Home သတင်း မြဝတီခရိုင် ထီးဝါပ‌လောရွာတွင် တပ်မ‌တော်မှ လာ‌ရောက်စခန်းချ ‌နေထိုင်မှုရှိ‌နေ၍ ‌ဒေသခံများ စိုးရိမ်လျက်ရှိ

မြဝတီခရိုင် ထီးဝါပ‌လောရွာတွင် တပ်မ‌တော်မှ လာ‌ရောက်စခန်းချ ‌နေထိုင်မှုရှိ‌နေ၍ ‌ဒေသခံများ စိုးရိမ်လျက်ရှိ

5520
Photo: Nay Naw

ဩဂုတ် ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါပ‌လော‌ကျေးရွာ ဘုန်းကြီး‌ကျောင်းတွင် တပ်မ‌တော်မှ အင်အား ၆ဝ ‌ကျော်ဖြင့် လာ‌ရောက် စခန်းချ‌နေထိုင်မှုများရှိ‌နေ၍ တိုက်ပွဲများနှင့် မလိုလားအပ်‌သော အခြားပဋိပက္ခများဖြစ်ပွားမည်ကို ‌ဒေသခံ ရွာသူ/ရွာသားများမှ စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်‌နေ့ ည‌နေပိုင်းကတည်းက တပ်မ‌တော် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၃) လက်‌အောက်ခံ (ခမရ) ၅၅၈ မှ စစ်ကားသုံးစီးဖြင့် စစ်သည်အင်အား ၆ဝ ‌ကျော်သည် ထီးဝါပ‌လော‌ကျေးရွာ ဘုန်းကြီး‌ကျောင်းတွင် ယ‌နေ့ ဩဂုတ် ၇ ရက်‌နေ့ထိ စခန်းချ‌နေထိုင်လျက်ရှိ‌နေသည်ဟု ထီးဝါပ‌လော‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦး‌စောဖားခူ့က ‌ပြောသည်။

သူက“ထီးဝါပ‌လော‌ကျေးရွာဘုန်းကြီး‌ကျောင်းမှာ တပ်မ‌တော်သား ၆ဝ ‌ကျော်ခန့် ဩဂုတ်လ ၄ ရက်‌နေ့ ကတည်း က စခန်းချ လာ‌ရောက်‌နေထိုင်‌နေကြတယ် ။ ဘာ‌ကြောင့် ယခုလို ‌ရောက်လာရတဲ့ အ‌ကြောင်းအရင်းကို မသိရတဲ့အတွက် သို့‌လော၊ သို့‌လောဖြင့် စိုးရိမ်‌နေကြတယ်” ဟု ‌ပြောသည်။

၎င်းအပြင် ယခုလို တပ်မ‌တော်သားအ‌မြောက်အမြား‌ကျေးရွာတွင်း လာ‌ရောက်စခန်းချ‌နေထိုင်မှုမှာ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များအကြား အပစ်အခတ်ရပ်စဲပြီး‌နောက် ပထမဦးဆုံးအကြိမ်‌တွေ့ရှိရခြင်းဖြစ်ပြီး မည်သည့်အ ‌ကြောင်းအရင်း‌ကြောင့် လာ‌ရောက်အ‌ခြေချ‌နေထိုင်ရသည်ကို မသိရသလို တိုက်ပွဲများနှင့် အခြားပဋိပက္ခများ ဖြစ် လာမည်ကို ရွာသူရွာသားများအတွက် စိုးရိမ်မှုများရှိ‌နေကြသည်ဟု ထီးဝါပ‌လောရွာသူ ကျန်းမာ‌ရေးသားဖွား ဆရာမ‌နော်‌စေးပိုကလည်း ‌ပြောသည်။

မြဝတီမြို့နယ်ရှိ ထီးဝါပ‌လောရွာသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်- KNLA တပ်မဟာ ၇ ဗျူဟာမှူးလည်းဖြစ်၊ ကရင်ပြည်နယ် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ‌စောင့်ကြည့်‌ရေးအဖွဲ့ -JMC –S ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ‌စော‌ဖောဒို၏ အ‌ခြေချ‌နေထိုင်သည့် ရွာလည်းဖြစ်သည်။

“တပ်မ‌တော်မှ ယခုလို အင်အားအလုံးအရင်းဖြင့် လာ‌ရောက်စခန်းချ‌နေ ထိုင်မည်ကို ကျ‌နော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNLA တပ်မဟာ ၇ ထံ အ‌ကြောင်းကြားမှုမရှိသလို ဘာ‌ကြောင့်စခန်းချ‌နေထိုင်ကြတဲ့ အ‌ကြောင်းအရင်းကိုလည်း တပ်မ‌တော်ဘက်က ‌ပြောကြားလာခြင်းမရှိတဲ့အတွက် ရွာသူရွာသား‌တွေကို ကျ‌နော် တို့ အ‌နေနဲ့ ပြန်လည်ရှင်းပြဖို့ အခက်အခဲရှိ‌နေတယ်”ဟု KNLA တပ်မဟာ ၇၊ တပ်ရင်း(၁၀၁) ထီးဝါပ‌လော နယ်‌မြေတာဝန်ခံ ဗိုလ်မို‌ရှေးက ‌ပြောသည်။

Photo: Nay Naw

ယခု တပ်မ‌တော်မှ ‌ကျေးရွာတွင်း လာ‌ရောက်စခန်းချ ‌နေထိုင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တပ်မ‌တော် တာဝန်ရှိသူများကို ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား လက်မှတ်‌ရေးထိုးချုပ်ဆိုခဲ့‌သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)၏ နှစ်ဖက်လိုက်ရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များ၏ အပိုဒ် ၈ အပိုဒ်ခွဲ (င)အရ ဘာသာ‌ရေးအ‌ဆောက်အအုံ၊ စာသင်‌ကျောင်း၊ ‌ဆေးရုံ၊ ‌ဆေးခန်း၊ ပရဝဏ်များအတွင်းနှင့် ယဉ်‌ကျေးမှုရိုးရာဓ‌လေ့ ဆိုင်ရာ‌နေရာ၊ လူထုနှင့်ပတ်သက်‌သော ‌နေရာများတွင် စစ်‌ရေးဆိုင်ရာ တပ်စခန်းချခြင်း မပြုလုပ်ရန်‌ဖော်ပြထားသည်။

ထို့အပြင် ယင်းအခန်း (၃) ထိပ်တိုက်ရင်ဆိုင်ရာမှုကို ‌ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ‌နေရာချထားခြင်း၏ အပိုဒ် ၉ ၊ အပိုဒ်ခွဲ (က)တွင် နှစ်ဖက်တိုက်ရိုက်ထိ‌တွေ့ရင်ဆိုင်မှုရှိ‌သော ‌နေရာများတွင် ထိ‌တွေ့ပစ်ခတ်မှု မရှိ‌စေ ‌ရေးအတွက် စက်ဆက်သွယ်မှု၊ ‌မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှု နည်းလမ်းများရယူလျက် ချက်ချင်း ‌ဆောင်ရွက်ရန်နှင့် အပိုဒ်ခွဲ (ခ)တွင်လည်း လက်နက်ကိုင်အဖွဲ့များ ‌နေရာချထား‌ရေးသတ်မှတ်ရာတွင် ထိပ် တိုက်ထိ‌တွေ့ရင်ဆိုင်မှု မဖြစ်‌စေ‌ရေးအတွက် နှစ်ဖက်ညှိနှိုင်း‌ဆောင်ရွက်ရန် ‌ဖော်ပြပါရှိသည်။

မြဝတီခရိုင် ထီးဝါပ‌လော‌ကျေးရွာတွင် အိမ်‌ထောင်စု ၃၈၂ စုရှိကာ လူဦး‌ရေ ၁,၉၇၃ ဦးနှင့် ရွာနီးချင်းစပ် ထီး‌လော့ ‌သေရွာတွင် အိမ်‌ထောင်စု ၃၇၂ စုရှိပြီး လူဦး‌ရေ ၁,၁၀၃ ဦး‌နေထိုင်လျက်ရှိသည်။ ထို‌ဒေသတွင် KNLA တပ်မဟာ ၇ တပ်ရင်း(၁၀၁) စစ်‌ရေးနယ်‌မြေဖြစ်သည့်အပြင် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA-PC တပ်ရင်း(၇၇၅)နှင့် နယ်ခြား‌စောင့်တပ်(BGF) တပ်ရင်း ၁၀၁၇ တို့က စခန်းချ‌နေထိုင်လျက်ရှိ‌ကြောင်း သိရသည်။