Home ရွေးကောက်ပွဲသတင်း ဖလုံ-စ‌ဝေါ်က ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေနှင့် ရန်ကုန်တိုင်းတွင် သုံးဦး ဝင်ပြိုင်မည်

ဖလုံ-စ‌ဝေါ်က ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေနှင့် ရန်ကုန်တိုင်းတွင် သုံးဦး ဝင်ပြိုင်မည်

2269

ဩဂုတ် ၂၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) သည် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်ပြင်ပ ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့၌ လွှတ်‌တော်ကိုယ်စားလှယ်(၃)ဦး ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်‌ကြောင်း ပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက ‌ပြောသည်။

ဖလုံ-စ‌ဝေါ်အ‌နေဖြင့် ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်တွင် ‌စောစိုးနိုင်၊ ရန်ကုန်တိုင်း‌ဒေသကြီး ‌ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်တွင် ‌စောဝင်းနှင့် မဂင်္လာ ‌တောင်ညွှန့် မြို့ နယ်၊ တိုင်း‌ဒေသကြီး အမှတ်-၂ မဲဆန္ဒနယ်‌မြေ၌ ‌စောညီညီတို့ အသီးသီး ဝင်ပြိုင်သွားမည် ဖြစ်သည်။

“ကျ‌နော်တို့ ကတိကဝတ်အတိုင်း ကရင်ပြည်နယ်မှာ မပြိုင်ဘူး။ ပါတီဖျက်သိမ်းထားခြင်း မရှိပါဘူး။ ပါတီ ဆက်ရပ်တည်‌ရေးအတွက် အခုလို သုံး‌နေရာဝင်ပြိုင်တာပါ”ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၏ အတွင်း‌ရေးမှူး ‌စောကြည်လင်းက ‌ပြောသည်။

‌နေပြည်‌တော်‌ကောင်စီနယ်‌မြေ ၈ မြို့နယ်တွင် ကရင်ဖြူလူဦး‌ရေ ငါး‌သောင်း‌ကျော်ရှိ ပြီး၊ ပျဉ်းမနားမြို့နယ်တွင် ကရင်ဖြူလူဦး‌ရေ တစ်‌သောင်းခွဲခန့်ရှိသည့်အတွက် ဝင်ပြိုင်ရန် ‌ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ဖလုံ-စ‌ဝေါ် ကိုယ်စားလှယ်‌လောင်း ‌စောစိုးနိုင်က ‌ပြောသည်။

“ကျ‌နော်တို့ဌာ‌နေတိုင်းရင်းသား‌တွေရဲ့အသံ လွှတ်‌တော်ထဲ‌ရောက်‌အောင်တင်ပြချင်လို့ ဝင်အ‌ရွေးခံဖို့ ဆုံးဖြတ် လိုက်တာဖြစ်တယ်”ဟု ‌စောစိုးနိုင်က ‌ပြောသည်။

ကရင်ပြည်နယ်ရှိ ကရင်ပါတီ ၄ ခု ပြန်‌ပေါင်းစည်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကို တည်‌ထောင်စဉ် က ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီဝင်အချို့ သွား‌ရောက်ပူး‌ပေါင်းခြင်းများရှိပြီး ကရင်ပြည်နယ် တွင် ကရင်ပါတီများအချင်းချင်းထိပ်တိုက်မ‌တွေ့‌ရေးအတွက် ဖလုံ-စ‌ဝေါ် အ‌နေဖြင့် ယခုလို ပြည်နယ်တွင် ဝင်မပြိုင်ခြင်းဖြစ်သည်။