Home COVID-19 Covid-19 လူနာအမှတ် ၃၄၆ နှင့် ထိ‌တွေ့ခဲ့သူ ၈ ဦးအား ဓာတ်ခွဲနမူနယူ ‌ပေးပို့ စစ်‌ဆေးထား

Covid-19 လူနာအမှတ် ၃၄၆ နှင့် ထိ‌တွေ့ခဲ့သူ ၈ ဦးအား ဓာတ်ခွဲနမူနယူ ‌ပေးပို့ စစ်‌ဆေးထား

1114

ဇူလိုင် ၂၇၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းပြန် Covid-19 လူနာ အမှတ် ၃၄၆ နှင့် ထိ‌တွေ့ခဲ့သူ ၈ ဦးကို သီးသန့် Quarantine ထားရှိကာ ၎င်းတို့ကို ဓာတ်ခွဲနမူနာယူ၍ ‌ပေးပို့စစ်‌ဆေးသွားမည်ဟု မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။
ကျန်းမာ‌ရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ထိုင်းပြန် Covid-19 အတည်ပြုလူနာ အမှတ် ၃၄၆ သည် မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်တွင်‌နေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်သည်။

၎င်းသည် ထိုင်းနိုင်ငံ၊ စမူပကန်မြို့၊ သံထည်ပစ္စည်းအလုပ်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့ရာမှ ဇူလိုင် ၁၇ ရက်၊ ‌နေ့လည် ပိုင်းတွင် မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ်-၂ တံတားမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်‌ရောက်လာခဲ့ပြီး ည‌နေပိုင်းတွင် BCF Zone မှတဆင့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ‌ရွှေမြဝတီ Quarantine Centre သို့ လွှဲ‌ပြောင်း‌ပေးပို့ကာ အသွားအလာကန့်သတ်ထားသူ တဦးဖြစ်သည်။

ထို့‌နောက် ဇူလိုင် ၂၃ ရက်‌နေ့တွင် သူမကို ဓာတ်ခွဲနမူနာ ရယူ၍ Covid-19 ရှိ၊ မရှိ စစ်‌ဆေးခဲ့ရာ Covid-19 အတည်ပြုလူနာ အမှတ် ၃၄၆ အဖြစ် ကျမ်းမာ‌ရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်‌နေ့ ညပိုင်းတွင် ထုတ်ပြန် ခဲ့သည်။
ထို့‌ကြောင့် လူနာကို ဖားအံပြည်သူ့‌ဆေးရုံကြီးသို့ ညတွင်းချင်းလွှဲ‌ပြောင်းပို့‌ဆောင်ခဲ့ပြီး ၎င်းနှင့် ထိ‌တွေ့ခဲ့သူ ၈ ဦးအား သီးသန့် Quarantine ထားရှိကာ ဓာတ်ခွဲနမူနယူ၍ ‌ပေးပို့စစ်‌ဆေးသွားမည်ဟု မြဝတီခရိုင်၊ အုပ်ချုပ် ‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ် အမှတ်-၂၊ တံတားမှတဆင့် ‌မေ ၂၃ ရက်‌နေ့မှစ၍ ဇူလိုင် ၂၄ ရက်ထိ ဒုတိယအကြိမ် ပြန်လည်ဝင်‌ရောက်လာသူ ‌နေရပ်ပြန်မြန်မာလုပ်သား ၅၂,၈၃၉ ဦးရှိပြီးဖြစ်သည်။ ၎င်းတို့အား ဆိုင်ရာ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအလိုက် ပြန်လည်ပို့ ‌ဆောင်‌ပေးမှုများ ရှိသလို ကရင်ပြည်နယ် အတွင်း ‌နေ ထိုင်သူ များကို မြဝတီမြို့ရှိ Quarantine Center (၈)ခုတွင် ၂၁ ရက်ကြာ ကျန်းမာ‌ရေး‌စောင့်ကြည့်ထား‌ကြောင်း သိရ သည်။