Home သတင်း ငြိမ်းချမ်း‌ရေးအနုပညာ စီမံချက် မိတ်ဆက်ပွဲ ပြုလုပ်

ငြိမ်းချမ်း‌ရေးအနုပညာ စီမံချက် မိတ်ဆက်ပွဲ ပြုလုပ်

1437

ဇူလိုင် ၂၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ပြည်နယ်အတွင်း ဖွံဖြိုး‌ရေးမဏ္ဍိုင်အဖွဲ့ (LRC)က လုပ်‌ဆောင်မည့် ငြိမ်းချမ်းခြင်းအနုပညာ(C4P) စီမံချက် မိတ် ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက်‌နေ့တွင် ဖားအံမြို့၊ သံလွင်ပါရာဒိုက်ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါ စီမံချက်သည် မြန်မာနိုင်ငံအတွင်း အတူယှဉ်တွဲ‌နေထိုင်ပြီး အလုံးစုံပါဝင်သည့် ငြိ်ိမ်းချမ်း‌သော လူ့အဖွဲ့ အစည်းတစ်ခု ဖြစ်‌ပေါ်လာ‌ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်ခြင်းဖြစ်သည်ဟု LRC ကရင်ပြည်နယ် ညှိနှိုင်း‌ရေး မှူး နန်းမြင့်‌အောင်က ‌ပြောသည်။

၎င်းက “မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ၊ လူငယ်၊ အမျိုးသမီး‌တွေ စု‌ပေါင်းပြီးလုပ်‌နေတဲ့ စီမံချက် တစ်ခုဖြစ်တယ်။ ဒီလိုလုပ်တဲ့အခါမှာ ‌ဒေသအာဏာပိုင် အဖွဲ့‌တွေလည်းပါတယ်။ အချင်းချင်း နားလည်မှု၊ ယုံကြည်မှု မြှင့်တက်လာ ပြီး ‌ပျော်ရွှင်တဲ့ လူမှုအသိုက်အဝန်းဖြစ်ဖို့ ရည်ရွယ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စီမံချက် မိတ်ဆက်ထုတ်ပြန်ခြင်း အခမ်းအနားကို LRC၊ ဥ‌ရောပသမဂ္ဂ (EU)၊ ငြိမ်းချမ်း‌မေတ္တာအဖွဲ့၊ HELVETAS တို့က ပူး‌ပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ ဘာသာ‌ရေးအ‌ခြေခံသည့် အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၂ဝ ‌ကျော်မှ ကိုယ်စားလှယ် ၃ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။