Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်၌ တစ်သီးပုဂ္ဂလ ဝင်‌ရောက်ယှဉ်ပြိုင်သူ ၂၃ဦး UEC အတည်ပြု

ကရင်ပြည်နယ်၌ တစ်သီးပုဂ္ဂလ ဝင်‌ရောက်ယှဉ်ပြိုင်သူ ၂၃ဦး UEC အတည်ပြု

4431

စက်တင်ဘာ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

နိုဝင်ဘာ ၈ ရက်တွင် ကျ‌ရောက်မည့် ၂၀၂ဝ ပါတီစုံဒီမိုက‌ရေစီအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၌ ကရင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ၂၃ဦး ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က “တစ်သီးပုဂ္ဂလက ၂၃‌ယောက် ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ စက်တင်ဘာ ၂ရက်တွင် ‌ပြောသည်။

တစ်သီးပုဂ္ဂလများအ‌နေဖြင့် အမျိုးသားလွှတ်‌တော်တွင် (၃)ဦး၊ ပြည်နယ်လွှတ်‌တော်တွင် (၁၁)ဦး၊ ပြည်သူ့လွှတ် ‌တော်တွင် (၁)ဦးနှင့် တိုင်းရင်းသားလူမျိုးများတွင် မွန် (၁)ဦး၊ ပအိုဝ်း (၃)ဦး၊ ဗမာ (၄)ဦးတို့ ဝင်‌ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်‌ကြောင်း ‌တွေ့ရသည်။

မွန်တိုင်းရင်းသားလူမျိုး‌ရေးရာတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း လည်းဖြစ်၊ လက်ရှိ မွန်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း(ကရင်ပြည်နယ်)ဥက္ကဌလည်းဖြစ်သည့် မင်း‌ဇော်မင်းဦးက ယခုလို ‌ပြောသည်။

“မွန်အမျိုးသားနိုင်ငံ‌ရေးကို အသွင်‌ဆောင်ပြီး‌တော့ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းအဖြစ် ဝင်ပြိုင်ရခြင်းဖြစ် တယ်။ စာ‌ပေယဉ်‌ကျေးမှု(အသင်း)ဟာ ဘယ်နိုင်ငံ‌ရေးပါတီရဲ့ ဩဇာအာဏာ‌အောက်မှာမှ မစိုးမိုး‌စေရဘူး‌လေ။ ဒါ‌ကြောင့် နိုင်ငံ‌ရေးပါတီဝင်မဟုတ်တဲ့အတွက်(စာယဉ်အသင်းက‌နေ)နှုတ်ထွက်စရာမလိုဘဲ တာဝန်ဆက်ပြီး ယူ ထားတယ်။”ဟု ‌ပြောသည်။

တစ်သီးပုဂ္ဂလ ၂၃ဦးထဲတွင် ဖားအံမြို့နယ်ရှိ ပြည်နယ်လွှတ်‌တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ‌ဒေါက်တာ‌နော်ယုဇ နဝင်း၊ မဲဆန္ဒနယ် အမှတ်(၁)တွင် နန်းမြင့်‌အောင်နှင့် အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် အမှတ်(၇)တွင် နန်းခင် သက်မာဝင်း တို့ ၃ ဦးသာ အမျိုးသမီးများဖြစ်ကြပြီး ကျန် ၂ဝ ဦးမှာ အမျိုး သားကိုယ်စားလှယ်‌လောင်း များ ဖြစ် ကြသည်။

တစ်သီးပုဂ္ဂလ နန်းမြင့်‌အောင်ကလည်း “ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်တဲ့အခါ လူငယ်နဲ့ ပညာ‌ရေး ဖွံ့ဖြိုးဖို့၊ ပြည်သူ‌တွေရဲ့အကျိုးစီးပွားအတွက် အ‌ခြေခံလူ့အခွင့်အ‌ရေးအကာအကွယ်‌ပေးတဲ့ စီးပွား‌ရေးတစ်ခု ‌ပေါ်ထွန်းလာဖို့ လယ်ယာ‌မြေဥပ‌ဒေ‌တွေပြုပြင်‌ပြောင်းလဲဖို့၊ ‌ကောင်းမွန်တဲ့ ပြည်သူ့‌ရေးရာမူဝါဒများအတွက် ပြည်သူလူထုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စီမံအုပ်ချုပ်‌ရေးစနစ်တစ်ခု ‌ပေါ်ထွန်းလာဖို့၊ ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိတဲ့ ်ဒီမို က‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌စေဖို့ ရည်ရွယ်ချက်‌တွေနဲ့ သွားမှာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ဩဂုတ်လ ၃ဝရက်စွဲဖြင့် ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်လိုက်‌သော လွှတ်‌တော်ကိုယ်စား လှယ်‌လောင်းများ အမည်စာရင်းတွင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ပါတီများနှင့် တစ်သီးပုဂ္ဂလများ စုစု ‌ပေါင်း ၂၃၃ဦးတို့ ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။