင် ဆိုထားသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကပ်‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးအတွက် ခရီးသွားလာမှုအချို့ကို ကန့်သတ် ချက်များ ရှိ‌နေ‌သေးသလို အချို့‌သော အလုပ်သမားများမှာ ခရီးသွားလာခွင့် လက်မှတ်နှင့် စာရွက်စာတမ်းများ မရှိကြခြင်း‌ကြောင့် ၎င်းတို့မဲ‌ပေးခွင့်ရ၊ မရအ‌ပေါ် မ‌သေချာ‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ဆိုသည်။

မဲ‌ဆောက် အ‌ခြေစိုက် ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ သင်တန်းတာဝန်ခံ ကိုမျိုး‌ဇော်က “ကျ‌နော်တို့ ဘက်မှာ‌တော့ အခက်အခဲမရှိဘူး။ တကယ်လို့ မဲ‌ပေးရမယ့် စာရင်းထွက်လာရင် သံရုံးက ကားစီစဉ်‌ပေးမယ်။ ဒါ‌ပေမဲ့ သွားရမယ့် သူ‌တွေက သွားလာခွင့် အ‌ထောက်အထားရှိမှ ရမယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိတွင် မဲ‌ဆောက်‌ဒေသ၌ မဲ‌ပေးခွင့်တင်ထားသူ‌ပေါင်း တစ်‌ထောင်နီးပါးခန့်ရှိပြီး အချို့‌သော သူများမှာ သွားလာခွင့်အ‌ထောက်အထားလက်မှတ်မရှိသူများပါဝင်‌ကြောင်းနှင့် လူမှုအဖွဲ့အစည်းများအ‌နေဖြင့် မဲ‌ပေးခွင့် ရှိသူများကို မဲသွားထည့်နိုင်ရန် သွားလာခွင့်အတွက် ကူညီ‌ဆောင်ရွက်‌ပေးနိုင်သည့်တိုင်‌အောင် သံရုံး၏ ‌ထောက်ခံစာများ ကူညီ‌ဆောင်ရွက်‌ပေးရန် လိုအပ်‌ကြောင်းလည်း ကိုမျိုး‌ဇော်က ဆက်‌ပြောသည်။

နိုင်ငံတကာ‌ရောက် မြန်မာပြည်သားများ၏ မဲထည့်ခွင့်‌လျှောက်ထားသူများစာရင်းကို ‌ရွေ‌ကောက်ပွဲ‌ကော်မရှင်မှ စိစစ် ‌ဆောင်ရွက်ပြီး‌နောက် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ မြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ‌ကောင်စစ်ဝန်ချုပ်ရုံး စုစု‌ပေါင်း (၄၅) ရုံးသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်‌နေ့အထိ ‌ပေးပို့ထားချက်အရ ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူ စုစု‌ပေါင်း (၁၀၁,၅၂၆)ဦးရှိသည်။ ထိုင်းနိုင်ငံအတွင်း တရားဝင် မြန်မာအလုပ်သမားများ ၁.၁၅ သန်းရှိသည့် အနက် ကြိုတင်ဆန္ဒမဲ‌ပေးခွင့် ‌လျှောက်ထားသူ ၄‌သောင်းနီးရှိ‌ကြောင်း မြန်မာသံရုံးထံမှ သိရသည်။

ပြည်ပနိုင်ငံအသီးသီး‌ရောက် မြန်မာနိုင်ငံသား ၄ သန်းရှိသည့်အနက် ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ‌လျှောက်လွှာတင်သူ တစ်သိန်း‌ကျော်ရှိ‌ကြောင်း မြန်မာနိုင်ငံခြား ‌ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရပြီး ၎င်းအ‌ရေအတွက်အရ ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲထက်ပိုများပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်ပနိုင်ငံ‌ရောက် ဆန္ဒမဲ‌ပေးသူ မဲဆန္ဒရှင် ၃ ‌သောင်းခန့်သာရှိခဲ့သည်ဟု သိရ သည်။

ထို့အပြင် သက်ဆိုင်ရာ ပြည်ပနိုင်ငံအသီးသီး၏ မြန်မာသံရုံးများမှ ကြိုတင်ဆန္ဒမဲ ‌ပေးပိုင်ခွင့်ရှိသူများ လူဦး‌ရေ စာရင်းနှင့် ကြိုတင်ဆန္ဒမဲ‌ပေးရမည့် အချိန်၊ ‌နေ့ရက်၊ ‌နေရာများကိုလည်း ပြီးခဲ့သည့် အပတ်မှစ၍ ၎င်းတို့၏ လူမှု စာမျက်၌ အသီးသီး ‌ကြေညာထား‌ကြောင်း‌တွေ့ရသည်။