Home သတင်း ပါတီတွင်း ဆင့်ပွားသင်တန်း NLD ‌ကော့ကရိတ်မြို့နယ် ပြုလုပ်ပြီးစီး

ပါတီတွင်း ဆင့်ပွားသင်တန်း NLD ‌ကော့ကရိတ်မြို့နယ် ပြုလုပ်ပြီးစီး

1820
photo: San Htut

ဩဂုတ် ၂၇ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟို၏ ညွှန်ကြားချက်ဖြင့် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် ပါတီ တွင်း ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေး ဆင့်ပွားသင်တန်းများကို ဩဂုတ်လ ၂၅ရက်‌နေ့က ပြုလုပ်ပြီးစီးခဲ့ကြသည်။

သင်တန်းနည်းပြဆရာ ကိုဆန်းထွဋ်က “‌အောင်နိုင်‌ရေးအတွက် ရပ်ကွက်၊ ‌ကျေးရွာ‌တွေက NLD အမာခံ‌တွေကို ဆင့်ပွားသင်တန်း‌လေး‌တွေ ‌ပေးတယ်‌ပေါ့။ ၂၀၁၅တုန်းက ဒီလိုမျိုး စည်းစနစ်တကျနဲ့ မလုပ်နိုင်ခဲ့ဘူး။ ၂၀၂ဝ မှာကျ ‌တော့ နည်းစနစ်တကျ‌လေးနဲ့ ကျ‌နော်တို့ လုပ်‌ပေးတာ‌ပေါ့။”ဟု ဩဂုတ် ၂၇ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

ဩဂုတ်လ ၁ဝရက်မှ ၂၅ရက်‌နေ့အထိ ‌ကော့ကရိတ်မြို့‌ပေါ်တွင် ၄ကြိမ်၊ ‌ကော့‌ပေါက်ရွာတွင် ၁ကြိမ် စုစု‌ပေါင်း ဆင့်ပွားသင်တန်း ငါးကြိမ် ပြုလုပ်ခဲ့ပြီးခဲ့‌ကြောင်းနှင့် ‌ရွေး‌ကောက်ပွဲတွင် ရိုးရိုးသားသား အနိုင်ယူသွားမည်ကို ပို့ချခဲ့ ‌ကြောင်းလည်း ကိုဆန်းထွဋ်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ‌ကော့ကရိတ်မြို့နယ်၌ NLD က ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော် နှင့် ပြည်နယ်လွှတ်‌တော် ၅‌နေရာ အနိုင်ရရှိခဲ့သည်။

အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ ၂၀၁၉ စာရင်းများအရ ‌ကော့ကရိတ်မြို့နယ်၏ လူဦး‌ရေ စုစု‌ပေါင်း ၂၉၂,၉၄၂ဦး ရှိပြီး ကရင်လူဦး‌ရေ ၅၃%‌ကျော်၊ မွန်လူဦး‌ရေ ၂၂%‌ကျော်နှင့် ဗမာလူဦး‌ရေ ၁၂%တို့ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။