Home COVID-19 မြဝတီတဖက်ကမ်းရှိ ထိုင်း‌ရေ‌ပေါ်‌ဈေးပြန်ဖွင့်၊ အနီးရှိ မြန်မာ‌ဈေး ဆိုင်တန်းများ ဖွင့်ခွင့်မရ‌သေး

မြဝတီတဖက်ကမ်းရှိ ထိုင်း‌ရေ‌ပေါ်‌ဈေးပြန်ဖွင့်၊ အနီးရှိ မြန်မာ‌ဈေး ဆိုင်တန်းများ ဖွင့်ခွင့်မရ‌သေး

2930
Photo: Nay Naw

ဇူလိုင် ၃ဝ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်

ကမ္ဘာ့ကပ်‌ရောဂါ COVID-19 ‌ကြောင့် ၄ လ ‌ကျော်ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်း မြစ်တဖက်ကမ်း မဲ‌ဆောက်ဖက်ရှိ ထိုင်း‌ရေ‌ပေါ်‌ဈေးကို ယ‌နေ့ (ဇူလိုင်လ ၃ဝရက်) တွင် ပြန်ဖွင့်‌သော်လည်း ၎င်းနှင့်ကပ်လျက် ‌ရောင်းချ‌နေ‌သောမြန်မာ‌ဈေးဆိုင်ခန်းများမှာ ပိတ်ထားရဆဲဖြစ်‌ကြောင်း သိရသည်။

‌သောင်ရင်းမြစ်ကမ်းစပ်ရှိ မဲ‌ဆောက်-မြဝတီမြို့ကြားတွင် ဖွင့်ထားသည့် ‌ရေလယ်ကျွန်း‌ဈေးဟု‌ခေါ်‌သော အခွန် လွတ်‌ဈေးခန်းများကို ထိုင်းဘက်ခြမ်းမှ ပြန်လည်ဖွင့်လှစ်ခွင့်‌ပေး‌သော်လည်း မြန်မာဘက်ခြမ်းမှ ဖွင့်လှစ်ခွင့် မရ‌သေးခြင်း‌ကြောင့် ၎င်းအ‌ပေါ် မှီခို‌နေရသည့် မြန်မာ‌ဈေးသည်များမှာ စားဝတ်‌နေ‌ရေး အခက်ကြုံ‌နေရသည်ဟု ‌ဈေးသည်များက ‌ပြောသည်။

‌ရေလယ်ကျွန်း‌ဈေးသည် ကိုထူးနိုင်က“ဆိုင်ပိတ်ထားရတာ ကြာ‌တော့ စား‌သောက်‌ရေးလည်းအခက်အခဲ ဖြစ်တယ်။ ယခုလို ထိုင်းဘက်က ‌ဈေးဖွင့်‌တော့ ကျ‌နော်တို့လည်း ဆိုင်ဖွင့်ချင်ပါတယ်။ တစ်ချို့ဆိုင်ခန်း ‌တွေမှာဆိုရင် ဆိုင်ပိတ်ထားစဉ်ကာလမှာ ငါး‌ခြောက်‌တွေအများကြီး ‌ပျောက်ဆုံးမှု‌တွေရှိပါတယ်။” ဟု ‌ပြော သည်။

ထို့အပြင် ‌ဈေးဆိုင်ခန်းများအား ၄ လ‌ကျော်ပိတ်ခံထား‌သော ‌ရေလယ်ကျွန်း‌ဈေးဆိုင်များမှ ပစ္စည်း‌ပျောက် ခြင်း များနှင့်ရင်ဆိုင်‌နေရသည်သလို မြန်မာနိုင်ငံသား ‌ဈေးသည်များမှ ထိုင်းဘက်က ဖွင့်လှစ်သလို ၎င်းတို့လည်း ‌ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်‌ရောင်းချလို‌ကြောင်း ‌တောင်းဆိုခဲ့ကြသည်။

နယ်စပ်ခရီးသွားများအတွက် အခွန်ကင်းလွတ်‌ဈေးအဖြစ် ‌သောင်ရင်း‌ရေ‌ပေါ်‌ဈေးတွင် ဆိုင်ခန်း‌ပေါင်း ၉၈ ဆို်င် ရှိပြီး ငါး‌ခြောက်၊ ပုစွန်၊ ဂဏန်း၊ ဘီယာ၊ အရက်၊ အိမ်အလှပစ္စည်းများနှင့် အခြားလက်‌ဆောင်ပစ္စည်းများ ‌ရောင်းချ‌နေ‌သော ‌ဈေးဖြစ်သည်။