Home COVID-19 မဲ‌ဆောက် အလုပ်သမား ၁၀ဝ ‌ကျော် အလုပ်ပိတ်ရက် နစ်နာ‌ကြေးရရှိ

မဲ‌ဆောက် အလုပ်သမား ၁၀ဝ ‌ကျော် အလုပ်ပိတ်ရက် နစ်နာ‌ကြေးရရှိ

2219
Photo: AAC

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

COVID-19 ကပ်‌ရောဂါ‌ကြောင့် နှစ်လ‌ကျော်ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၊ မယ်ကုရပ်ကွက် ၇ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၆၀ဝ ‌ကျော်လုပ်ကိုင်‌နေ‌သော အားကစား အ ထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀ဝ ‌ကျော်သည် ယ‌နေ့တွင် အလုပ်ပိတ်ရက်နစ်နာ‌ကြေးရရှိခဲ့ ‌ကြောင်းသိရသည်။

ကပ်‌ရောဂါ‌ကြောင့် ပြီးခဲ့သည့် ‌မေလ ၂၆ရက်မှ ဩဂုတ်လ ၁ရက်‌နေ့အထိ အဆိုပါ စက်ရုံကို ပိတ်ထား ခဲ့ပြီး လက်ရှိတွင် CI လက်မှတ်ကိုင်‌ဆောင်ထားသူ အလုပ်သမားများထဲမှ ပကန်ဆန်ကွန်း‌ခေါ် လူမှုဖူ လုံ‌ရေး တင်သွင်းထားသူများမှ အလုပ်ပိတ်ရက်နစ်နာ‌ကြေးကို အလုပ်သမားသက်တမ်းအလိုက် ရရှိခဲ့ ‌ကြောင်း AAC အဖွဲ့မှ ကိုရဲမင်းက ‌ပြောသည်။

“အဓိက က‌တော့ ပကန်ဆန်ကွန်း အလုပ်ပိတ်ရက် နစ်နာ‌ကြေး‌တွေ ခံစားခွင့်ရကြတာ‌ပေါ့။ သူတို့က ပကန် ဆန်ကွန်းသွင်းထားတဲ့ CI စာအုပ်သမား‌တွေဆို‌တော့ သူတို့ အလုပ်ရုံပိတ်ထားတာ ၂လခွဲ‌ကျော် သွားပြီ။ ပထမ အသုတ်အ‌နေနဲ့ ၁၀ဝ ‌ကျော်ရတာ‌ပေါ့။ ‌နောက်ထပ် တစ်သုတ်ပြီး တစ်သုတ်‌ပေးသွား မှာပါ‌နော်။ အလုပ်သမားဦး‌ရေက ၆၀ဝ ‌ကျော်ရှိတယ်။ အဲ့ထဲမှာမှ ပကန်ဆန်ကွန်း ခံစားခွင့်ရှိတဲ့သူက ၃၀ဝ နီးပါးရှိတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အလုပ်သမားသံအရာရှိ ဦး‌ဝေလင်း‌မောင်နှင့် AAC မဟာမိတ်အဖွဲ့တို့ ပူး‌ပေါင်း၍ ၎င်းနစ်နာ‌ကြေး ရရှိရန် ကူညီ‌ဖြေရှင်း‌ပေးခဲ့ခြင်းဖြစ်‌သော်လည်း ပကန်ဆန်ကွန်း တင်သွင်းမထားသည့် ကျန်ရှိ‌သော အလုပ် သမားများနှင့် နယ်စပ်ဖြတ်‌ကျော်(Border Pass) ကိုင်‌ဆောင် အလုပ်လုပ်‌နေသူများအ‌နေဖြင့် ထိုင်း ဥပ‌ဒေအရ အလုပ်ပိတ်ရက်နစ်နာ‌ကြေးရရှိရန်အအတွက် ‌ဖြေရှင်း‌ပေးရန် ခက်ခဲ‌ကြောင်းနှင့် လက်ရှိ ရရှိသူများအတွက်ပင် ခက်ခဲစွာ ကူညီ‌ပေးခဲ့ရ‌ကြောင်း ကိုရဲမင်းက ဆက်‌ပြောသည်။

“ထိုင်းမှာက ဒီ CI ‌တွေ PJ ‌တွေ MOU ကိုင်ထားတဲ့သူ‌တွေက နစ်နာ‌ကြေးခံစားခွင့်ရှိတယ်။ သို့‌ပေမဲ့ တချို့ အလုပ်သမား‌တွေက Border pass ကိုင်‌ဆောင်ထားတဲ့ နှစ်နိုင်ငံသ‌ဘောတူညီမှုနဲ့ နယ်စပ် မဲ ‌ဆောက်မြို့မှာပဲ လုပ်ကိုင်ခွင့်ရှိတဲ့ စာအုပ်‌တွေ work permit သုံးလစာကို နားလည်မှုနဲ့‌ပေးထားပြီး လုပ်ကိုင်ခွင့်‌ပေးထားတဲ့ စာအုပ်‌တွေဆို‌တော့ ထိုင်းအစိုးရအ‌နေနဲ့ ဒီလိုအလုပ်‌တွေ ရပ်သွားတဲ့ အခါမှာ ခံစားခွင့်‌တွေ ‌ပေးမလားဆို‌တော့ အဲ့စာအုပ်နဲ့ ခံစားခွင့်‌တွေ‌ပေးမဲ့ ဥပ‌ဒေမရှိတဲ့အတွက် ‌တောင်းဆိုဖို့ ခက်ခဲတာ‌ပေါ့။ အလုပ်ရှင်ဆီက စာနာစိတ်‌ကြောင့် ဒီ‌လောက်ပဲရမယ်” ဟု ကိုရဲမင်းက ဆက်‌ပြော သည်။

Photo: AAC

အဆိုပါ စက်ရုံသည် ကပ်‌ရောဂါ‌ကြောင့် သတ်မှတ်ထားသည့် အလုပ်ပိတ်ရက် ‌မေလ ၂၆ရက်မှ ဩ ဂုတ်လ ၁ ရက်‌နေ့အထိ အချိန်‌စေ့၍ ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်‌နေ့တွင် စက်ရုံသို့ အလုပ်သမားများ အလုပ်ပြန်ဆင်းကြရာတွင် အလုပ်ဆင်းခွင့်မရကြဘဲ လာမည့်‌အောက်တိုဘာလကုန်အထိ ပိတ် ရက်သက်တမ်း ထပ်တိုးလိုက်‌ကြောင်း အဆိုပါ အလုပ်ရုံ၏ အလုပ်သမား‌ခေါင်း‌ဆောင်က ဩ ဂုတ်လ ၅ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

လူမှုဖူလုံ‌ရေး အကျိူးခံစားခွင့်မရရှိကြသည့် အလုပ်သမားများမှာ ၄၀ဝ နီးပါးရှိ‌နေပြီး ၎င်းတို့အတွက် စာနာ ‌ထောက်ထားမှု အကူအညီ‌ပေးရန် အလုပ်သမားများက အလုပ်ရှင်သို့ တင်ပြ‌တောင်း ဆိုကြ ‌သော်လည်း အလုပ်ရှင်ဘက်မှ ကူညီ‌ပေးရန် ငြင်းဆိုခဲ့‌ကြောင်းလည်း ထိုအလုပ်သမား‌ခေါင်း‌ဆောင်က ဆက်‌ပြောခဲ့သည်။

အဆိုပါ စက်ရုံတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား (၆၀၀) ‌ကျော်အပြင် ထိုင်းအလုပ်သမားများလည်း ဝင် ‌ရောက်လုပ်ကိုင်‌နေကြရာ လက်ရှိတွင်ထိုင်းအလုပ်သမားဦး‌ရေ (၂၀)ဦး‌ကျော်ကို အလုပ်ဆင်း ခွင့်‌ပေးထား‌ကြောင်း နှင့် အလုပ်ရုံ၏ အ‌ဆောင်တွင်‌နေထိုင်ကြသည့် အလုပ်သမားများကိုလည်း အ ‌ဆောင်မှ (၇)ကြိမ်အထိ ‌မောင်းထုတ်ခဲ့ဖူးပြီး ‌ရေ၊ မီး ဖြတ်‌တောက်ခံရသည့်အပြင် ယခင်က လုပ်ခ လစာအပြည့်အဝ မရရှိသည့်အ‌ပေါ် နစ်နာ‌ကြေးအပြည့်အဝ မရရှိခဲ့‌ကြောင်းလည်း အလုပ်သမား များ က ဆိုသည်။

မဲ‌ဆောက်မြို့နယ်အတွင်း တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံ‌ပေါင်း ၄၄၅ ရုံရှိကာ ၄ဝ ရာခိုင် နှုန်းသည် အထည်ချုပ်စက်ရုံများဖြစ်ပြီး တရားဝင်စာရင်းများအရ အထည်ချုပ် အလုပ်သမား‌ပေါင်း ‌လေး‌သောင်း‌ကျော် ရှိသည်။ တာ့ခ်ခရိုင်တခုလုံးအ‌နေဖြင့် မြန်မာအလုပ်သမား ‌လေးသိန်း ‌ကျော်ရှိ‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများထံမှ သိရသည်။