Home COVID-19 ကိုဗစ်ကာလအတွင်း နယ်စပ်လမ်းမှ ခိုးဝင်လာသူများကို ‌သေချာကြီးကြပ်‌ပေး‌စေလိုဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့‌ပြော

ကိုဗစ်ကာလအတွင်း နယ်စပ်လမ်းမှ ခိုးဝင်လာသူများကို ‌သေချာကြီးကြပ်‌ပေး‌စေလိုဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့‌ပြော

1994

ဩဂုတ် ၄ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

COVID-19 ကပ်‌ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း လူဝင်လူထွက်ကန့်သတ်တားမြစ်ထားသည့် နိုင်ငံနယ်စပ်လမ်း‌ကြောင်းများ တွင် ‌ရောဂါကူးစက်မှုမရှိ‌အောင် အစိုးရ တာဝန်ရှိသူများအ‌နေဖြင့် ‌သေချာကြီးကြပ်‌ဆောင်ရွက်‌ပေး‌စေလိုသည်ဟု နယ်စပ် အ‌ခြေစိုက် လူမှုကယ်ဆယ်‌ရေးအဖွဲ့က ‌ပြောဆိုလိုက်သည်။

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီလမ်း‌ကြောင်းမှတစ်ဆင့် နိုင်ငံသားများ ‌နေ့စဉ်ပြန်လည်ဝင်‌ရောက်လျက်ရှိကာ ကျန်း မာ‌ရေးစိစစ်မှု ‌စောင့်ကြည့်မှုများ လုပ်‌ဆောင်ခဲ့‌သော်လည်း လူဝင်လူထွက် တားမြစ်ထားသည့် နယ်စပ်လမ်း‌ကြောင်း အချို့ တွင် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ခိုးဝင်လာသူများရှိ‌နေဆဲဖြစ်၍ ကယ်ဆယ်‌ရေး‌ဆောင်ရွက်ရသည့် ‌နေရာများတွင် စိန်‌ခေါ်မှု အခက်အ ခဲရှိသည်ဟု နယ်စပ်လူမှုကယ်ဆယ်‌ရေးအဖွဲ့ထံမှ သိရသည်။

ကရင်ပြည်နယ် နယ်စပ်အ‌ခြေစိုက် တံခွန်တိုင် လူမှုကယ်ဆယ်‌ရေးအဖွဲ့ ဦး‌ဆောင်သူ ‌စော‌ကျော်လင်းခိုင်က“နို်င်ငံခြားက‌နေ ဝင် လာတာ မ‌နေ့ကလည်း တစ်‌ယောက်‌တွေ့တယ်။ ဘယ်နိုင်ငံ‌နေ ဘယ်လို‌ရောက်ရှိလာလဲ မသိရဘူး။ ခိုးပြန်လာကြတဲ့လူ‌တွေ ရပ်ရွာဘက်‌ရောက်လာရင် ကျ‌နော်တို့လည်း လုပ်ရကိုင်ရခက်‌နေတယ်။ ‌ရောဂါပိုး‌တွေ့မှ ‌အောက်‌ခြေကို ဆူပူလာတယ်။ ‌သေချာ ကိုင် တွယ်‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်လ ဇူလိုင်လ ၂၁နှင့် ၂၂ ရက်‌နေ့တွင် မ‌လေးရှားနိုင်ငံမှ တနသင်္ာရီတိုင်း‌ဒေသကြီး ‌ကော့‌သောင်း-ရ‌နောင်း နယ်စပ်လမ်းမှ တစ်ဆင့် ကရင်ပြည်နယ်သို့ ပြန်လည်ဝင်‌ရောက်လာသူထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတစ်ဦး‌တွေ့ရှိခဲ့‌သော်လည်း လူဝင်လူထွက် တားမြစ်ထားသည့် နယ်စပ်လမ်းအချို့မှာ ခိုးဝင်လာမှုများရှိ‌နေ‌သေးသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ကရင်လူထုအ‌ခြေပြု COVID-19 တုန့်ပြန်‌ရေးအဖွဲ့မှ ကျန်းမာ‌ရေး အသိပညာ‌ပေးဆိုင်ရာတာဝန်ခံ ‌ဒေါက်တာထက်ကိုကိုလင်းက “ကိုဗစ်က နိုင်ငံအ‌ရေးဖြစ်တယ်။ သူ့တာဝန် ကိုယ့်တာဝန်မဟုတ်ဘဲ ပြည်သူအားလုံးပါဝင်တဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှုမျိုး ဖြစ်‌စေချင် တယ်။ အခက်အခဲ‌တွေရှိတာကိုလည်း နာလည်းပါတယ်။ ဒါ‌ပေမယ့် နိုင်ငံထဲဝင်လာတဲ့အခါမှာ သတ်မှတ်ထားတဲ့ လမ်း‌ကြောင်း အတိုင်းပဲ ပြန်ဝင်လာ‌စေချင်ပါတယ်။ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ခိုးပြန်ဝင်‌ရောက်လာရင်လည်း ရိုးရိုးသားသားနဲ့ တာဝန်ရှိသူ ‌တွေကို အသိ‌ပေးပြီး လုပ်‌ဆောင်‌စေချင်တယ်”ဟု ‌ပြောသည်။

နယ်စပ်လမ်းမှတစ်ဆင့် ခိုးဝင်လာသူများသည် ၎င်းတို့‌ကျေးရွာအနီး‌ရောက်မှသာ ‌ကျေးရွာတာဝန်ရှိသူများနှင့် လူမှုကယ် ဆယ် ‌ရေးအဖွဲ့များကို အသိ‌ပေးလာသည့်အတွက် ကျန်းမာ‌ရေးစိစစ်ထားရှိမှုနှင့် ပြန်လာသည့် နိုင်ငံနယ်စပ်လမ်း‌ကြောင်း ‌သေချာမသိရှိ ရဘဲ ကိုဗစ်‌ရောဂါကူးစက်မှုမရှိ‌အောင် ကူညီ‌ဆောင်ရွက်‌ပေးရသည့်‌နေရာတွင် အခက်အခဲများစွာ ကြုံ‌တွေ့ ရသည့် အတွက် တာဝန်ရှိသူများအ‌နေဖြင့် ‌သေချာကြီးကြပ်‌စေလိုခြင်းဖြစ်သည်ဟု နယ်စပ်အ‌ခြေစိုက် လူမှုကယ်ဆယ်‌ရေး အဖွဲ့များက ‌ပြောဆို သည်။

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်လ ၃ ရက်‌နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ‌ရောဂါ ကူးစက် ခံထားခဲ့ရသူ ၃၅၃ ဦးထဲတွင် ‌ရောဂါပြန်လည်‌ပျောက်ကင်းလာသူ ၂၉၈ ဦးရှိလာပြီး ၆ ဦး‌သေဆုံးခဲ့သည်။