Home သတင်း ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်သူနှင့် ဝန်းရံသူများအား တရားစွဲဆိုထားမှုချက်ချင်းရုပ်သိမ်း‌ပေး‌ရေး အရပ်ဖက် အဖွဲ့များ ‌တောင်းဆို

ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်သူနှင့် ဝန်းရံသူများအား တရားစွဲဆိုထားမှုချက်ချင်းရုပ်သိမ်း‌ပေး‌ရေး အရပ်ဖက် အဖွဲ့များ ‌တောင်းဆို

2596

ဩဂုတ် ၁၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ရန်ကုန်မြို့တွင် ဩဂုတ်လ ၁၂ရက်‌နေ့က ပြုလုပ်ခဲ့သည့် ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူနှင့် ဝန်းရံ သူ များကို ‌ဒေသအာဏာပိုင်များမှ ဖမ်းဆီးအ‌ရေးယူထားမှုအ‌ပေါ် ချက်ချင်းရုပ်သိမ်း‌ပေးရန် ကရင်အရပ်ဖက် အဖွဲ့ များက ယ‌နေ့ (ဩဂုတ်လ ၁၇ရက်)တွင် ထုတ်ပြန်ချက်ထုတ်ကာ ‌တောင်းဆိုလိုက်သည်။

အာဇာနည်‌နေ့ ဦး‌ဆောင်းကျင်းပသူများနှင့် ဝန်းရံသူများကို ဖမ်းဆီးအ‌ရေးယူထားခြင်းအ‌ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး တရားစွဲဆိုမှုများကို ချက်ချင်းရုပ်သိမ်း‌ပေးရန် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကွန်ယက်-KPSNနှင့် နိုင်ငံတကာကရင်အဖွဲ့အစည်း-IKOတို့က ယ‌နေ့တွင် အသီးသီး ထုတ်ပြန်ထုတ်ကာ ‌တောင်းဆိုခြင်းဖြစ်သည်။

KPSN ၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “ဒီတရားစွဲဆိုထားတဲ့ ဥပ‌ဒေပုဒ်မက ပြည်သူ‌တွေကို အကာအကွယ်‌ပေးတဲ့ ဥပ‌ဒေမျိုးမဟုတ်ဘူး။ ပြည်သူ‌တွေကို ဖိနှိပ်ဖို့အတွက်ပဲဖြစ်တယ်။ ဒီဦး‌ဆောင်တဲ့ က‌လေး‌တွေက ဘယ် ဥပ‌ဒေ ကိုမှ ချိုး‌ဖောက်ပြီးလုပ်တာမဟုတ်ဘူး။ ဒါ‌ကြောင့် ရုပ်သိမ်း‌ပေးဖို့လိုတယ်။ ဒီ ဥပ‌ဒေကိုလည်း ဖျက်သိမ်းပစ်ဖို့ လိုတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပခဲ့သည့် နှစ် (၇၀)ပြည့် ကရင့်အာဇာနည်‌နေ့အခမ်းအနားကို ကျင်း ပချိန်‌ကျော်လွန်‌ကြောင်း ‌ကျောက်တံတားမြို့နယ် ရဲစခန်းမှ အခမ်းအနားသို့ လာ‌ရောက်ဟန့်တားပြီး ဦး‌ဆောင် ကျင်းပသူ ကရင်လူငယ် စသိန်း‌ဇော်မင်း၊ စကွာလာနှင့် ဝန်းရံခဲ့သူ ‌ဒေါ်စိန်‌ထွေးတို့ကို ဖမ်းဆီး‌ခေါ်‌ဆောင်သွား ပြီး ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ‌ဒေပုဒ်မ (၂၀)ဖြင့် အမှုဖွင့်ထားခြင်းဖြစ် သည်။

လက်ရှိတွင် စသိန်း‌ဇော်မင်းနှင့် စကွာလာတို့ကို ငြိမ်းစုစီ ပုဒ်မ ၂ဝ ပြည့် တရားစွဲထားပြီး ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွှတ်‌ပေးခဲ့သည်။ ဝန်းရံသူ ‌ဒေါ်စိန်‌ထွေးကိုမူ ပြီးခဲ့သည့် ၆၉ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအ နားကို လာ‌ရောက်ဝန်းရံခြင်း‌ကြောင့် ဖမ်းဆီးအ‌ရေးယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံ‌နေရ ဆဲဖြစ်သည်ဟု သိရသည်။

ကရင်အာဇာနည်‌နေ့ မတိုင်ခင် ကျင်းပခဲ့သည့် ရှစ်‌လေးလုံး အ‌ရေး‌တော်ပုံနှစ်ပတ်လည်‌နေ့ အခမ်းအနားများ အ ပြင် နိုင်ငံ‌တော် အာဇာနည်‌နေ့ အခမ်းအနားများကိုမူ ဟန့်တား‌နှောင့်ယှက်အ‌ရေးယူ ‌ဆောင်ရွက်ခြင်းမရှိဘဲ တိုင်းရင်းသားများ၏ ‌နေ့ထူး‌နေ့မြတ်အ‌ပေါ်ဟန့်တားခြင်းမှာ တန်းတူရည်တူ အခွင့်အ‌ရေးမရှိ‌ကြောင်း ပြသခြင်း ဖြစ်သလို ယုံကြည်မှု တည်‌ဆောက်‌ရေးတွင်လည်း များစွာထိခိုက်‌စေ‌ကြောင်း KPSN က ဆိုသည်။

အလားတူ နိုင်ငံတကာကရင်အဖွဲ့အစည်း-IKO ကလည်း မြန်မာအာဏာပိုင်များအ‌နေဖြင့် အမျိုးသားတန်းတူ ‌ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို လက်မခံ‌သော‌ကြောင့် ကရင်အာဇာနည်‌နေ့ ကျင်းပခြင်းကို ‌ကြောက်လန့် ‌နေ ခြင်းဖြစ်‌ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက် ‌ဖော်ပြ‌ပြောဆိုထားသည်။

ထို့အပြင် ခွဲခြားဆက်ဆံမှုများ‌ကြောင့် ‌မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် တက်‌ရောက်ခြင်းမရှိ‌သော မကြာခင် ကျင်းပ‌တော့မည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထအကြိမ်‌မြောက် အစည်းအ‌ဝေးသည်လည်းဘဲ အနှစ်သာရမရှိဘဲ ရုပ်ပြအ‌ပေါ်ယံမျှသာဖြစ်သည်ဟု IKO က သုံးသပ်‌ဝေဖန်ထားသည်။

ယခင်နှစ်တွင်လည်း ကရင်အာဇာနည်‌နေ့ ကျင်းပခြင်း‌ကြောင့် ဦး‌ဆောင်ကျင်းပသူ ကရင်အမျိုးသမီး အစည်း အရုံး(KWU)ဥက္ကဋ္ဌ ‌နော်အုန်းလှအပါအဝင် ကရင်လူငယ် ‌စောအဲလ်ဘတ်ချို နှင့် လက်ရှိ တရားစွဲ ဆိုခံရထားသူ စသိန်း‌ဇော်မင်းတို့ကို အာဏာပိုင်များမှ အလားတူ ဖမ်းဆီးတရားစွဲဆိုမှုပြုလုပ်ပြီး ‌ထောင်ဒဏ်(၁၅)ရက်စီ ချမှတ် ခဲ့ဖူးသည်။

အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူများနှင့် ဝန်ရံသူများကို အာဏာပိုင်များမှ ဖမ်းဆီးအ‌ရေးယူခဲ့ခြင်းအ‌ပေါ် အခြား‌သော ကရင်အရပ်ဖက်အဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများကလည်း ကန့်ကွက်‌ကြောင်းနှင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်း‌ပေးရန် အသီးသီး ‌ကြေညာချက်ထုတ်ကာ ‌တောင်းဆိုခဲ့ကြသည်။