Home အမြင်သဘောထား ကိုရိုနာဗိုင်းရပ်စ် Covid ကပ်‌ရောဂါ ရိုက်ခတ်မှုအ‌ပေါ် ကရင်လူထုအမြင်များ

ကိုရိုနာဗိုင်းရပ်စ် Covid ကပ်‌ရောဂါ ရိုက်ခတ်မှုအ‌ပေါ် ကရင်လူထုအမြင်များ

4034

ကမာ္ဘ့ကျန်းမာ‌ရေးအဖွဲ့အစည်း(WHO)က ကိုဗစ်-၁၉ ကို ကပ်‌ရောဂါအဖြစ် ‌ကြေငြာအပြီး မတ်လကုန်ပိုင်းကစ၍ လက်ရှိအချိန်အထိ ကရင်ပြည်နယ်၊ မြို့နယ်များရှိ ပြည်သူလူထု‌တွေအ‌ပေါ်မှာလည်း ရိုက်ခတ်မှုရှိ‌နေခဲ့ ရှိ‌နေဆဲပါ။ ကိုဗစ်-၁၉ ‌ကြောင့် လူထု‌တွေရဲ့ ‌တွေ့ကြုံ‌နေရခြင်းများကို ‌ကေအိုင်စီသတင်း‌ထောက် ‌စောရှားက ဆက်သွယ်‌မေးမြန်း ထားပါတယ်။


‌စောကလူအဲ – မင်းသား၊ ဖိုး‌ဂေ‌ထော့‌ဖောင်(‌ဖောဟ်‌ဟှေဝ်ထဝ့်ဖါန်) သဘင်
(ဖားအံမြို့နယ်၊ ‌ကော့ထမလိန်း‌လေးရွာ)
‌တွေ့ကြုံရတာ‌တော့ အမျိုးစုံပါပဲ။ အရင်ကဆို သွားလွယ် လာလွယ်၊ ခု‌တော့ သွားလာအဆင်မ‌ပြေလို့ ‌နေထိုင်မှုဘဝ ‌တောင် မ‌ပျော်ရွှင်‌တော့ပါဘူး။ အလုပ်ဆိုလည်း အရင်လို မ‌အောင်မြင်‌တော့ဘူး။ ဇာတ်ပွဲ‌တွေဆိုလည်း ပိတ်လိုက်ရ ‌တော့ ကိုယ့်ဖက်က ဘယ်‌လောက်ပဲကြိုးစားထားပါ‌စေ။ ပွဲ ဘယ်‌နေရာမှ မဖြစ်‌တော့ ဘယ်မှာ သွားကရ‌တော့မှာလဲ ဟုတ်တယ်မလား။ ဇာတ်အုပ်‌တွေဆိုလည်း ဇာတ်အဖွဲ့သား‌တွေကို လစာ လတိုင်း‌ပေးရမယ်ဆိုရင် သူတို့အတွက် အဆင်မ‌ပြေနိုင်‌တော့ဘူး။ ကျ‌နော်တို့ဆိုလည်း ခါတိုင်းနှစ် ပိုက်ဆံထုတ်လို့ရ‌ပေမယ့် ခု မရ‌တော့ဘူး။ ကပ်‌ရောဂါ ‌ကြေငြာအပြီး ဇာတ်ပိတ်သိမ်းရချိန်ကစလို့ ဝင်‌ငွေလည်းမရှိ‌တော့တဲ့‌နောက်ပိုင်း ကိုယ်‌တွေလည်း 0nline က‌နေတဆင့် ‌ဈေး‌ရောင်းတာ ၅လ‌လောက်ရှိပါပြီ။ အရင်ကဆို တခါမှ မ‌ရောင်းဖူးပါဘူး။ ခုမှ online shopping အ‌နေနဲ့ သနပ်ခါးတို့၊ ‌ဆေးတို့ ‌ရောင်း‌ပေမယ့် သိပ်ပြီး‌တော့ အဆင်မ‌ပြေလှပါဘူး။

‌မျှော်လင့်တာက‌တော့ ‌ရောဂါ‌တွေမရှိ‌တော့ရင် အရမ်း‌ပျော်ဖို့‌ကောင်းမှာပါ။ တချို့ကျ‌တော့လည်း ကျန်းမာ‌ရေးဌာနက ထုတ်ပြန်ထားတာ‌တွေကို မလိုက်နာကြဘူး။ ဂရုမစိုက်ကြဘူး။ အားလုံးအတွက် နားလည်‌ပေးနိုင်မယ်ဆို ထုတ်ပြန်ထား တဲ့အတိုင်း mask တပ်တာတို့၊ လက်‌ဆေးတာတို့ လုပ်‌ပေးဖို့လိုပါတယ်။ ဒါမှလည်း ‌ရောဂါကို ကာကွယ်ပြီးသား ဖြစ်သ လို ‌ရောဂါဖြစ်ပွားမှုလည်း ပိုမို‌လျော့ကျလာမှာပါ။


နန်း‌ဖော့အဲ – ကရင်ရိုးရာအဝတ်အထည်‌ရောင်းချသူ
(လှိုင်းဘွဲမြို့နယ်၊ ကစိုရွာ)
အရင်နှစ်က ဖားအံမှာ အထည်ဆိုင်ဖွင့်ပြီး ‌ရောင်းခဲ့တယ်။ ‌ရောဂါဖြစ်ပြီး‌နောက်ပိုင်း အပြင်ထွက်တဲ့သူလည်း နည်း လာတယ်။ ပွဲလမ်းသဘင်၊ အခမ်းအနား‌တွေလည်းမရှိ‌တော့ အထည်လာဝယ်တဲ့လူ‌တွေ တအားနည်းလာလို့ ‌ဈေး ‌ရောင်း လုံးဝ မ‌ကောင်း‌တော့ဘူး။ ဒါ‌ကြောင့် ဆိုင်ပိတ်သိမ်း ဖြုတ်သိမ်းလိုက်ရတဲ့အထိဖြစ်ခဲ့တယ်။ အခုဆို အထည်‌တွေ ကို ဖုန်း(online shopping)ထဲမှာပဲ ‌ရောင်း‌တော့တယ်။ တဖက်မှာလည်း အရင်ကတည်းက စက်ချုပ်တယ်‌လေ။ ခဏက‌ပြောသလို ပွဲလမ်းသဘင်မရှိ‌တော့ အဝတ်အထည်လာချုပ်တဲ့သူလည်းနည်းလာတယ်။ သိပ်မချုပ်ရ‌တော့ဘူး။


‌စောအဲသို – ယာဉ်‌မောင်း (ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ)
(မြဝတီမြို့၊ အမှတ် ၄ရပ်ကွက်)
(မြဝတီ-မဲ‌ဆောက်)တံတားပိတ်လိုက်ကတည်းက ကားမသွားဖြစ်တာ ‌လေးငါးလ‌လောက်ရှိပြီ။ ‌နောက်ပြီး ကား‌တွေ သွားမယ်ဆိုရင်‌တောင် ကားတစ်စီးမှာ ကားသမားတစ်‌ယောက်ပဲပါရမယ် ဆိုတဲ့ ထုတ်ပြန်ချက်‌တွေ ထုတ်ထားတယ်။ ခရီးသည်က မပါရဘူး၊ ကား(ကမ်းကူး)ခ‌တွေလည်း ‌ဈေးကြီး‌တော့ ယဉ်‌မောင်းသူ‌တွေအတွက် ဘယ်အဆင်‌ပြေ‌တော့မ လဲ။ မိသားစု စားဝတ်‌နေ‌ရေးအတွက် ကြပ်တည်းလာ‌တော့တာ‌ပေါ့။

အများနဲ့ဖြစ်လို့ စားဝတ်‌နေ‌ရေးက အကုန်ကြပ်တည်းကြတာချည်းပါပဲ။ ဒါ‌ပေမယ့်ကျန်းမာ‌ရေးက အ‌ရေးအကြီးဆုံးဖြစ် လို့ အပြင်‌တွေမထွက်ရင်‌တော့အ‌ကောင်းဆုံးပဲ‌ပေါ့။ ပြည်‌ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ သတ်မှတ်ထားတဲ့အတိုင်း ‌တော့ ကျ‌နော်တို့ နယ်စပ်ကလူ‌တွေ အပါအဝင် အကုန် လိုက်နာကြရမှာ‌ပေါ့။ ‌ရောဂါ ပိုမို မဖြစ်ပွားလာရ‌အောင်လည်း အားလုံးအတွက် ဆု‌တောင်း‌နေပါတယ်။


နန်းသဇင်ဖြိုး- ဒဿမတန်း‌ကျောင်းသူ
(ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ရွာ)
Convid -19 ကပ်‌ရောဂါဆိုး‌ကြောင့် ‌ကျောင်းသူ ‌ကျောင်းသား‌တွေရဲ့ ပညာသင်ကြား‌ရေးမှာအခက်အခဲ အများကြီး ရှိပါတယ်။ နှစ်တိုင်းလို ဇွန်လမှာ မဟုတ်ဘဲ ဇူလိုင်ကုန်ခါနီးမှ ‌ကျောင်းစဖွင့်‌တော့ ဖွင့်တာလည်း ‌နောက်ကျတယ်။ အခုလည်း ကပ်‌ရောဂါအခြအ‌နေ‌ကြောင့် ‌ကျောင်း‌တော်ကြီး ယာယီရပ်ဆိုင်းထားရတဲ့အတွက် ‌ကျောင်းသူ ‌ကျောင်းသား ‌တွေ စိတ်လွင့်ပါးပြီး စာ‌တွေကို အာရုံစူးစိုက်မှု နည်းပါးလာတယ်။ အချို့က ပညာမသင်ကြားချင်‌တော့ဘဲ ‌ကျောင်းထွက် ချင်စိတ်‌တွေ ဖြစ်‌ပေါ်လာတာလည်း ‌တွေ့‌နေရတယ်‌လေ။ အဲဒါ‌ကြောင့် ကမာ္ဘ‌မြေကြီး‌ပေါ်က‌နေ ဒီ‌ရောဂါ အမြန်ဆုံး ‌ပျောက်ကွယ်သွားဖို့ ‌မျှော်လင့်‌နေပါတယ်။


‌စောအဲထီသို – ‌ကော့ကရိတ်မြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း ဒုဥက္ကဌ-၂
(‌ကော့ကရိတ်မြို့နယ်)
ကိုဗစ်-၁၉ ‌ကြောင့် ပွဲ‌တွေအားလုံး ရပ်ဆိုင်းရမယ်ဆို‌တော့ လက်ချည်ပွဲ(လာခုဂ်ခါင်.စူး)‌တွေ၊ စာ‌ပေသင်တန်း‌တွေ ရပ်ဆိုင်းခဲ့ရတာ‌ပေါ့။ အရင်ကဆို လုပ်ချင်တဲ့အရာ‌တွေရှိရင် ‌နောက်ဆံတင်း‌နေစရာမလိုခဲ့‌ပေမယ့် ခု‌တော့ တစ်ခုခု လုပ်‌တော့မယ်ဆို ဟိုကြည့်ဒီကြည့်လုပ်ရ‌တော့တာ‌ပေါ့။ ဒါ့အပြင် ‌နောက်လာမယ့် ကရင်ပြည်နယ်‌နေ့တို့၊ နှစ်သစ် ကူး‌နေ့တို့မှာလည်း ကိုဗစ်‌ကြောင့် ရပ်ဆိုင်းထားရနိုင်‌သေးတယ်။ စာ‌ပေယဉ်‌ကျေးမှုရုံး‌တွေမှာ‌တော့ လူစုလူ‌ဝေး မဖြစ်တဲ့ အတွက် ဆက်လုပ်လို့‌တော့ရတာ‌ပေါ့။ ကရင်စာ‌ပေသင်ရိုးသစ်လိုဟာမျိုး ကျန်းမာ‌ရေးညွှန်ကြားချက်အတိုင်း လူ ‌လေး ငါး ‌ခြောက်‌ယောက်နဲ့ လုပ်တဲ့ဟာ‌တွေ‌တော့ အဆင်‌ပြေတာ‌ပေါ့။

ကိုဗစ် ရှိ‌နေလို့ အလုပ်တစ်ခုခုလုပ်‌တော့မယ်ဆိုရင်‌တောင် မလွတ်မလပ်နဲ့ အားမလိုအားမရဖြစ်ရတယ်။ ဒီနှစ်ဆို စာယဉ်အသင်း(‌ကော့ကရိတ်မြို့နယ်)က ၂နှစ်တစ်ကြိမ် အလုပ်အမှူ‌ဆောင်အဖွဲ့ကို‌ရွေးချယ်ရမှာဖြစ်‌ပေမယ့် လူစု လူ‌ဝေး လုပ်မရလို့ ခု ရပ်ဆိုင်းထားရပြီ‌လေ။