Home သတင်း ကရင်ပြည်သူ ့ပါတီ တပ်ချုပ်နှင့် သွား‌တွေ့ခြင်းမရှိဟု အတည်ပြု‌ပြော

ကရင်ပြည်သူ ့ပါတီ တပ်ချုပ်နှင့် သွား‌တွေ့ခြင်းမရှိဟု အတည်ပြု‌ပြော

4401

ဩဂုတ် ၁၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်သူ ့ပါတီ (KPP) အ‌နေဖြင့် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်နှင့် သွား‌ရောက်‌တွေ့ဆုံခြင်းမရှိ‌ကြောင်း ပါတီ၏ ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောသည်။

ယ‌နေ့ (ဩဂုတ် ၁၄) ရက်‌နေ့ မွန်းလွဲပိုင်းတွင် ‌နေပြည်‌တော်ရှိ ဘုရင့်‌နောင်ရိပ်သာဧည့်ခန်းမ၌ ကာချုပ်နှင့် နိုင်ငံ‌ရေးပါတီ ၃ဝ ‌ကျော် တာဝန်ရှိသူများ‌တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ကရင်ပြည်သူ ့ပါတီ တက်‌ရောက်ခဲ့သည်ဟု သတင်းထွက်‌ပေါ်‌နေမှုအ‌ပေါ် ‌စော‌စေးဝါးက ယခုလို ‌ပြောသည်။

“တပ်မ‌တော်ဆိုတာ နိုင်ငံ‌ရေးနဲ့ သိပ်ပတ်သက်တာမှာမဟုတ်တာ၊ ‌တွေ့ဖို ့ အ‌ကြောင်းမရှိဘူး။ ကင်းကင်းရှင်းရှင်း ‌နေကြတာ‌ကောင်းတယ်‌လေ။ အခုလို ‌ရွေး ‌ကောက်ပွဲ နီး‌နေတဲ့ ကာလရှုပ်ရှုပ်‌ထွေး‌ထွေး‌တွေဖြစ်မှာစိုးလို့ ဒီအတိုင်းပဲ ‌နေလိုက် တာ‌ပေါ့ကွာ။ ကိုယ့်ဘာသာ ကိုယ်သီးသီးသန့်သန့် ‌နေတာ။ kpp က ဘယ် အင်အား စုနဲ့ မှ မ‌ရောချင်ဘူး။ ကိုယ့်ကရင်အမျိုးသား‌တွေအတွက် အမျိုးသား‌ရေး သီးသန် ့ပဲရပ် တည်သွားမယ်”ဟု ‌စော‌စေးဝါးက ဩဂုတ် ၁၄ ရက်‌နေ့ ည‌နေပိုင်းတွင် ‌ကေအိုင်စီ သို ့‌ပြောသည်။

ယခုလို ကရင်ပြည်သူ ့ပါတီက တပ်ချုပ်နှင့်‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့ခြင်းမရှိ‌သော်လည်း တက်‌ရောက်သည့် ပုံစံ‌ပြောဆို ‌ရေးသား‌နေမှုများ မီဒီယာများနှင့် အင်တာနက်လူမှု ကွန်ရက်များတွင် ‌ရေးသားမှုများကို အမှန်ပြန်ပြင်‌ပေးရန် ‌မေတ္တာရပ်ခံ‌ပြောလိုသည်ဟု ကရင်ပြည်သူ့ပါတီ အတွင်း‌ရေးမှူး-၁ နန့်ခင်‌အေးဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ လူမှုကွန်ရက်မှာ တက်လာတာက သွား‌တွေ့တယ်လို ့‌ရေးထားတယ်။ စိစစ်‌နေတယ်။ အမှန်ပြင်‌ပေးဖို ့‌မေတ္တာရပ်ခံပါတယ်။ မပြင်ဘူးဆို ပါတီကို‌တော့ ‌တောင်းပန်ရမယ်။ အများပြည်သူကို မမှန်သတင်းဖြန့်တဲ့အတွက် တခုခု‌တော့ လုပ်ဖို့ ပါတီတွင်း ပြန်တိုင် ပင်မယ်” ဟု ၎င်းက ‌ကေအိုင်စီသို ့ ‌ပြောသည်။

တပ်မ‌တော်သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့က တပ်ချုပ်နှင့် နိုင်ငံ‌ရေးပါတီများ ‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် KPP မပါဝင်‌သော်လည်း ကရင်ပြည် နယ်အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) နာယက ‌စောထွန်းကြည်တက်‌ရောက်သည်ဟု ‌ဖော်ပြထားသည်။