Home သတင်း ‌နော်မု‌နော်အတွက် တရားမျှတမှုရရှိ‌ရေး အ‌မေရိကန်နှင့် မြန်မာသံရုံးထံ ထိုင်းကရင်အဖွဲ့ စာ‌ပေးပို့

‌နော်မု‌နော်အတွက် တရားမျှတမှုရရှိ‌ရေး အ‌မေရိကန်နှင့် မြန်မာသံရုံးထံ ထိုင်းကရင်အဖွဲ့ စာ‌ပေးပို့

3418
Photo: KTG

ဇူလိုင် ၂၃ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံရှိ ထိုင်းကရင်အဖွဲ့ (Karen Thai Group-KTG)မှ မူတ‌ရော်(ဖာပွန်)‌ဒေသခံ ‌နော်မု‌နော် ‌သေဆုံးရမှု တရား မျှတမှုရရှိ‌ရေးအတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အ‌မေရိကန်သံရုံးနှင့် မြန်မာသံရုံးတို့ထံကို ယ‌နေ့ (ဇူလိုင်လ ၂၃ရက်)တွင် ‌တောင်းဆိုစာသွား‌ရောက်‌ပေးပို့ခဲ့‌ကြောင်း KTG အဖွဲ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နော်မု‌နော် ‌သေဆုံးရမှုမှာ မတရားသဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအတွက်အ‌မေရိကန်နိုင်ငံအပါအဝင် နိုင်ငံ တကာနှင့် မြန်မာအစိုးရတို့မှ ‌နော်မု‌နော်‌သေဆုံးမှုအတွက် တရားမျှတမှုရရှိ‌ရေးကို ကူညီ‌ဆောင်ရွက်‌ပေးရန် အချက်များပါဝင်သည့် ‌တောင်းဆိုစာကို သွား‌ရောက်‌ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု KTG အဖွဲ့၏ ‌ပြောခွင့်ရ ‌စောလွဲ‌ဖောက ‌ပြောသည်။

၎င်းက “‌နော်မု‌နော် ‌သေဆုံးရမှုကို ကျ‌နော်တို့ လုံးဝလက်ခံလို့ မရပါဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့ အဓိက ‌တောင်း ဆိုဖြစ်တာက ကျ‌နော်တို့ ကရင်‌တွေ ‌နေတဲ့‌ဒေသမှာ စစ်တပ်စခန်း‌တွေ ရုပ်သိမ်း‌ပေးဖို့‌ပေါ့။ အဲ့စခန်း‌တွေ ရှိ‌နေ ရင် ပဋိပက္ခ‌တွေ၊ အ‌သေအ‌ပျောက်‌တွေက အမြဲရှိ‌နေမှာ။ ဒါ‌ကြောင့် ကျ‌နော်တို့ ကရင်‌ဒေသမှာ သူတို့ (စစ်တပ်)‌တွေ အမြန်ဆုံးထွက်ခွာ‌ပေးဖို့ပဲလိုတယ်။” ဟု ‌ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) ထိုးထားသည့်အ‌လျောက် အပစ်ရပ်ထိုးထားသည့် သ‌ဘောတူညီချက်များအတိုင်း ‌ဒေသခံများကို ‌နေထိုင်‌စေလို‌ကြောင်းနှင့် ‌နော်မု‌နော်‌သေ ဆုံးမှု တရားမျှတမှုရရှိ‌ရေးအတွက် ကရင်တစ်မျိုးသားလုံးအ‌နေဖြင့် အဘက်ဘက်မှ ဝိုင်းဝန်းပါဝင်သွားကြရန် လိုအပ်‌ကြောင်းလည်း ‌စောလွဲ‌ဖောက ဆက်‌ပြောသည်။

ယ‌နေ့ ‌တောင်းဆိုစာသွား‌ရောက်‌ပေးပို့မှုကို အ‌မေရိကန်သံရုံးမှ လက်ခံရယူခဲ့သလို သံရုံးအ‌နေဖြင့်လည်း ၎င်းကိစ္စအ‌ပေါ် အ‌မေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာကို အသိ‌ပေးသွားမည်ဖြစ်‌ကြောင်း ပြန်လည်‌ပြောဆိုခဲ့သည်ဟု KTG အဖွဲ့က ‌ပြောသည်။

အလားတူ က‌နေဒါနိုင်ငံ‌ရောက် ကရင်တိုင်းရင်းသားများကလည်း ‌နော်မု‌နော်‌သေဆုံးမှုအတွက် တပ်မ‌တော်၏ လုပ်ရပ် အ‌ပေါ်ရှုတ်ချ‌ကြောင်း သ‌ဘောထားထုတ်ပြန်ခဲ့ပြီး က‌နေဒါ နိုင်ငံအပါအဝင် နိုင်ငံတကာမှ စစ်တပ်၏ အ ကျိုးစီးပွားနှင့် ဆက်စပ်သည့် စီးပွား‌ရေးလုပ်ငန်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှုများကို ရပ်တန့်ပစ်ရန်အပြင် စီးပွား‌ရေးပိတ်ဆို့ အ‌ရေးယူ မှုများ ပြုလုပ်သွား‌ရေးကို ‌တောင်းဆိုခဲ့ကြသည်။

ထို့အပြင် ဂျပန်နိုင်ငံ‌ရောက် ကရင်တိုင်းရင်းသားများနှင့် အခြား‌သော တိုင်းရင်းသားများပါဝင်၍ ယ‌နေ့ ဂျပန်နိုင်ငံ (TOKYO) မြို့၌လည်း တပ်မ‌တော်မှတိုင်းရင်းသား‌ဒေသအတွင်း COVID-19 ကျန်းမာ‌ရေးစစ်‌ဆေးမှုများကို ‌နှောင့်ယှက်ဖျက်ဆီးမှုများ၊ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ထိခိုက်‌သေဆုံးမှုများနှင့် ‌နော်မု‌နော် ပစ်သတ်ခံရမှုအပြင် အခြား‌သော တိုင်းရင်း သား‌ဒေသများသို့ နယ်‌မြေကျူး‌ကျော် တိုက်ခိုက်မှုများ၊ NCA အပစ်ရပ်စာချုပ်သ‌ဘောတူညီချက်များ ချိုး‌ဖောက်မှုများကို ကန့်ကွက်ရှုတ်ချသည့် စီတန်းလှည့်လည် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

ထို့အတူ ယမန်‌နေ့က ဇူလိုင်လ ၂၂ရက်‌နေ့ကလည်း ‌နော်မု‌နော် ပစ်သတ်ခံရမှုဖြစ်စဉ်အပြင် ဖာပွန်‌ဒေသအတွင်း ဖြစ်ပွား ခဲ့သည့် KNU သစ်‌တောဝန်ထမ်း ပစ်သတ်ခံရမှု၊ ‌ဒေသခံ‌ခေါင်း‌ဆောင်တစ်ဦးပစ်သတ်ခံရမှုနှင့် လက်နက်ကြီးများ ကျ ‌ရောက်ထိမှန်ခံရသည့် ‌ဒေသခံများအတွက် တရားမျှတမှုရရှိ‌ရေးအတွက် မူတ‌ရော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ် ‌ဒေသခံ‌ကျေးရွာသား ၁,၅၀ဝ ‌ကျော်က တပ်မ‌တော်စခန်း ၄ ခု‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ခဲ့ကြ‌သေးသည်။

၎င်းဆန္ဒထုတ်‌ဖော်မှုတွင် စစ်တပ်စခန်းများ ၎င်း‌ဒေသများတွင် ဆက်ရှိ‌နေမည်ဆိုပါက ‌ဒေသခံများ၏ အသက် အိုးအိမ် လုံခြုံ‌ရေးအတွက် စိုးရိမ်ရသလို ‌ဒေသခံရွာသား သတ်ဖြတ်ခံရမှုများလည်း ထပ်မံဖြစ်ပွားလာနိုင်သည့်အတွက် ယင်း‌ဒေသမှ တပ်စခန်းများအား ဆုတ်ခွာသွားရန် ‌တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

၎င်းဖြစ်စဉ်အ‌ပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ကျူးလွန်သူများကို စုံစမ်းစစ်‌ဆေး၍ ထိ‌ရောက်စွာ အ‌ရေးယူ ‌ဆောင်ရွက်ရန် ကရင်အရပ်ဖက်အဖွဲ့အစည်းများက သ‌ဘောထားအသီးသီး ထုတ်ပြန်ခဲ့ကြသလို KNU တပ်မဟာ (၅)မှ လည်း ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-S)ထံသို့ တိုင်ကြား စာ‌ပေးပို့ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်‌နေ့က မူ‌တြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုးထာ‌ကျေးရွာ‌နေ အသက် (၄၀)နှစ်အရွယ် ‌နော်မု‌နော်ကို ခိုးသွီးထာ (လှဂွန်းပျို) ‌ကျေးရွာအ‌ခြေစိုက်စခန်း အမှတ်(၈) စစ်ဆင်‌ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) လက် ‌အောက်ခံ၊ ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၉)မှ ‌မောင်သန်းမိုးလွင်နှင့် ‌မောင်‌အေးမင်းသူဆိုသူ တပ်သားနှစ်ဦးမှ ‌သေနတ်ဖြစ် (၃)ချက်ပစ်ခတ်၍ လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့‌ကြောင်း KNU အပါအဝင် ‌ဒေသခံများက ‌ပြောဆိုခဲ့သည်။

သို့‌သော် တပ်မ‌တော်၏ ဇူလိုင်လ ၂၁ရက်‌နေ့ ထုတ်ပြန်ချက်တွင် တပ်သားသန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့သည် အရက် ‌သေစာမူးယစ်ပြီး အရက်ဆိုင်ရှင် အမျိုးသမီးဝတ်ဆင်ထားသည့် ‌ရွှေဆွဲကြိုးအား မ‌တော်မတရားရယူရန် ရည်ရွယ်ချက်ဖြင့် လုယူရာတွင် အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ တပ်မ‌တော်သားကိုင်‌ဆောင်ထား‌သော ‌သေနတ်မှာ ကျည်‌ပေါက် ထွက်ပြီး ဆိုင်ရှင်အမျိုးသမီးကို ထိမှန်‌သေဆုံးခဲ့ခြင်းဖြစ်‌ကြောင်း၊ ၎င်းတပ်သားများကို စစ်စည်းကမ်းဥပ‌ဒေအတိုင်း ထိ ‌ရောက်စွာ အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။