Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၁၈ စုတွင် လူဦး‌ရေ စာရင်း‌ကောက်ယူခြင်းနှင့် အစိုးရခန့်အုပ်ချုပ်‌ရေးမှူး မရှိ‌သေး

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၁၈ စုတွင် လူဦး‌ရေ စာရင်း‌ကောက်ယူခြင်းနှင့် အစိုးရခန့်အုပ်ချုပ်‌ရေးမှူး မရှိ‌သေး

1558

ဩဂုတ်လ ၈ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူဦး‌ရေစာရင်း ‌ကောက်ယူခြင်းမရှိ‌သေးသည့် ‌ကျေရွာအုပ်စု ၉ စုနှင့် အစိုးရခန့် ချုပ်‌ရေးမှူးမရှိသည့် ‌ကျေးရွာအုပ်စု ၉ စုရှိ‌ကြောင်း မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပမည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲ‌ပေးပိုင်ခွင့်မဆုံးရှုံးရ‌အောင် အစိုးရခန့် အုပ်ချုပ်‌ရေး မှူးနှင့် ရပ်‌ကျေး‌ကော်မရှင်အဖွဲ့ခွဲမရှိ‌သော်လည်း လူဦး‌ရေစာရင်း ‌ကောက်ယူနိုင်ခဲ့သည့် ‌ကျေးရွာအုပ်စုများအ‌နေဖြင့် ဆန္ဒမဲထည့်ခွင့်ရရန် စီစဉ် ထားပြီး လူဦး‌ရေစာရင်း‌ကောက်ယူခြင်းမရသည့် ‌ကျေးရွာအုပ်စု‌နေရာများတွင် ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ဟု ကြာအင်း ဆိပ်ကြီးမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်လွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကျေးရွာအုပ်စု ၅၁ စုထဲက ၉ အုပ်စုမှာ လူဦး‌ရေစာရင်း‌ကောက်ယူလို့မရ‌တော့ အဲ့ဒီအုပ်စု‌တွေမှာ ‌ရွေး‌ကောက်ပွဲကျင်းပဖို့ အစီအစဉ်မရှိဘူး ‌ပေါ့။ အခြား ၉ အုပ်စုက ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေ ရပ်‌ကျေး‌ကော်မရှင်အဖွဲ့‌တွေ မခန့်နိုင်ခဲ့‌ပေမယ့် လူဦး‌ရေစာရင်း‌ကောက်ယူနိုင်ခဲ့လို့ မဲ‌ပေးခွင့်မဆုံးရှုံး‌အောင် သူတို့နဲ့နီးစပ်တဲ့‌နေရာမှာ ‌ပေါင်းစပ်ပြီး မဲထည့်နိုင်ဖို့အတွက် စီစဉ်ထားတယ်” ဟု မြို့နယ်‌ကော်မရှင်ဥက္ကဋ္ဌ ဦးကြည် လွင်က ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပထမအကြိမ်ထုတ်ပြန်သည့် စာရင်းများအရ ဆန္ဒမဲ‌ပေးခွင့်ရှိသူ ၁၁ဝ,ဝဝဝ ‌ကျော်ရှိပြီး ၂ဝ၁၅ ခုနှစ်ကထက် ‌ရွေး‌ကောက်ပွဲကျင်းပမည့် ‌ကျေးရွာအုပ်စု‌ပေါင်း ၂ဝ ‌ကျော် တိုးလာသည်။ ၎င်းအုပ်စုရှိ ‌ဒေသခံများအ‌နေဖြင့် ပထမဦးဆုံးအကြိမ် မဲထည့်ခွင့် ရလာ‌သော်လည်း မိမိနှစ်သက်သည့် ပါတီ၊ ကိုယ်စားလှယ်‌လောင်းများအား မည်သို့ဆန္ဒမဲထည့်‌ပေးရမည်ကို ‌သေချာသိရှိခြင်း မရှိ‌သေးဟု ဆိုကြသည်။

ပထမဦးဆုံးအကြိမ် ‌ရွေး‌ကောက်ပွဲကျင်းပခွင့်ရ‌တော့မည့် ‌တောင်စွန်း‌ကျေးရွာမှ အုပ်ချုပ်‌ရေးမှူး‌စောအလှက “ ဆန္ဒမဲ‌ပေးခွင့်ရှိသူ စာရင်း‌တွေ ကပ်‌နေပါပြီ။ မှတ်ပုံတင် မရှိ‌သေးတဲ့သူ ရွာမှာ ၂ဝ၊ ၃ဝ ‌လောက်ရှိအုံးမယ်။ မဲက ဘယ်‌နေရာမှာ သွားထည့်ရမလဲ‌တော့ မသိ‌သေးဘူး။ ရွာမှာ မဲတစ်ခါမှ မထည့်ဖူး‌တော့ မဲထည့်နည်းသင်တန်း‌တွေ လာမ‌ပေးရင် အဆင်မ‌ပြေဘူး။ ‌သေ‌သေချာချာလာရှင်းပြ‌ပေးဖို့ လိုမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ‌တောင်စွန်း၊ ‌ကျောက်ဘီလူး၊ ဆင်‌ပြေးရှိ ‌ကျေးရွာအုပ်စုများတွင် အစိုးရခန့်အပ်ထားသည့် ‌ကျေးရွာ အုပ်ချုပ် ‌ရေးမှူးနှင့် ရပ်‌ကျေး‌ကော်မရှင်အဖွဲ့ မရှိသည့်အတွက် ဆန္ဒမဲထည့်မည့် မဲရုံများဖွင့်လှစ်နိုင်မည်မဟုတ်ဘဲ ၎င်းတို့‌ကျေးရွာအုပ်စုများနှင့် နီး စပ်သည့် အစိုးရခန့်အုပ်ချုပ်‌ရေးမှူးနှင့် ရပ်‌ကျေး‌ကော်မရှင်အဖွဲ့ရှိသည့် ဖားပြ‌ကျေးရွာတွင်သာ ဆန္ဒမဲလာ‌ရောက်ထည့်နိုင်မည်ဟု ‌ပြောဆိုမှုရှိ‌သော်လည်း ‌ကျေးရွာချင်းအလှမ်း‌ဝေးသည့်အတွက် ဆန္ဒမဲလာ‌ရောက်ထည့်နိုင်ရန် အခက်အခဲရှိနိုင်မည်ဟု နိုင်ငံ‌ရေးပါတီ တာဝန်ရှိသူများက ‌ပြောဆိုကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးရွာအုပ်စုများတွင် ‌ရွေး‌ကောက်ပွဲကျင်းပနိုင်ရန် အစိုးရဌာနဆိုင်ရာများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတို့ ညှိနှိုင်း‌ဆောင်ရွက်ခဲ့မှု‌ကြောင့် ‌ကျေးရွာအုပ်စုအချို့မှာ ‌ဒေသခံများဆန္ဒမဲထည့်ခွင့်ရရှိပြီး လူဦး‌ရေစာရင်း ‌ကောက်ယူခြင်းမရသည့် ‌ကျေးရွာအုပ်စုများတွင် ‌ရွေး‌ကောက်ပွဲကျင်းပနိုင်မည်မဟုတ်‌သော်လည်း မည်သည့်အ‌ကြောင်း‌ကြောင့် လူဦး‌ရေစာရင်း ‌ကောက်ယူခြင်း မရသည်ကို မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့က ထုတ်‌ဖော်‌ပြောဆိုခြင်းမရှိ‌ပေ။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ‌ကျေးရွာအုပ်စု ၅၁ အုပ်စုတွင် ၁၃ အုပ်စုသာ ‌ရွေး‌ကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲ‌ပေးခွင့်ရှိသူဦး‌ရေ ၆၆,ဝဝဝ ‌ကျော်သာရှိခဲ့သည်။