Home သတင်း သံလွင်မြစ်‌ရေတက်‌သော‌ကြောင့် မြိုင်ကြီးငူစစ်‌ရှောင်စခန်းတွင် လူဦး‌ရေ ၉၀ဝ ‌ကျော် ‌ပြောင်း‌ရွှေ့ရ

သံလွင်မြစ်‌ရေတက်‌သော‌ကြောင့် မြိုင်ကြီးငူစစ်‌ရှောင်စခန်းတွင် လူဦး‌ရေ ၉၀ဝ ‌ကျော် ‌ပြောင်း‌ရွှေ့ရ

2702
Photo: Eh Scel FB

ဩဂုတ် ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူစစ်‌ပြေး‌ရှောင်စခန်းတွင် ယ‌နေ့နံနက်ပိုင်းက သံလွင်မြစ်‌ရေတက်လာ ‌သော ‌ကြောင့်‌မြေနိမ့်ပိုင်း‌နေအိမ်အချို့‌နေထိုင်ရန် အဆင်မ‌ပြေ‌တော့သည့်အတွက် လူဦး‌ရေ ၉၀ဝ ‌ကျော်မှာ ‌ရေလွတ်ရာ ‌နေရာသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ရသည်ဟု သိရသည်။

‌ရေ‌ဘေး‌ကြောင့် ‌ပြောင်း‌ရွှေ့ရသည့် အိမ်‌ထောင်စု‌ပေါင်း ၁၀ဝ ‌ကျော်ရှိသည့်အတွက်‌ကြောင့် ‌နေရာအခက်အခဲများကြုံ‌တွေ့ ရပြီး မြိုင်ကြီးငူစစ်‌ရှောင်စခန်းရှိ ဓမ္မာရုံထဲတွင် ‌ပြောင်း‌ရွှေ့‌နေရာချထားရကာ အချို့တွင် မြိုင်ကြီးငူရပ်ကွက်အတွင်းရှိ နီးစပ် ရာ‌ဆွေမျိုးများ‌နေအိမ်သို့ သွား‌ရောက်ခိုလှုံ‌နေရသည်ဟု စခန်းတာဝန်ရှိသူများ‌ပြောပြချက်အရ သိရသည်။

ယခုအချိန်တွင် Covid ကာလဖြစ်သည့်အတွက် လူစုလူ‌ဝေး‌နေထိုင်၍ မရ‌ကြောင်း စည်းကမ်းချက်များရှိထား‌သော်လည်း ‌ရေ‌ဘေး‌ကြောင့် ကျန်းမာ‌ရေး စည်းကမ်းသတ်မှတ်ချက်ဖြင့် ‌နေရာချ‌ပေးရန် အဆင်မ‌ပြေ‌ကြောင်းလည်း မြိုင်ကြီးငူစစ်‌ရှောင် စခန်းရှိ ကျန်းမာ‌ရေးတာဝန်ခံ ဆရာမ ‌နော်နန်းသဇင်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

သူမက“ ဒီအချိန်မှာ သူတို့ကို ၆ ‌ပေအကွာ ‌ပေး‌နေဖို့က ဘယ်လိုမှ အဆင်မ‌ပြေ‌တော့ဘူး။ အခုလုပ်လို့ရတာက သူတို့ကို Mask (နှာ‌ခေါင်းစည်း)တပ်ခိုင်းတာတစ်ခုပဲ လုပ်လို့ရတယ်။ ကျန်တာ ဘာမှမလုပ်တတ်‌တော့ဘူး။ အခုက Covid ထက် ‌ရေ‌ဘေးက ပိုဆိုးတာ‌ပေါ့‌နော်။ ပြဿနာက အဲလိုဖြစ်‌နေတယ်။ ဒီမနက် ‌ရေအရှိန်တက်တာမြန်တယ်၊ ‌ပြောင်း‌ရွှေ့ဖို့က သူတို့အတွက် ‌လှေ‌တွေလည်းလိုအပ်တယ်။ ‌လှေငှားရတယ်ဆို‌တော့ ‌လှေငှားခ‌တွေလည်း ရှိတာ‌ပေါ့” ဟု ‌ပြောသည်။

ထို့အပြင် စစ်‌ရှောင်များ ချက်ပြုတ်စား‌သောက်‌ရေးအတွက် ထင်းများ‌ရေစိုပြီး မြုပ်သွား‌သော‌ကြောင့် လက်ရှိတွင် ချက်ပြုတ် စား‌သောက်‌ရေးအပိုင်းတွင်လည်း အခက်အခဲရှိသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စော‌ရွှေထွန်းက ‌ပြောသည်။

၎င်းက“ထင်း‌တွေလည်းစိုသွား‌တော့ ချက်ပြုတ်ဖို့အရမ်းအခက်အခဲရှိ‌တော့ ကူညီ‌ပေးနိုင်တဲ့လူရှိရင်‌တော့ အ‌ကောင်းဆုံး‌ပေါ့ ။ ‌ရေဒီ‌လောက်ကြီးမယ်လို့ ထင်မထားဘူး။ အိမ်‌တွေက အကုန်မမြုပ်ဘူး။ ဒါ‌ပေမယ့် သူတို့ အိမ်မှာ‌နေရင် အိမ်ပြိုမှာလည်း ‌ကြောက်ရတယ်။ ‌ရေကခါး‌လောက်ရှိ‌တော့ မြန်မြန်‌ပြောင်း‌ရွှေ့‌နေထိုင်မှ ‌ကောင်းတာ‌ပေါ့။

ယ‌နေ့‌နေ့လည်အထိ ‌ပြောင်း‌ရွှေ့ ‌နေရတုန်းဘဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
မိုး‌လေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယ‌နေ့‌နေ့လည်ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်ရှိ သံလွင်မြစ်‌ရေသည် စိုးရိမ်‌ရေအမှတ် သုညမျက်နှာပြင်အထက် ၇၅ဝ စင်တီမီတာရှိပြီး ‌နောက် ၂ ရက်တွင် စိုးရိမ်‌ရေမှတ်‌အောက် ပြန်လည်ကျ ဆင်းရန်ရှိ‌ကြောင်း ထုတ်ပြန်ထားသည်။