Home သတင်း သံလွင်မြစ်‌ရေလျှံမှု‌ကြောင့် ဖာပွန်‌ဒေသ ‌ကျွေးရွာအချို့ ‌မြေပြိုမှုနှင့် ‌ပြောင်း‌ရွှေ့‌နေရမှုများ လုပ်‌ဆောင်‌နေရ

သံလွင်မြစ်‌ရေလျှံမှု‌ကြောင့် ဖာပွန်‌ဒေသ ‌ကျွေးရွာအချို့ ‌မြေပြိုမှုနှင့် ‌ပြောင်း‌ရွှေ့‌နေရမှုများ လုပ်‌ဆောင်‌နေရ

2014
Photo: KWO

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ သံလွင်မြစ်‌ရေလျှံတက်မှု‌ကြောင့် မြစ်ကမ်းနံ‌ဘေးရှိ ဖာပွန် ‌ဒေသခံ ‌ကျေးရွာအချို့မှာ ‌ရေကြီး‌ရေလျှံမှုနှင့် ‌မြေပြိုမှုကို ကြုံ‌တွေ့‌နေရပြီး ‌ဘေးလွတ်ရာသို့ ယာယီ‌ပြောင်း‌ရွှေ့ ထားရ‌ကြောင်း ‌ဒေသ တာဝန်ရှိသူများက ‌ပြောသည်။

ဩဂုတ်လ ၂၃ရက်‌နေ့မှစ၍ မြစ်‌ရေလျှံတက်လာမှု‌ကြောင့် ဘူးသိုမြို့နယ်၊ အီတူးထာ့ ‌ကျေးရွာအတွင်း ‌နေအိမ် ၁၉ လုံး ‌ရေနစ်မြုပ်သွားပြီး စိုးရိမ်ရသည့် အ‌ခြေအ‌နေတွင် ရှိ‌နေ‌သော ‌နေအိမ် ၄ဝ ‌ကျော်ရှိကာ မိသားစုအချို့ကို ‌ဘေးလွတ်ရာသို့ ယာယီ‌ပြောင်း‌ရွှေ့ထားရ‌ကြောင်း ‌ဒေသခံ တာဝန်ရှိသူများ၏ တင်ပြချက်ကို ကိုးကားပြီး ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ‌ပြောသည်။

KWO အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက “အခု ‌ရေက ကျမသွားဘူး။ ‌ရေက တက်လာတုန်းပဲ။ အဲ့အတွက် ‌နေ အိမ်အချို့ကို လိုက်‌ပြောင်း‌ရွှေ့‌ပေးရတာမျိုး ရှိတယ်။ အဲ့မှာရှိတဲ့ ကျမတို့ရဲ့ ‌ဒေသခံအဖွဲ့အစည်းရုံး‌တွေပါ ‌ရေမြုပ် ကုန်ပြီး။ အခုယာယီ‌ပြောင်း‌ရွှေ့ထားရတဲ့သူ‌တွေအတွက်လည်း ရိက္ခာ‌ခြောက်‌တွေ လိုအပ်‌နေတယ်” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးမှု အချက်အလက်များကို ‌ကောက်ယူ‌နေပြီး လိုအပ်သည့် အကူအညီများကို ‌ပေးသွားနိုင်ရန် အကူအညီများကို လိုက်လံရှာ‌ဖွေ‌ဆောင်ရွက်‌ပေးသွားရန် စီစဉ်‌နေ‌ကြောင်းလည်း ‌နော်က‌ညော ‌ဖောက ဆက်‌ပြောသည်။

Photo: KWO

အလားတူ အီတူထာ ‌ကျေးရွာ အနီးရှိ မယ်နူထာ့ ‌ကျေးရွာ၌လည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ‌ရေတိုက်စား မှုတို့‌ကြောင့် ‌ကျေးရွာအတွင်း ‌မြေပြိုမှုများဖြစ်ပွားပြီး ‌နေအိမ် အချို့ပျက်စီးဆုံးရှုံးသွား‌ကြောင်းလည်း ‌ဒေသခံ သတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူ စစ်‌ပြေး‌ရှောင်စခန်းတွင်လည်း ယမန်‌နေ့က သံလွင်မြစ်‌ရေ တက်လာ ‌သော‌ကြောင့် ‌မြေနိမ့်ပိုင်း‌နေအိမ်အချို့‌နေထိုင်ရန် အဆင်မ‌ပြေ‌တော့သည့်အတွက် လူဦး‌ရေ ၉၀ဝ ‌ကျော်မှာ ‌ရေလွတ်ရာ‌နေရာသို့ ‌ပြောင်း‌ရွှေ့ထားရ‌ကြောင်း ‌ဒေသတာဝန်ရှိသူများက ဆိုသည်။

လတ်တ‌လောတွင် ‌တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်‌ပေါ်ခဲ့သည့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ ‌ကြောင့် မြန်မာနိုင်ငံတွင် မိုးများ‌နေသဖြင့် သံလွင်မြစ်နှင့် ဧရာဝတီမြစ်‌ရေများ စိုးရိမ်‌ရေအမှတ် ‌ကျော်လွန် မြှင့် တက်လာနိုင်‌သော‌ကြောင့် ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအပါအဝင် ကျန်တိုင်း‌ဒေသကြီးများကိုပါ မိုး‌လေ ဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယမန်‌နေ့က သတိ‌ပေးထုတ်ပြန်ထားသည်။