Home သတင်း မွန်ပြည်နယ် ကရင်ဝန်ကြီး ပြန်လည်‌ရွေးချယ်မခံရသည့်အ‌ပေါ် ‌ထောက်ခံသူများ ‌မေးခွန်းထုတ်

မွန်ပြည်နယ် ကရင်ဝန်ကြီး ပြန်လည်‌ရွေးချယ်မခံရသည့်အ‌ပေါ် ‌ထောက်ခံသူများ ‌မေးခွန်းထုတ်

2698
Photo: Saw Aung Myint Khaine

ဩဂုတ် ၇ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး‌စော‌အောင်မြင့်ခိုင်ကို NLD ပါတီဗဟိုမှ လာမည့်‌ရွေး‌ကောက်ပွဲတွင် ကိုယ် စားလှယ်‌လောင်းအဖြစ် ပြန်လည်မ‌ရွေးချယ်‌တော့သည့်အ‌ပေါ် ၎င်းကို‌ထောက်ခံသူများက ‌မေးခွန်းထုတ်လာကြသည်ဟု သိရ သည်။

မွန်ပြည်နယ်အ‌နေဖြင့် ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီးတို့ကို အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုမှ ကို်ယ်စားလှယ်‌လောင်းအဖြစ် ပြန်လည်‌ရွေးချယ်ခဲ့ပြီး ကရင်‌ရေးရာဝန်ကြီးကို ကိုယ်စားလှယ်‌လောင်းအဖြစ် ပြန်လည်‌ရွေးချယ်မှုမရှိသည့်အ‌ပေါ် ပါတီဗဟိုမှ ကိုယ်စားလှယ်‌လောင်း ‌ရွေးချယ်မှုပုံစံကို နားမလည်ဖြစ်ရ‌ကြောင်း ကရင်‌ရေးရာ ဝန်ကြီး‌ထောက်ခံသူများက ‌ကေအိုင်စီသို့‌ပြောဆိုသည်။

မွန်ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး‌စောဆန်းဝင်းက “ပအိုဝ်းဝန်ကြီး၊ ဗမာဝန်ကြီး‌တွေ အကုန်ပြန်ပါ လာတယ်‌လေ။ ကရင်ဝန်ကြီး‌စော‌အောင်မြင့်ခိုင် ပြန်မပါလာတဲ့အ‌ပေါ် အားလုံးက စိတ်မ‌ကောင်းဖြစ်တယ်။ ပြည်နယ်ရဲ့ ရာဘာ စီးပွား‌ရေးလုပ်ငန်း‌တွေ၊ ကရင်စာ‌ပေယဉ်‌ကျေးမှုကိစ္စ‌တွေမှာ သူကထဲထဲဝင်ဝင် ပါဝင်ပူး‌ပေါင်း‌ဆောင်ရွက်‌နေတဲ့လူပါ။ သူပြန်ပါ လာမယ်လို့ အားလုံးက ‌မျှော်လင့်ထားခဲ့ကြတယ်။ ပါတီဗဟိုက‌နေ ဘယ်လို‌ရွေးချယ်ကြလဲ‌တော့ မသိဘူး”ဟု ‌ပြောသည်။

အမျိုးသားဒီမိုက‌ရေးစီအဖွဲ့ချုပ်အ‌နေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်‌နေ့က ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပါတီ၏ ကိုယ်စားလှယ်‌လောင်း ၁,၁၃၁ ဦး ထုတ်ပြန်‌ကြေညာခဲ့ကြပြီး မွန်ပြည်နယ်ရှိ လူထု‌ထောက်ခံသည့် NLD ပါတီ ကိုယ်စားလှယ် ‌လောင်းအချို့ ပြန်လည်‌ရွေးချယ်မခံရသည့်အတွက် ‌ထောက်ခံသူများမှ ‌ဝေဖန်ကန့်ကွက်မှုများ ဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“၂ဝ၂ဝ မှာ သူပြန်ပါလာရင် မွန်ပြည်မှာရှိတဲ့ ကရင်စာယဉ်အဖွဲ့အားလုံး သူနဲ့လက်တွဲပြီး လုပ်ငန်းပိုင်း‌ဆောင်ရွက်ရတာ အင်အားရှိတာ‌ပေါ့‌နော်။ ၅ နှစ်တာကာလမှာ စာ‌ပေယဉ်‌ကျေးမှု အမျိုးသား‌ရေးကိစ္စရပ်‌တွေမှာ ထဲထဲဝင်ဝင် ကူညီ‌ဆောင် ရွက်‌ပေးခဲ့သူပါ။ သူရဲ့လုပ်‌ဆောင်ချက်‌တွေ‌ကြောင့် မွန်ပြည်နယ်က ကရင်တိုင်းရင်းသား ၉ဝ ရာခိုင်နှုန်း‌လောက်က သူ့ကို ‌ထောက်ခံ‌နေတယ်”ဟု မွန်ပြည်နယ် ဘီလူးကျွန်းရှိ ဖံဖ‌ကျောင်းဆရာ‌တော် ဦးပညာဝံသက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

မွန်ပြည်နယ်ရှိ အပစ်ရပ် NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ နယ်‌မြေခံ‌ခေါင်း‌ဆောင်များ၊ ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီအဖွဲ့များ၊ ကရင်လူထုများနှင့် အခြား‌ထောက်ခံသူများက ဝန်ကြီး‌စော‌အောင်မြင့်ခိုင်အား ပြန်လည်အ‌ရွေးခံ‌စေလိုပြီး ဝန်ကြီးအ‌နေဖြင့် ကျိုက်မ‌ရောမြို့နယ် မဲဆန္ဒနယ်တွင် အမည်စာရင်းတင်ခဲ့သည်ဟု ‌ထောက်ခံ သူများထံမှ သိရသည်။

“ ပါတီဘက်ခြမ်းက အဆင့်ဆင့်‌ရွေးချယ်တဲ့အခါမှာ သူတို့‌ရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်း‌တွေနဲ့ သူတို့အပိုင်းမှာပဲ မူတည်မ ယ် ထင်ပါတယ်။ ကျ‌နော်က‌တော့ သူတို့‌ရွေးချယ်ရင် လုပ်မှာ‌ပေါ့။ မ‌ရွေးချယ်ရင်‌တော့ မလုပ်ရဘူး‌ပေါ့။ ‌ထောက်ခံကြတဲ့ လူထု‌တွေ ကို အများကြီး‌ကျေးဇူးတင်ပါတယ်။ နိုင်ငံ‌ရေးက ဒီ‌လောက်နဲ့ မပြီး‌သေးပါဘူး။ ကိုယ့်တိုင်းရင်းသားအတွက်‌ရော၊ အများအကျိုး ‌ရော ဆက်လုပ်သွားပါ့မယ်”ဟု မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး‌စော‌အောင်မြင့်ခိုင်က ပြီးခဲ့သည့် ဇူလိုင်လက ‌ကေအိုင်စီသို့ ‌ပြောခဲ့သည်။

မွန်ပြည်နယ်လွှတ်‌တော်တွင် အဆို‌မေးမြန်းမှုအများဆုံးဖြစ်သည့် သထုံမဲဆန္ဒနယ် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စော ‌အောင်‌ကျော်သူနှင့် မွန်ပြည်နယ်ရှိ ကရင်တိုင်းရင်းသားအများစု ‌ထောက်ခံသည့် ကရင်‌ရေးရာ ဝန်ကြီး‌စော‌အောင်မြင့်ခိုင်တို့ကို အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်‌လောင်း‌နေရာတွင် ပြန်လည်‌ရွေးချယ်မှု မရှိသည့်အတွက် ‌ဒေသခံများက ပါတီအ‌ပေါ် ‌ဝေဖန်‌ထောက်ပြမှု အမျိုးမျိုးထွက်‌ပေါ်လျက်ရှိသည်။