Home သတင်း ‌ရေကြီးမှု‌ကြောင့် ပန်းတ‌နော်မြို့နယ်အတွင်းရှိ ‌ကျေးရွာတစ်ချို့တွင် ကွမ်းခြံများ ပျက်စီးဆုံးရှုံးမှုဖြစ်

‌ရေကြီးမှု‌ကြောင့် ပန်းတ‌နော်မြို့နယ်အတွင်းရှိ ‌ကျေးရွာတစ်ချို့တွင် ကွမ်းခြံများ ပျက်စီးဆုံးရှုံးမှုဖြစ်

2002

ဩဂုတ် ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ဧရာဝတီတိုင်း‌ဒေသကြီး ‌နေရာအချို့တွင် ယခုရက်ပိုင်းအတွင်းဖြစ်ပွားသည့် မိုးရွာ‌ရေကြီးမှုများ‌ကြောင့် ပန်းတ ‌နော်မြို့နယ် ‌တော‌ကျောင်း‌ကျေးရွာအုပ်စုအတွင်းစိုက်ပျိုးထားသည့် ကွမ်းခြံအများအပြား ‌ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံ‌တွေ့‌နေရသည်ဟု သိရသည်။

ဩဂုတ်လ လဆန်းပိုင်းမှ စတင်ကာ အဆိုပါ ‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာ ၁၅ ရွာထက်မနည်းတွင် ၎င်း အ‌ခြေအ‌နေများနှင့်ကြုံ‌တွေ့‌နေရပြီး စိုက်ပျိုးထားသည့် ကွမ်းခြံအ‌ရေအတွက် ထက်ဝက်‌ကျော်ခန့်မှာ လတ် တ‌လောတွင် ပျက်စီးဆုံးရှုံးမှုဖြစ်‌ပေါ်‌နေသည်ဟုလည်း ကွမ်းစိုက်‌တောင်သူများက ‌ပြောသည်။

‌တော‌ကျောင်းရွာမှ မန်းမြ‌အောင်က “ အခုက‌တော့ ‌ရေကတရှိန်ထိုး တက်တဲ့အ‌နေအထားဆို‌တော့ တပြိုင် နက်တည်း မြုပ်တာ‌ပေါ့။ ‌မြေပြန့်မှာစိုက်တဲ့ အုပ်ခြံ (‌ဒေသအ‌ခေါ်)က‌တော့ ဘာမှမရှိ‌တော့ဘူး။ ‌မြေဖို့ပြီးစိုက်တဲ့ ဖို့ခုံ(‌ဒေသအ‌ခေါ်)က‌တော့ အနည်းအပါးပဲကျန်တယ်။ ‌တော‌ကျောင်း အုပ်စုက အကုန်လုံးနီး ပါးထိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွမ်းခြံအ‌ရေအတွက် ၇၅ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးမှုဖြစ်‌ပေါ်‌နေသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည့် ‌ကျေးရွာများမှာ ‌တော‌ကျောင်း အပါအဝင် ‌ကျောင်း‌တော်‌လေး၊ နံကပ်ရိုး၊ ‌အောင်‌ဗောဓိ၊ ပျဉ်တုံး က‌လေး၊ ‌ပေါက်‌ချောင်း၊ နံကပ်၊ ဝါလာ‌တော၊ ထိန်ကုန်း၊ အ‌ရှေ့မုရင်းတုံး၊ အ‌နောက်မုရင်းတုံး၊ ‌တော‌ကျောင်း အထက်ကွင်း၊ ကျွန်းတိတ်စသည့် ‌ကျေးရွာများပါဝင်သည်ဟု သိရသည်။

ထို့အပြင် နှစ်စဉ်ကြုံ‌တွေ့ရ‌လေ့ရှိသည့် ‌ရေကြီးနစ်မြုပ်မှုများ‌ကြောင့်ဖြစ်‌ပေါ်သည့် ကွမ်းခြံပျက်စီးဆုံးရှုံးမှု အ‌ခြေအ‌နေထက် ယခုနှစ် ပိုမိုဆိုးရွားနိုင်‌ကြောင်းနှင့် စိုက်ပျိုးမှုအနည်းအများ‌ပေါ်မူတည်ကာ ဆုံးရှုံး နစ်နာမှုများနှင့်ရင်ဆိုင်ရနိုင်‌ကြောင်းလည်း ကွမ်းစိုက်‌တောင်သူများက သုံးသပ်‌ပြောဆို ကြသည်။

‌ဈေးကွက်နှင့် ‌ဒေသ‌မြေ‌နေရာ အ‌နေအထားများအရ ပန်းတ‌နော်မြို့နယ်အတွင်းရှိ ‌နေရာအများစုတွင် ကွမ်း တစ်ခုတည်းကိုသာ အဓိကအားထားကာ အနည်းဆုံးကွမ်းတိုင်အ‌ရေအတွက် ၈ ‌ထောင်ဆန့်သည့်ခြံများမှ အများဆုံး ၃ ‌သောင်းခြံများအထိ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြခြင်းဖြစ်သည်။

‌ကျေးရွာ‌ပေါင်း ၁၈ ရွာခန့်ရှိသည့် အဆိုပါ‌တော‌ကျောင်း‌ကျေးရွာအုပ်စုအတွင်းရှိ ‌ဒေသခံများအ‌နေဖြင့် ‌ဈေး ကွက်နှင့် ‌မြေ‌နေရာအ‌နေအထားများအရ အခြားသီးနှံများထက် ကွမ်းရွက်စိုက်ပျိုးခြင်းကို အဓိက အသက် ‌မွေးဝမ်း‌ကျောင်းစိုက်ပျိုး‌ရေးလုပ်ငန်းတစ်ခုအဖြစ် အစဉ်အဆက်စိုက်ပျိုးလုပ်ကိုင်ကြခြင်းဖြစ်သည်။