Home သတင်း ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ပါဝင်မည့် အချက်အချို့ ကနဦး သ‌ဘောတူညီချက်ရရှိ

ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ပါဝင်မည့် အချက်အချို့ ကနဦး သ‌ဘောတူညီချက်ရရှိ

2048
Photo: NCA-S EAO

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

လာမည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထအကြိမ်‌မြောက် အစည်းအ‌ဝေးတွင် ပြည် ‌ထောင်စုသ‌ဘောတူစာချုပ် အစိတ်အပိုင်း(၃)အ‌နေဖြင့် ချုပ်ဆိုမည့် အချက်အချို့ကို ယမန်‌နေ့က ပြုလုပ် ပြီးစီးခဲ့ သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအ‌ဝေ (JICM) အကြိုညှိနှိုင်း အစည်းအ‌ဝေး၌ ကနဦးသ‌ဘောတူညီချက်အချို့ ရရှိခဲ့‌ကြောင်း သိရသည်။

‌နေပြည်‌တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC)၌ ဩဂုတ်လ (၁၀) ရက် ‌နေ့မှ စတင်ကျင်းပခဲ့သည့် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် လက်မှတ် ‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ညှိနှိုင်း‌ရေးအဖွဲ့တို့၏ JICM အစည်းအ‌ဝေးပြီး‌ပြောကြားသည့် ညှိနှိုင်း‌ရေး အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ် အမှာစကား၌ ယခုလို ထည့်သွင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအ‌ဝေးမှာ လက်မှတ်‌ရေးထိုးချုပ်ဆိုမယ့် ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း (၃)မှာ ပါဝင်မယ့် အဓိက အပိုင်း (၃)ပိုင်းဖြစ်တဲ့ NCA အ‌ကောင် အထည်‌ဖော်မှုဆိုင်ရာ မူ‌ဘောင်သ‌ဘောတူညီချက် (၁၅)ချက်၊ ၂၀၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အ‌ကောင်အထည်‌ဖော်မှုများရဲ့ ‌ခေါင်းစဉ်ကြီး (၈)ခုနဲ့ ဆက်လက်ညှိနှိုင်းရမယ့် နှစ်ဖက်အဆိုပြု ‌ခေါင်းစဉ်ခွဲများ၊ အပိုင်း(၃) ဖက်ဒရယ်အ‌ခြေခံမူ သ‌ဘောတူညီချက် (၅)ချက်တို့ကို ဒီအစည်းအ‌ဝေးမှာ သ‌ဘော တူညီနိုင်ခဲ့ပါတယ်။” ဟု ထည့်သွင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစိတ်အပိုင်း (၃)မှာ ပါဝင်မည့် အဓိက အပိုင်း ၃ ပိုင်းအနက် အပိုင်း (၁) NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ မူ‌ဘောင်သ‌ဘောတူညီပါ အချက် ၁၅ ချက်လုံး သ‌ဘောတူညီခဲ့သလို အပိုင်း(၂)တွင်ပါဝင်သည့် ၂၀၂ဝ ပြည့် ‌ရွေး‌ကောက်ပွဲအလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အ‌ကောင်အထည်‌ဖော်မှုတွင် ဇယား (၁) နှင့် (၂)ရှိသည့် အနက် ဇယား(၁)ကို ညှိနှိုင်း နိုင်ခဲ့ခြင်းဖြစ်ပြီး အပိုင်း(၃)ရှိ ဒီမိုက‌ရေစီနှင့် ဖက်ဒရယ် တည်‌ဆောက်‌ရေးဆိုင်ရာ အ‌ခြေခံမူလမ်းညွှန်မှာ‌ဆွေး‌နွေးချက် (၈)ချက်အနက်က ၅ချက်ကို ညှိနှိုင်းသ‌ဘောတူညီနိုင်ခဲ့ခြင်းဖြစ်သည်။

လာမည့် ညီလာခံ‌နောက်ပိုင်းတွင် ဆက်လက်‌ဆွေး‌နွေးရန် ကျန်ရှိ‌နေသည့် အချက်များတွင် အပိုင်း၂ ပါ လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေးနှင့် အပိုင်း ၃ ပါ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများ၏ ဖွဲ့စည်းပုံ (Constitution) ‌ရေးဆွဲရန် စသည်တို့ပါရှိသည်။

Photo: NCA-S EAO

၃ရက်တာ ပြုလုပ်ခဲ့သည့် အကြိုညှိနှိုင်းအစည်းအ‌ဝေးသို့ NCA-S EAO ညှိနှိုင်း‌ရေးအဖွဲ့မှ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦး‌ဆောင်၍ ညှိနှိုင်း‌ရေးအဖွဲ့ Coordinator ရဲ‌ဘော် မျိုးဝင်း၊ အဖွဲ့ဝင်များအဖြစ် ရဲ‌ဘော် လှ‌ဌေး၊ ‌စောမြရာဇာလင်း၊ ‌ဒေါက်တာ လျန်မှုန်းဆာ‌ခေါင်း၊ ဗိုလ်မှူးကြီး ‌စောစိန်ဝင်း၊ ပဒို‌စောတာဒိုမူး၊ ပဒို ‌စောအယ်ကလူ‌စေး၊ ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်၊ ဗိုလ်မှူးကြီး ‌ဆော်လမွန်၊ နိုင်‌အောင်မ‌ငေး၊ ခွန်မြင့်ထွန်းနှင့် ‌ဒေါက်တာ စိုင်းဦးတို့အပြင် နည်းပညာအကြံ‌ပေးများအဖြစ် ဂျာနန်လ‌ထော် နှင့် ‌ဒေါက်တာ ‌စောသန့်ဇင် တို့ တက်‌ရောက်ကြသည်။

အစိုးရ ကိုယ်စားလှယ်များအဖြစ် NRPC ဒုတိယဥက္ကဋ္ဌ ပြည်‌ထောင်စု‌ရှေ့‌နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်‌ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်း‌နောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင် ‌မောင်ဝင်း၊ ငြိမ်းချမ်း‌ရေး ‌ကော်မရှင် အတွင်း‌ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်‌ဇော်ဦး (အငြိမ်းစား)၊ ငြိမ်းချမ်း ‌ရေး ‌ကော်မရှင် အကြံ‌ပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှ‌မောင်‌ရွှေ၊ ဦးမိုး‌ဇော်ဦးနှင့် နိုင်ငံ‌တော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ် ဦး‌ဇော်‌ဌေးတို့ တက်‌ရောက်ကြသည်။

၎င်းအကြိုညှိနှိုင်း‌ဆွေး‌နွေးမှုမှ ရရှိထားသည့် သ‌ဘောတူညီချက်များကို ယ‌နေ့ ဩဂုတ်လ ၁၃ ရက်‌နေ့တွင် ‌နေပြည်‌တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (၁) (MICC-1) ၌ ကျင်းပသွားမည့် (၉) ကြိမ် ‌မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအ‌ဝေး (JICM)တွင် အတည်ပြုသွားမည်ဖြစ်သည်။

အလားတူ ရက်‌ပြောင်း‌ရွှေ့ ကျင်းပသွားမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ-၂၁ရာစု ပင်လုံ စတုတ္ထ အကြိမ်‌မြောက် အစည်းအ‌ဝေးကို ယခုလ လာမည့် ၁၉ ရက်‌နေ့မှ ၂၁ ရက်‌နေ့ထိ ၃ရက်ကြာကျင်းပသွားမည် ဖြစ်သည်။