Home သတင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် KNDP မှ နန်း‌စေအွာတို့ မဲဆန္ဒနယ်တစ်ခုတည်း၌ ယှဉ်ပြိုင်မည်

ပြည်နယ်ဝန်ကြီးချုပ်နှင့် KNDP မှ နန်း‌စေအွာတို့ မဲဆန္ဒနယ်တစ်ခုတည်း၌ ယှဉ်ပြိုင်မည်

2477

ဇူလိုင် ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP က ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ၌် ပြည်နယ် ၆ မြို့နယ်တွင် ကိုယ်စားလှယ် ၂၉ ဦးဖြင့် ဝင်ပြိုင်သွားမည်ဖြစ်ကာ ယင်းတို့ထဲတွင် ပြည်နယ်လွှတ်‌တော်၊ ဖားအံ မဲဆန္ဒနယ် -၁ ၌ ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် နန်း‌စေအွာတို့ မဲဆန္ဒနယ်တစ်ခုတည်းတွင် ထိပ်တိုက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ပြည်နယ် အ‌ခြေစိုက် KNDP ၏ ‌ရွေး‌ကောက်ပွဲဝင်မည့် လွှတ်‌တော်ကိုယ်စားလှယ်များ စာရင်းကို ဇူလိုင် ၂၄ ရက် (ယ‌နေ့) မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး အာဏာရ NLD ပါတီ၏ ကရင်ပြည်နယ် အတွင်း‌ရွေး ‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်‌လောင်းများ စာရင်းကို ဇူလိုင် ၂၃ ရက်‌နေ့ မွန်းလွဲပိုင်းတွင် အသီးသီး ထုတ်ပြန် ‌ကြေငြာခဲ့ရာ ယခုလို ထိပ်တိုက်‌တွေ့ဆုံ‌နေခြင်း ဖြစ်သည်။

နန်း‌စေအွာသည် KNDP တွင် လက်ရှိ အမျိုးသမီး‌ရေးရာတာဝန်ခံအဖြစ် တာဝန်ယူထားပြီး သူမသည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၌ ဖားအံမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် အဖြစ် ‌ရွေး‌ကောက်ခံခဲ့ရပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်လွှတ်‌တော်၊ ဖားအံမဲဆန္ဒနယ် အမှတ်-၂ ၌ ဝင်ပြိုင်ခဲ့‌သော်လည်း ရှုံးနိမ့်ခဲ့ ပြီး‌နောက်တဖန် ယခုလိုထပ်မံ ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

၎င်းက “၂၀၁ဝ မှာ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် အ‌ရွေးခံရ‌တော့ ပြည်သူ‌တွေရဲ့ လိုလား ချက်‌တွေကို‌ပြောခွင့် ဆိုခွင့်ရခဲ့တယ် လုပ်ငန်းအားဖြင့် အ‌ကောင်အထည် မ‌ဖော်နိုင်ခဲ့ဘူး။ ကိုယ့်‌ဒေသ မှာလုပ်ပိုင်ခွင့်ရနိုင်ဖို့၊ ဗဟို ဦးစီးစနစ် ‌လျော့ချနိုင်ဖို ့အတွက် ကျမတို့ကြိုးစားရမယ်။ ဒီလိုကြိုးစားဖို့က ပြည်နယ်အစိုးရမှာ တာဝန်ရှိတယ်။ ဒါ‌ကြောင့် ပြည်နယ်မှာ ပြန်အ‌ရွေးခံခြင်း ဖြစ်တယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) မှ နန်းခင်‌ထွေးမြင့်အ‌နေဖြင့် ယခင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်လွှတ်‌တော်၊ ဖားအံမဲဆန္ဒနယ် အမှတ်(၁)တွင် ‌ရွေး‌ကောက်ခံခဲ့ရပြီး ပြည်နယ် ဝန်ကြီးချုပ် အဖြစ် လက်ရှိတာဝန်ထမ်း‌ဆောင်‌နေသူ ဖြစ်သည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်အတွင်း သံ‌တောင်ကြီးမြို့နယ် မဲဆန္ဒနယ် ‌မြေ အားလုံးနှင့် ပြည်နယ်လွှတ်‌တော်၊ ဖာပွန် အမှတ်-၁ မဲဆန္ဒနယ်နှင့် မွန်၊ ပအိုဝ့်‌ရေးရာ ‌နေရာများ တွင် ဝင်ပြိုင်မည် မဟုတ်ဘဲ ကျန် မဲဆန္ဒနယ် အားလုံးတွင် ဝင်ပြိုင်သွားမည် ဖြစ်သည်။

KNDP ထိပ်ပိုင်း‌ခေါင်း‌ဆောင်များထဲမှ ပါတီဥက္ကဌ မန်း‌အောင်ပြည်စိုးသည် ပြည်နယ်လွှတ်‌တော် လှိုင်းဘွဲ့-၂၊ ဒုဥက္ကဌ(၁) ‌စောမြတ်ထွဋ်ဝင်းသည် ပြည်နယ်လွှတ်‌တော် ဖားအံ အမှတ်-၂ တွင်လည်း ‌ကောင်း၊ တွဲဖက်အတွင်း‌ရေးတွဲဖက်အတွင်း‌ရေး မှူး(၂) ‌နော်သဇင်တုပ်မှ ပြည်နယ်လွှတ်‌တော် ဖာပွန်-၂ မဲဆန္ဒနယ် အသီးသီးတွင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီသည် ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီ ၄ ခု ပူး‌ပေါင်းကာ ၂၀၁၈ ခုနှစ်တွင် တစ်ပါတီတည်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပူး‌ပေါင်းပြီး‌နောက် ပထမဆုံးအကြိမ် ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ခြင်း ဖြစ်သည်။