Home ကဗျာ “‌ခေါင်း‌ဆောင်‌ကောင်း” -(ကဗျာ)

“‌ခေါင်း‌ဆောင်‌ကောင်း” -(ကဗျာ)

3460

“‌ခေါင်း‌ဆောင်‌ကောင်း”

လူမှုနယ်ပယ် လုပ်ငန်းခွင်
ရှိကြ ‌ခေါင်း‌ဆောင်ပင်
ညှာတာ‌ထောက်စဉ် ပဲ့ကိုင်‌ပေး
လမ်းမှန်‌ရောက်‌စေ‌ရေး… ။

စာနာ‌ပေးလို့ နစ်နာခံ
‌ကောင်းကျိုးရ‌စေရန်
နည်းလမ်းမှန်မှန် မျှတရ
‌ခေါင်း‌ဆောင်း‌ကောင်း ‌ခေါ်ကြ… ။

နာယက‌ခေါ် ၆ ပါးဂုဏ်
ပြည့်စုံကြ‌စေကုန်
‌မျောက်မင်းဇာတ်ပုံ အထင်ရှား
လိုက်နာကြ‌စေသား… ။

ငယ်သားများရဲ့ အန္တရာယ်
‌တွေ့ကြုံလာချိန်ဝယ်
မားမားမတ်တယ် အ‌ရှေ့က
သက်‌ပေး လမ်းညွှန်ပြ… ။

မြင့်မြတ်လှတဲ့ စိတ်ထားရယ်
‌မွေးကြ နှလုံးဝယ်
အရာရာကွယ် စွန့်လွှတ်‌ပေး
နှိုင်းမဲ့ ရင်ဝယ်‌အေး… ။

‌တွေးဆချင့်ချိန် တို့တစ်‌တွေ
နည်းလမ်းရယူ‌ပေ
‌ခေါင်း‌ဆောင်‌ကောင်း‌တွေ ဖြစ်‌စေဖို့
တာဝန်ခံယူ လမ်းပြလို့
စွမ်းစွမ်းတမံ ဦး‌ဆောင်စို့ … … … ။

ဇင်မင်းစိုး (ဗိုလ်က‌လေး)