Home သတင်း ကိုဗစ်ကြောင့် ယခုနှစ်ရိုးရာလက်ချည်ပွဲကို ပွဲတော်များဖြင့် မကျင်းပနိုင်တော့ကြောင်း မွန်ပြည်နယ် ကရင်စာယဉ်ပြော

ကိုဗစ်ကြောင့် ယခုနှစ်ရိုးရာလက်ချည်ပွဲကို ပွဲတော်များဖြင့် မကျင်းပနိုင်တော့ကြောင်း မွန်ပြည်နယ် ကရင်စာယဉ်ပြော

577

သြဂုတ် ၂၁ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နန်းဝေဖြိုးဇာ

Covid-19 ကပ်ရောဂါကာလကြောင့် လူအများစုဝေးခြင်းမရသေးသည့်အတွက် ယခုနှစ်ကရင်ရိုးရာ လက်ချည် ပွဲကို မွန်ပြည်နယ်တွင် ပွဲတော်နှင့်မကျင်းပတော့ဘဲ မိရိုးဖလာ အိမ်အတွင်းကျင်းပသည့်လက်ချည်ပွဲကိုသာဦး စားပေးကျင်းပတော့မည်ဖြစ်သည်ဟု မွန်ပြည်နယ် စာပေယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။

လက်ရှိအချိန်တွင် Covid ကာလ လူစုလူဝေး သတ်မှတ်ထားချက်ရှိနေသေးကာ ဝါခေါင်လ ကရင်လက်ချည်ပွဲ များကျင်းပသည့်ကာလဖြစ်သော်လည်း ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ပွဲကျင်းပပါက လူစုလူဝေး သတ်မှတ် ချက်များစွာရှိလာမှာဖြစ်သောကြောင့် မြို့နယ်အသီးသီးရှိ စာယဉ်များနှင့်ညှိနှိုင်းပြီး ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ဟု မွန်ပြည်နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး စောစန်းဝင်းက ကေအိုင်စီသို့ပြောသည်။

၎င်းက “အရင်နှစ်တွေကတော့ လက်ချည်ပွဲကိုမြို့နယ်အလိုက် ကျင်းပတာပေါ့နော်။ ရွာအလိုက်လည်း ကျင်းပ တာရှိတယ်။ အဓိက မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တို့ကို ပြောချင်တာပေါ့။ ပွဲနဲ့ကျင်းပရင်တော့ လူကန့် သတ်လို့မရဘူးလေ။ ဒီကာလမှာလူအများနဲ့လည်း စုလို့မကောင်းဘူးဆိုတော့ ဒီနှစ်က မိရိုးဖလာ အိမ်မှာပြု လုပ်တဲ့ လက်ချည်ပွဲကိုပဲ ဦးစားပေးလုပ်စေချင်တယ်။ အဲဒါလုပ်ဖို့လည်း လူထုတွေကို နှိုးဆော်တာတွေတော့ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လူစုလူဝေးသည့်ကိစ္စနှင့်ပတ်သက်၍ လူ ၃၀ ဦးအထိသာ စုဝေးခွင့်ရှိ သေးသည့်အတွက် မြို့နယ်အဆင့် လက်ချည်ပွဲများကျင်းပ၍ အဆင်မပြေသေးကြောင်း မွန်ပြည်နယ် ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်ကလည်း ပြောသည်။

“ကရင့်ရိုးရာလက်ချည်ပွဲက အိမ်မှာလက်ချည်လို့ရတယ်လေ။ ကိုယ့်မိသားစုအလိုက်ချည်တာလည်း ကျနော်တို့ ရိုးရာမပျက်ဘူး။ စာယဉ်သဘောတူညီချက်ကိုလည်း ယူထားပြီးသားဆိုတော့ မိသားစုလက်ချည်ပွဲကိုပဲ။ ဒီနှစ် က လုပ်ဆောင်ဖို့တိုက်တွန်းချင်တယ်။ မြို့နယ်အဆင့် ပွဲကျင်းပရင်တော့ အစိုးရညွန်ကြားချက်နဲ့တော့ ဘယ် လိုမှကိုက်ညီမှာ မဟုတ်ဘူး။ အဲဒါကြောင့် ပွဲတစ်ခုအနေနဲ့ ကျင်းပလိုက်တာတွေက ဒီနှစ်တော့နားလိုက်မှာဖြစ် တယ်”ဟု ကရင်ရေးရာဝန်ကြီးက ကေအိုင်စီသို့ပြောသည်။

ယခုအချိန်တွင် Covid -19 ရောဂါ ကူးစက်မှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် လူ ၁၅ ဦးအစား ၃၀ ဦး ထက်ပို၍ စုဝေးခြင်းမပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သြဂုတ်လ ၁၂ နေ့ ရက်စွဲဖြင့် ပြန်လည်ပြင်ဆင်ထုတ်ပြန်ထားသည်။