Home သတင်း KNU ဗဟို‌ကော်မတီဝင်‌ဟောင်း ပဒိုမန်းငြိမ်း‌မောင် KPP ပါတီကိုယ်စားလှယ်‌လောင်းအဖြစ် ‌ရွေး‌ကောက်ပွဲဝင်မည်

KNU ဗဟို‌ကော်မတီဝင်‌ဟောင်း ပဒိုမန်းငြိမ်း‌မောင် KPP ပါတီကိုယ်စားလှယ်‌လောင်းအဖြစ် ‌ရွေး‌ကောက်ပွဲဝင်မည်

2067

ဇူလိုင် ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို‌ကော်မတီဝင်‌ဟောင်း ပဒိုမန်းငြိမ်း‌မောင်အ‌နေဖြင့် လာမည့် ၂၀၂ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီတစ်ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ -KPP ၏ ကိုယ်စားလှယ်‌လောင်း အဖြစ် ဝင်‌ရောက်အ‌ရွေးချယ်ခံ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

တသီးပုဂ္ဂလကိုယ်စားလှယ်‌လောင်း သို့မဟုတ် ကရင်ပါတီတစ်ခုခု၏ ကိုယ်စားလှယ်‌လောင်းအဖြစ် ဝင်‌ရောက် အ‌ရွေးချယ်ခံမည်ဟု သတင်းများထွက်‌ပေါ်ခဲ့ပြီး‌နောက် ၎င်းအ‌နေဖြင့် ကရင်ပြည်သူ့ပါတီ -KPP တွင် ကိုယ်စား လှယ်‌လောင်းအဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း ယ‌နေ့ (ဇူလိုင်လ ၂၇ ရက်)တွင် ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းငြိမ်း‌မောင်က “KPP က‌နေ ဝင်ပြိုင်မယ်ဆိုတာ ဟုတ်ပါတယ်။ ဘာလို့ KPP က‌နေဝင်ရလဲဆို‌တော့ KPPက ဟိုး ၂၀၁၅ ကတည်းက ကျ‌နော်တို့ကို ကမ်းလှမ်းတယ်။ အထူးသဖြင့် ဖာထိ‌ရွှေ‌မောင်း(ဒူးပလာယာခရိုင် ဥက္ကဋ္ဌ) နဲ့ ကျ‌နော့် ကို‌ပေါ့။ အဲဒီကတည်းက ကျ‌နော်တို့ကို လာ‌ရောက်ပူး‌ပေါင်းပါဝင်‌ပေးဖို့ ပါတီဥက္ကဋ္ဌကိုယ်တိုင်ကလည်း အမြဲတမ်း‌ပြော တယ်။ အခုကျ‌နော် ‌တောထဲကထွက်ထွက်လာချင်းပဲ ကျ‌နော့်ကို ဖုန်းဆက်တယ်။ ကြိုဆိုတယ်။ ပါတီနဲ့ ပတ် သက်ပြီး‌ဆွေး ‌နွေးတယ်။ သူတို့ပါတီနဲ့လာပြီးပူး‌ပေါင်းပါဝင်ဖို့ ကမ်းလှမ်းတဲ့အတွက် ‌နောက်ဆုံး‌တော့ ပါတီကိုပဲ ကျ‌နော် ‌ရွေးချယ်လိုက် တာ ဖြစ်ပါတယ်။ ပြင်ဆင်တာ‌တော့ပြီးသ‌လောက်ရှိပါပြီ။ ‌ရွေး‌ကောက်ပွဲ‌ကော် မရှင်က‌ရော၊ မြို့နယ်၊ ခရိုင်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ကလည်း ကျ‌နော်တို့ ‌နွေး‌နွေး‌ထွေး‌ထွေးနဲ့ကြိုဆိုပါတယ်။ ဝိုင်းဝန်း‌စောင့်‌ရှောက်‌ဆောင်ရွက်‌ပေးပါတယ်” ဟု ‌ပြော သည်။

ထို့အပြင် ပြည်တွင်းနိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ကရင်နိုင်ငံ‌ရေးပါတီများ၏ အ‌ခြေအ‌နေများကို ယခင်က ‌သေချာစွာ မသိရှိရ‌သေး သည့်အတွက် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်ယှဉ်ပြိုင်ရန် စဉ်းစားမှုများရှိခဲ့‌သော်လည်း ကရင်ပါတီတစ်ခုခုနှင့်ပူး‌ပေါင်း ‌ဆောင်ရွက်မှသာ ပိုမိုထိ‌ရောက်ပြီး အကျိုးသက်‌ရောက်မှုရှိမည်ဟု ယူဆသည့်အတွက် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ် ‌ကြောင်း လည်း ပဒိုမန်းငြိမ်း‌မောင်က ဆက်‌ပြောသည်။

လက်ရှိ ကရင်နိုင်ငံပါတီများအ‌နေဖြင့် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ -KNDP၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ -PSDP နှင့် ရန်ကုန်၊ ဧရာဝတီတွင် ကရင်အမျိုးသားပါတီ -KNP၊ ကရင်ပြည်သူ့ပါတီ -KPP စသည့် ကရင်နိုင်ငံ‌ရေးပါတီ ၄ ခုရှိသည်။

ပဒိုမန်းငြိမ်း‌မောင်မှာ ၎င်းကရင်နိုင်ငံ‌ရေးပါတီများထဲမှ တစ်ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ -KPP ၏ ပန်းတ‌နော်မြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စား လှယ်‌နေရာတွင် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရပြီး KPP ပါတီအ‌နေဖြင့်လည်း အဆိုပါ သတင်းအ‌ပေါ်အတည်ပြု‌ပြောဆိုထားသည်။

ကရင်ပြည်သူ့ပါတီ -KPP ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ၁ နန့်ခင်‌အေးဦးက “အဲဒါက‌တော့ ဟုတ်ပါတယ်။ ပထမတုန်း က‌တော့ မကျိန်း‌သေ‌သေးလို့ မထုတ်ပြန်တာ‌ပေါ့‌နော်။ အခု‌တော့ သူ့အ‌နေနဲ့ KPP က‌နေဝင်မယ်ဆိုတာ ကျိန်း‌သေ သွားပါပြီ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KPP ပါတီမှ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပဒိုမန်းငြိမ်း‌မောင်အ‌နေဖြင့်လည်း ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးတွင် အဆင့်ဆင့်‌သော ‌တော်လှန်‌ရေးတာဝန်များကို ထမ်း‌ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်နက်ကိုင်‌တော်လှန်‌ရေးမှ လွှတ်‌တော် နိုင်ငံ‌ရေးဘက်သို့ ဦးတည်လုပ်‌ဆောင်နိုင်ရန်အတွက် ယခုဇူလိုင်လ ၂၁ မှ ၂၃ အထိ ကျင်းပသည့် ၇ ကြိမ်‌မြောက် KNU ဗဟိုအမြဲတမ်း‌ကော်မတီအ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် အဖွဲ့အစည်းမှ တရားဝင်နှုတ်ထွက်ထားသူလည်း ဖြစ်သည်။

ထို့အတူ ကရင်ပြည်သူ့ပါတီ -KPP အ‌နေဖြင့် လက်ရှိတွင် တိုင်း‌ဒေသကြီးနှင့်ပြည်နယ် ၆ ခုတွင် သင့်‌လျော်မည့် ကိုယ်စား လှယ်‌လောင်းများကို ‌ရွေးချယ်ကာ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ၅ ‌နေရာအပါအဝင် ကိုယ်စားလှယ်ဦး‌ရေ ၇ဝ ‌ကျော် ဝင် ‌ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရှိရ‌သော်လည်း ကိုယ်စားလှယ်‌လောင်းဦး‌ရေ အတိအကျကို ထုတ်ပြန်‌ပြောဆို ခြင်းမရှိ‌သေး‌ပေ။