Home သတင်း ထမ့်ဟင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များ ဆန္ဒ‌ဖော်ထုတ်မှု ဖြစ်ပွားခဲ့

ထမ့်ဟင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များ ဆန္ဒ‌ဖော်ထုတ်မှု ဖြစ်ပွားခဲ့

4134
စက်တင်ဘာ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း တစ်ခုဖြစ်သည့် ထမ့်ဟင် ဒုက္ခသည်စခန်းအတွင်း ယမန်‌နေ့ (စက်တင်ဘာလ ၂၂ ရက်က စခန်းတွင်း ဆန္ဒ‌ဖော်ထုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထမ့်ဟင် ဒုက္ခသည်စခန်း ထိုင်းအာဏာပိုင် တာဝန်ခံ(ပလာ)ဆိုသူက စခန်းတွင်း ဝင်ထွက်သွားလာမှုများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လုပ်‌ဆောင်ခြင်းနှင့် ဒုက္ခသည်များအ‌ပေါ် ပြင်းထန်သည့် အပြစ်‌ပေး အ‌ရေးယူ မှုများ ပြုလုပ်ခြင်းတို့‌ကြောင့် ဆန္ဒ‌ဖော်ထုတ်ရခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ဒုက္ခသည်တစ်ဦး က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ စခန်းတွင်း စခန်းပြင်မှာ‌နေတဲ့သူ‌တွေ အလွယ်တကူ ဝင်ထွက်သွားလာလို့ရ‌အောင်‌ပေါ့ ၊ ကျ‌နော်တို့ အမျိုးသမီး ‌ဆွေမျိုး‌တွေက အထဲမှာ ရှိ‌နေတဲ့အတွက်‌ကြောင့် လူကြီး‌တွေက ဒါကို ညှိနှိုင်း‌ပေးဖို့၊ ‌နောက်ပြီး ပလာ(တာဝန်ရှိသူ)အ‌ဟောင်းကို မလိုချင်‌တော့တဲ့အတွက် ‌နောက်လာမယ့်ပလာ (တာဝန် ရှိသူ) အသစ်က ဒုက္ခသည်‌တွေအ‌ပေါ် စာနာ‌ထောက်ထားတဲ့သူ တစ်‌ယောက်ဖြစ်ဖို့ ဒါကို ‌တောင်းဆို ကြတာပါ” ဟု ‌ပြောသည်။

ထို့အပြင် အဆိုပါ တာဝန်ရှိသူသည် စခန်းတွင်း ‌နေထိုင်သူများ၏ ဖုန်း၊ စက်ဘီး၊ ဆိုင်ကယ်၊ ဆိုလာပြား အစရှိ သည့် စခန်းသူ၊ စခန်းသားများ၏ ပိုင်ဆိုင်သုံးစွဲမှုများအ‌ပေါ် အခွန်အ‌ကောက် ‌ကောက်ခံခြင်းအပြင် စခန်းတွင်း ဝင်ထွက်သွားလာသူများအ‌ပေါ် ‌ငွေ‌ကြေး‌ကောက်ခံမှုများလည်းရှိခြင်း‌ကြောင့် ယခုလို စခန်းတွင်း ‌နေထိုင် သူများမှ ဆန္ဒ‌ဖော်ထုတ်မှုဖြစ်‌ကြောင်းလည်း စခန်းတွင်း အကူအညီ‌ပေး‌နေသူများက ဆိုသည်။

အမည်မ‌ဖော်လိုသူ စခန်းတွင်း အကူအညီ‌ပေး‌နေသည့် အဖွဲ့အစည်း၏ တာဝန်ရှိသူ တစ်ဦးက“တကယ့်ဖြစ် စဉ်က ဒီစခန်း နဲ့သက်ဆိုင်တဲ့ တာဝန်ရှိသူ (ပလာ)က စခန်းပြင်က‌နေ ပြန်လာတဲ့သူ‌တွေကို စခန်းရဲ့ အပြင် က‌နေသွား‌စောင့်ဖမ်းပြီး ပြန်လာတဲ့သူ‌တွေကို သူက ကိုယ်ထိလက်‌ရောက် လုပ်တာမျိုး၊ ပိုက်ဆံ အဆမတန် ‌တောင်းတာမျိုး ‌နောက်ပြီး နှိမ်ချတဲ့စကားနဲ့ ‌ပြောဆိုတာမျိုး လုပ်တာ‌ပေါ့။ ဒီလိုဖြစ်‌နေတာက တစ်‌ယောက် တစ် ‌လေပဲ မဟုတ်‌တော့ဘဲ ဖြစ်စဉ်‌တွေက ‌တော်‌တော်များ‌ပေါ်လာ‌တော့ စခန်းသူစခန်းသား‌တွေက ဆန္ဒပြကြ တာပဲ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းဆန္ဒပြမှု ဖြစ်စဉ်အပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အပါအဝင် စ ခန်းတွင်း ‌ကော်မတီတာဝန်ရှိသူများနှင့် ထိုင်းအာဏာပိုင်တို့ ညှိနှိုင်း‌ဆွေး‌နွေးခဲ့ရာ အဆိုပါ လုပ်ရပ်များကို ကျူး လွန်လုပ်‌ဆောင်ခဲ့သူ တာဝန်ရှိသူကို တာဝန်မှ ရပ်စဲလိုက်ပြီးဖြစ်‌ကြောင်းနှင့် ၎င်း‌ကောက်ခံ ‌တောင်းယူခဲ့သည့် ‌ငွေ‌ကြေးများကိုလည်း ပြန်လည်‌ပေး‌ဆောင်သွားမည်ဖြစ်‌ကြောင်း ထိုင်းတာဝန်ရှိသူဘက်က ‌ပြောဆိုခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆိုပါ ထမ့်ဟင် ဒုက္ခသည်စခန်းအတွင်း ‌နေထိုင်သူများကို ပြန်လည်‌ခေါ်ယူ စစ်‌ဆေးမှုပြုလုပ်ရာတွင် ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်(ပလ)ဆိုသူက စခန်းပြင်ပ မှပြန်လည် သူတချို့ကို ကိုယ်ထိလက်‌ရောက် ကျူးလွန်မှုများနှင့် ‌ငွေညစ်‌တောင်းခံမှုများ ပြုလုပ်ခဲ့ရာမှ စခန်းတစ်ခုလုံး ဆန္ဒပြမှု အသွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံအတွင်း ကိုဗစ် ကပ်‌ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာခြင်း‌ကြောင့် ထိုင်း-မြန်မာ နယ်စပ်တ‌ကြောကို ထိုင်းအာဏာပိုင်များမှ လုံခြုံ‌ရေး တိုးမြှင့်ချထားသလို နယ်စပ်ရှိ မြန်မာ ဒုက္ခသည်စခန်းများ ကိုလည်း အဝင်အထွက် ကန့်သတ်မှုများ ပိုမိုတင်းကြပ်ထား‌ကြောင်း သိရသည်။

ထမ့်ဟင်ဒုက္ခသည်စခန်းတွင် လူဦး‌ရေ ၅,၄၄၆ ဦးရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ ( KRC) ၏ ဇူလိုင်လ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။