Home သတင်း KNDP ၏ ‌ကြေညာစာတမ်းကို မဲဆန္ဒရှင်များသိရှိ‌စေရန် ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ပါတီဥက္ကဋ္ဌ‌ပြော

KNDP ၏ ‌ကြေညာစာတမ်းကို မဲဆန္ဒရှင်များသိရှိ‌စေရန် ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ပါတီဥက္ကဋ္ဌ‌ပြော

1651

ဩဂုတ် ၁၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ၏ ‌ကြေညာစာတမ်း အချက်(၁၀)ချက်ကို ဩဂုတ်လ ၁၃ ‌နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး‌နောက် မဲဆန္ဒရှင်ပြည်သူလူထုများသိရှိ‌စေရန် ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

“‌ကြေညာစာတမ်းက‌တော့ KNDPရဲ့ Facebook page မှာ တင်လိုက်ပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်ဖြန့်တာ လည်းရှိတယ်။ တရားဝင် စည်းရုံး‌ရေးကာလကျရင် ဆက်သွားမှာ‌ပေါ့။” ဟု ယ‌နေ့(ဩဂုတ် ၁၈ )တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

KNDP ‌ကြေညာစာတမ်းတွင် ပါဝင်‌သော စားဝတ်‌နေ‌ရေးဖူလုံ‌ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ‌ရေး၊ စီးပွား ‌ရေး၊ သဘာဝ ပတ်ဝန်းကျင်မထိခိုက်‌ရေး၊ မူးယစ်‌ဆေး‌လျော့နည်း‌ရေး၊ တိုင်းရင်းသားစာ‌ပေ၊ ယဉ်‌ကျေးမှုမြှင့် တင်‌ရေး၊ ငြိမ်းချမ်း‌ရေး စသည်တို့ကို ကြိုးစားလုပ်‌ဆောင်မည်ဖြစ်‌ကြောင်းလည်း ပါတီတာဝန်ရှိသူများက ‌ပြော သည်။

ကြိုးပမ်းလုပ်‌ဆောင်သွားမည့် ‌ကြေညာစာတမ်းပါအချက်များကို လက်‌တွေ့အ‌ကောင်အထည်‌ဖော်သည့် ‌နေရာ တွင်လည်း သက်ဆိုင်ရာ ပညာရှင်၊ အဖွဲ့အစည်းများနှင့် အတတ်နိုင်ဆုံး ဆက်သွယ်ပူး‌ပေါင်းလုပ်‌ဆောင်သွား ကြမည် ဖြစ်‌ကြောင်းလည်း ပါတီဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ပြည်နယ်များဖြင့် ဖွဲ့စည်း‌သော ဒီမိုက‌ရေစီ ဖက် ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်သွားရန်အတွက်လည်း KNDP အ‌နေဖြင့် ကြိုးပမ်း‌ဆောင်ရွက်သွားမည် ဟု ဆိုသည်။

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီ ၃ ပါတီကို ဖျက်သိမ်းပြီး ၄ ပါတီမှ ပါတီဝင်များဖြင့် ပူး‌ပေါင်းဖွဲ့စည်းထား သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party-KNDP)ကို ၂၀၁၈ ခုနှစ်၊ ‌ဖေ ‌ဖော်ဝါရီ ၂၂ ရက်‌နေ့ ရက်စွဲဖြင့် တရားဝင်နိုင်ငံ‌ရေးပါတီအဖြစ် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်‌ကြေငြာခဲ့သည်။